အဓိကအကြောင်းအရာသို့ သွားမည်
slogan

အကောင်းဆုံး အရာတွေဖန်တီးရန်အတွက် သတ္တိရှိသည်။ အံ့သြစရာများကို အဆက်မပြတ် တီထွင်ထုတ်လုပ်မည်။

၂၀၁၇ MWC ပွဲကို Vivo တက်ရောက်ပြီး ဦးဆောင် နည်းပညာများကို ပြသခဲ့

Myanmar, Aug. 24, 2017

 

discover

Vivo ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရှန်ဟိုင်း MWC ပွဲကြီးကို တက်ရောက်ခဲ့ပြီး စမတ်ဖုန်းထုတ်လုပ်ရေးလောကို ဦးဆောင်မှုပြုနိုင်တဲ့ နည်းပညာသစ်အချို့ကို မိတ်ဆက်ပြသခဲ့ပါတယ်။ Vivo က မိတ်ဆက်သွားတဲ့ နည်းပညာတွေထဲမှာ ကြိုတင်ပေါက်ကြားခဲ့တဲ့ Vivo Under Display fingerprint Scanning Solution အပြင် Digital Signal Processing (DSP) Photography Solution, Hi-Fi solution စတာတွေလည်း ပါဝင်ခဲ့ပါတယ်။ ရှန်ဟိုင်း အပြည်ပြည်ဆိုင်ရာ ပြပွဲခန်းမမှာ ၂၀၁၇၊ ဇွန်လ ၂၈ ရက်နေ့ကနေ၊ ဇူလိုင်လ ရက်နေ့အထိ ကျင်းပပြလုပ်သွားမယ့် ဒီပွဲတော်ကြီးအတွင်း လူသား၏ အခြေခံလိုအပ်ချက် လို့ အမည်တပ်ထားတဲ့ ရှန်ဟိုင်း ကမ္ဘာ့မိုလ်ဘိုင်းညီလာခံကြီးလည်း ပါဝင်မှာ ဖြစ်ပါတယ်။

 

Vivo ဖန်သားပြင်အောက် လက်ဗွေဖတ်ခြင်းအဖြေကို ထုတ်ပြန်ခြင်းကြောင့် အနာဂတ်ထုတ်ကုန်များတွင် မျက်နှာပြင်ပြည့် ဖန်သားပြင်ကို မျှော်လင့်လို့ရပြီဖြစ်ကြောင်းလည်း သိရပါတယ်။

 

Vivo ရဲ့ ဖန်သားပြင်အောက် လက်ဗွေဖတ်ခြင်းအဖြေကြောင့် နည်းပညာအချို့နဲ့ လုပ်ဆောင်ချက်တွေအားလုံးဟာ ဖန်သားပြင်ပေါ်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ သိပ်မကြာခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရလည်း Vivo ဖန်သားပြင်အောက် လက်ဗွေဖတ်ခြင်းဟာ မဝေးလှသော အချိန်အတွင်းမှာ ထုတ်လုပ်ဖွယ်ရှိနေပါတယ်။ အခုတစ်ကြိမ်ကတော့ စမတ်ဖုန်း ထုတ်လုပ်မှုအတွက် ပထမဆုံးအကြိမ် သရုပ်ပြခြင်းပဲ ဖြစ်ပါတယ်။

 

Vivo ရဲ့ သုတေသနနဲ့ တီထွင်ထုတ်လုပ်ခြင်း မူလအစီအစဉ်တွေထဲမှာတော့ လက်ဗွေစကင်ဖတ်ခြင်းဟာ ခလုပ်တွေကို မှီခိုမှုကနေ လွတ်ကင်းပြီး၊ ဒါမှမဟုတ် နယ်ပယ်တစ်ခုကနေ လွတ်ကင်းပြီး မလုပ်ဆောင်နိုင်ပါဘူး။ သတ္တုဘောင်ရဲ့နောက်မှာ၊ ဒါမှမဟုတ် ကန့်သတ်မှု တစ်ခုရဲ့အတွင်းမှာဖြစ်ဖြစ် အရေပြားအောက်ကို ပိုပြီးနူးညံ့သိမ်မွေ့စွာနဲ့ နားလည်လာမယ်လို့ပဲ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

Vivo ရဲ့ ဖန်သားပြင်အောက် လက်ဗွေဖတ်ဖွင့်လှစ်ခြင်း အဖြေဟာ Qualcomm ရဲ့ လက်ဗွေဖတ်ခြင်းဆင်ဆာပေါ် အခြေခံပြီး လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဆင်ဆာရဲ့ နှုန်းလွန်အသံလှိုင်းဟာ 1.2mm ထူထဲတဲ့ OLED ဖန်သားပြင်ကို ထိုးဖောက်နိုင်ပြီး အသုံးပြုသူရဲ့ လက်ဗွေကို အသိအမှတ်ပြုနိုင်ပါတယ်။ သမားရိုးကျ လက်ဗွေဖတ်စနစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အခုတွေ့ရှိမှုသစ်က ရေစိုခံခြင်းအပြင် အခြားပတ်ဝန်းကျင် အလင်းရောင်တွေကိုလည်း ဆန့်ကျင်နိုင်တာမျိုးကြောင့် အကျိုးကျေးဇူးတွေ တစ်ပုံတစ်ခေါင်း ရသွားမှာဖြစ်ပါတယ်။

 

Vivo ဖန်သားပြင်အောက်လက်ဗွေဖတ်စနစ်ဟာ လက်ဗွေဖတ်ဆင်ဆာအတွက် ရုပ်ပိုင်းဆိုင်ရာခလုပ် မလိုအပ်တော့ပါဘူး။ ဒါကြောင့် မျက်နှာပြင်မှာ ခလုပ်မပါဝင်တော့ဘဲ ဖန်သားပြင်အပြည့် စမတ်ဖုန်းတွေကို ထုတ်လုပ်နိုင်လာပါလိမ့်မယ်။ ဒါ့အပြင် တပြေးညီကိုယ်ထည်ပြုလုပ်ဖို့နဲ့ ရေစိုခံဒီဇိုင်းမျိုးလည်း လုပ်လာနိုင်ပါလိမ့်မယ်။ ဒါကြောင့် စမတ်ဖုန်းရဲ့ ပုံပန်းသွင်ပြင်နဲ့ ဒီဇိုင်းကို ဆန်းသစ်ပြောင်းလဲ နိုင်လာလိမ့်မယ်။ အာလ်ထရာဆိုးနစ် နည်းပညာကို အခြေခံပြီး အသုံးပြုသူတွေရဲ့ interaction ကိုလည်း ပိုပြီး တိုးတက်နားလည်လာစေပါတယ်။ လက်ဟန်ကို အသိအမှတ်ပြုခြင်းလိုမျိုးပါပဲ။ (လက်ဟန်ကို အသိအမှတ်ပြုခြင်းဟာ လက်ဗွေဖတ်ဆင်ဆာ ဧရိယာမှာ လက်ချောင်းတွေနဲ့ ဆွဲပြီး အသုံးပြုနိုင်ခြင်းကို နားလည်အောင် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။) ဘိုင်အိုအင်စထရူမန်တေးရှင်း (bioinstrumentation) (နှလုံးခုန်နှုန်းနဲ့ လက်ချောင်းတွေဆီ သွေးစီးဆင်းမှုကို စောင့်ကြည့်ခြင်း)က လုံခြုံရေးကို အတည်ပြုပေးပါတယ်။ အခြားနယ်ပယ်တွေမှာတော့ သုံးစွဲသူတွေရဲ့ အတွေ့အကြုံကို အကြီးအကျယ် တိုးမြင့်လာစေပါတယ်။

 

ဒါ့အပြင် Vivo ဟာ နောက်ခံအလင်းချိန်ညှိခြင်းနဲ့ ညမြင်ကွင်းမှာ ဓာတ်ပုံရိုက်ကူးခြင်းတွေအတွက် ပိုပြီး ကောင်းမွန်တဲ့ ဖြေရှင်းမှုတွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ အလင်းရောင်နည်းတဲ့အခြေအနေမှာ ရိုက်ယူထားတဲ့ ဓာတ်ပုံအရည်အသွေးတွေလည်း ပိုပြီး ကောင်းမွန်လာမှာဖြစ်ပါတယ်။ နောက်ထပ် ထုတ်ပြန်မှုကတော့ Hi-Fi အရည်အသွေးကို Head Phone နဲ့ နားထောင်ရာမှာ ပိုပြီး ကောင်းမွန်စေဖို့ အထူးပြုလုပ်ထားတဲ့ DAC decoder chip အကြောင်းကို မိတ်ဆက် တင်ပြခဲ့ခြင်းဖြစ်ပါတယ်။