အဓိကအကြောင်းအရာသို့ သွားမည်
slogan

အကောင်းဆုံး အရာတွေဖန်တီးရန်အတွက် သတ္တိရှိသည်။ အံ့သြစရာများကို အဆက်မပြတ် တီထွင်ထုတ်လုပ်မည်။

ဖီဖာကမ္ဘာ့ဖလား၊ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲတွေနဲ့အတူ ရင်ခုန်စီးမျောတော့မယ့် Vivo

Myanmar, Aug. 25, 2017

 

fifa

 

Vivo စမတ်ဖုန်းကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းတုန်းက ဖီဖာနဲ့သဘောတူညီမှု ရယူနိုင်ခဲ့ပြီးတဲ့နောက် ၂၀၁၈ နဲ့ ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက် တစ်ခုတည်းသော (သီးသန့်) စမတ်ဖုန်း စပွန်ဆာ ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေအတွက် အခုလိုမျိုး တရားဝင် စပွန်ဆာအဖြစ် ဆောင်ရွက်ခွင့်ရခဲ့တဲ့နောက် လက်ရှိကျင်းပနေတဲ့ ၂၀၁၇ ဖီဖာ ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲကိုလည်း ကူညီထောက်ပံ့ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ယှဉ်ပြိုင်နေတဲ့ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲတွေရဲ့ ကြော်ငြာ ထုတ်လွှင့်ပြသခွင့် ရှိတဲ့နေရာတွေမှာ Vivo ရဲ့ အမှတ်တံဆိပ်ကို တွေ့မြင်နေရပြီဖြစ်ပါတယ်။

 

Vivo စမတ်ဖုန်း ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်ကတည်းက အရှေ့တောင် အာရှမှာ ခိုင်မာတဲ့ ဈေးကွက်ကို တည်ဆောက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒေသတွင်း ဈေးကွက်အပြင် တခြားနိုင်ငံတကာဈေးကွက်ကိုလည်း ထိုးဖောက်ဖို့အတွက် Vivo ဟာ တရုတ်နဲ့ အမေရိကားတွေမှာ လေ့လာဆန်းစစ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စင်တာကြီး ၇ ခုကို တည်ဆောက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဖို့ အရှိန်အဟုန် မြှင့်တဲ့အနေနဲ့ အားကစားကို ဈေးကွက်ချဲ့ထွင်ရေး လက်နက်တစ်ခုအဖြစ် အသုံး ပြုလာခြင်းလည်း ဖြစ်ပါတယ်။

 

Vivo ဟာ လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက ဗြိတိန်အပါအ၀င် အခြား ဓနသဟာရ နိုင်ငံတွေမှာလည်း မြင့်မြင့်မားမား လွှမ်းမိုးနိုင်စွမ်းရှိထားတဲ့ အိန္ဒိယ ပရီးမီးယားလိဂ်ကို Tial Sponsor အဖြစ် ထောက်ပံ့ပေးခဲ့ ကြပါသေးတယ်။ ၂၀၁၆ မှာတော့ တရုတ်ဘတ်စကတ်ဘော အဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး အန်ဘီအေရဲ့ အကျော်ဇေယျ Stephen Curry ကို Vivo flagship Xplay6 ရဲ့ အမှတ်တံဆိပ် ကိုယ်စားပြု ပုဂ္ဂိုလ် (သံတမန်) အဖြစ် ခန့်အပ်ခဲ့တာကို တွေ့ရပါတယ်။

 

ဒါပေမယ့် အားကစားတွေထဲမှာ တစ်ကမ္ဘာလုံးက အမြင့်မားဆုံး စိတ်ဝင်စားကြတာဟာ ဘောလုံးအားကစား ဖြစ်တာကို Vivo ရဲ့ ဦးသျှောင်တွေက ကောင်းကောင်း သိမြင်ထားပါတယ်။ ဒါကြောင့် သူတို့ရဲ့ အမှတ်တံဆိပ်ကို ကမ္ဘာ့ အမြင့်ဆုံး အားကစားပြိုင်ပွဲဖြစ်တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးမှာ ပြသနိုင်ဖို့ အားထုတ်ခဲ့ကြပါတယ်။ Vivo ရဲ့ အားထုတ်မှုက တကယ်လည်း အထမြောက်အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၈ နဲ့ ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက် တစ်ခုတည်းသော (သီးသန့်) စမတ်ဖုန်း စပွန်ဆာ ဖြစ်လာခဲ့ပါတယ်။

 

ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာလည်း Vivo ဖုန်းကိုင်ဆောင်ထားသူတွေအနေနဲ့ ကစားသမားတွေ သွေးပူလေ့ကျင့်ခန်း လုပ်နေချိန်မှာ အတူတကွ ဓာတ်ပုံရိုက်ခွင့်ရမယ့် ဈေးကွက်ချဲ့ထွင်ရေး အစီအစဉ်မျိုးကိုလည်း ပြုလုပ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖီဖာ ကမ္ဘာ့ဖလားနဲ့အတူ ယှဉ်တွဲဓာတ်ပုံရိုက်ခွင့်တွေကိုလည်း ပြုလုပ်ခွင့်ရဖို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Vivo ရဲ့ ကူညီထောက်ပံ့ပေးမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီပြိုင်ပွဲ ကျင်းပနေချိန်၊ ကျင်းပတဲ့နေရာမှာ FIFA ၀န်ထမ်းတွေကလည်း Vivo Smart Phone တွေကိုပဲ သုံးစွဲကြမှာ ဖြစ်ပါတယ်။

 

Vivo ရဲ့ ဖီဖာနဲ့ ပူးပေါင်းမှု အစီအစဉ်တွေက လက်ရှိအချိန်မှာ ယှဉ်ပြိုင်နေတဲ့ ၂၀၁၇ ဖီဖာ ကွန်ဖက်ဒရေးရှင်း ပြိုင်ပွဲမှာလည်း စတင်နေတာကို တွေ့နိုင်ပါတယ်။ ဖီဖာ ကွန်ဖက်ဒရေးရှင်း ပြိုင်ပွဲဟာ ဟိုယခင်ကတော့ ကမ္ဘာ့ တိုက်ကြီးများ ပြိုင်ပွဲလို့ လူသိများခဲ့တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ကမ္ဘာ့ တိုက်ကြီး ၆ တိုက်ရဲ့ ဒေသတွင်း ပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းတွေ အားလုံး စုစည်းပြီး ချန်ပီယံ ဘယ်သူလဲဆိုတာကို ပြိုင်ဆိုင်ကြတာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ မူလအစကတော့ ၂ နှစ်တစ်ကြိမ် ကျင်းပခဲ့ကြတာဖြစ်ပေမယ့် ၂၀၀၅ ခုနှစ်ကစပြီး ၄ နှစ်မှ တစ်ကြိမ် ပြောင်းလဲကျင်းပခဲ့ကြပါတယ်။

 

လက်ရှိကျင်းပနေတဲ့ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲဟာ ပြိုင်ပွဲဝင် အသင်း ရှစ်သင်း ပါဝင်ပြီး အုပ်စု နှစ်စု ခွဲလို့ ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ အုပ်စု (က) မှာတော့ ရုရှား၊ ပေါ်တူဂီ၊ နယူးဇီလန်၊ မက္ကစီကို အသင်းတို့ ပါဝင်ပြီး အုပ်စု (ခ)မှာတော့ ဂျာမနီ၊ ချီလီ၊ ကင်မရွန်းနဲ့ သြစတေးလျ တို့ ပါဝင် ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ အုပ်စု (က) ရဲ့ အသင်းတွေထဲမှာ ရုရှကတော့ အိမ်ရှင်အသင်းဖြစ်တာကြောင့် အလိုအလျောက် ပြိုင်ပွဲဝင်ခွင့်ရခဲ့ပါတယ်။ နယူးဇီလန်ကတော့ 2016 OFC National Cup မှာ ဗိုလ်စွဲခဲ့တာကြောင့် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်ပါတယ်။ ပေါ်တူဂီကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ဥရောပတိုက်ရဲ့ ချန်ပီယံအဖြစ် ၀င်ရောက်ယှဉ်ပြိုင်တာပါ။ မက္ကဆီကိုကတော့ Conca cup ဖလားရခဲ့တာကြောင့် မြောက်အမေရိကတိုက် ချန်ပီယံဖြစ်ပါတယ်။

 

အုပ်စု (ခ)မှာပါဝင်တဲ့ ကင်မရွန်းကတော့ 2017 Africa Cup of Nations မှာ ဗိုလ်စွဲခဲ့ပြီး အာဖရိကတိုက် ချန်ပီယံအဖြစ် လာရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ချီလီကတော့ ကိုပါ အမေရိကားကို ၂ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့တဲ့ တောင်အမေရိကတိုက် ချန်ပီယံဖြစ်ပါတယ်။ သြစတေးလျကတော့ 2015 AFC Asian Cup မှာ ဗိုလ်စွဲခဲ့လို့ အာရှတိုက် ချန်ပီယံအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ရတာဖြစ်ပြီး ဂျာမနီကတော့ ကမ္ဘာ့ချန်ပီယံ (ကမ္ဘာ့ဖလားချန်ပီယံ) အဖြစ် ၀င်ရောက် ယှဉ်ပြိုင်တာလည်း ဖြစ်ပါတယ်။ ဒီကွန်ဖက်ဒရေးရှင်း ဖလား ပြိုင်ပွဲတွေကို ရုရှားနိုင်ငံရဲ့ စိန့် ပီတာစဘတ်၊ ကာဇန်၊ မော်စကို၊ ဆိုချီ စတဲ့ မြို့ကြီး ၄ မြို့မှာ လေးနေရာခွဲပြီး ကျင်းပ ယှဉ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။

 

လက်ရှိအချိန် ယှဉ်ပြိုင်မှု ရလဒ်တွေအရ အုပ်စုပွဲစဉ်တွေ မပြီးဆုံးသေးတာကြောင့် ဘယ်အသင်းက ချန်ပီယံဖြစ်မလဲလို့ ပြောဖို့ ခက်ခဲနေပေမယ့် ဂျာမနီ၊ ချီလီနဲ့ ပေါ်တူဂီအသင်းတို့ကတော့ ပရိသတ်တွေကြားထဲမှာ ရေပန်းစားတဲ့အသင်းတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီ ကွန်ဖက်ဒရေးရှင်း ပြိုင်ပွဲကြီးမှာ ဘယ်အသင်းက ဗိုလ်စွဲပြီး ချန်ပီယံ ဖြစ်မလဲ ဆိုတာကို Vivo နဲ့ အတူ ရင်ခုန်စွာစောင့်မျှော်အားပေးရင်း လာမယ့် 2018 ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးအပြင် ၂၀၂၁ ဖီဖာကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲ၊ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးတွေကိုလည်း Vivo နဲ့အတူ ဆက်လက်ပြီး အားပေးကြရဦးမှာ ဖြစ်ပါတယ်။