vivo

ပင္မ

>

လျှို့ဝှက်ရေးမူဝါဒ

vivo ကိုယ်ရေးလုံခြုံမှု မူဝါဒ

ဒီဇင်ဘာလ 15 ရက်၊ 2020

ကြိုဆိုပါ၏။ vivo Mobile Communication Co., Ltd. ("vivo၊" "ကျွန်ုပ်တို့" သို့မဟုတ် "ကျွန်ုပ်တို့၏") သည် သင်၏ ကိုယ်ရေး ဒေတာများကို အလေးထားသည့်အပြင် မဖြစ်မနေလိုက်နာရမည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပါသည်။ ဤ vivo ကိုယ်ရေးလုံခြုံမှု မူဝါဒ (ဤမှစ၍နောင်တွင် "ကိုယ်ရေးလုံခြုံမှု မူဝါဒ" ဟု ရည်ညွှန်းထားသည်) တွင် သင်က vivo.com၊ vivoglobal.com သို့မဟုတ် အခြားသော vivo ဝဘ်ဆိုက်များနှင့် အပြန်အလှန် တုံ့ပြန် ဆောင်ရွက်သည့်အခါ သို့မဟုတ် vivo ၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ အပလီကေးရှင်းများ၊ လုပ်ဆောင်ချက်များ သို့မဟုတ် အခြားသော ဒစ်ဂျစ်တယ် အကြောင်းအရာများ (ဥပမာ၊ vivoCloud၊ vivo ၏ သုံးစွဲသူ အတွေ့အကြုံ တိုးတက်ရေး အစီအစဉ်) သို့မဟုတ် ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို တင်ထားနိုင်သည့် အခြား တည်နေရာများ (စုစည်း၍ "ဝန်ဆောင်မှုများ" ဟု ရည်ညွှန်းသည်) ကို အသုံးပြုသည့်အခါ သို့မဟုတ် ထိုနေရာများသို့ သင် သွားရောက်သည့်အခါ သက်ဆိုင်ရာ ဒေတာကာကွယ်ရေး ပြဋ္ဌာန်းဥပဒေအရ ကျွန်ုပ်တို့က သင့်ကိုယ်ရေး ဒေတာကို မည်သို့ စီမံဆောင်ရွက်သည်ကို ဖော်ပြထားပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု ကျင့်သုံးမှုများကို သေချာဖတ်ပြီး မေးစရာများရှိပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ


1.စည်းမျဉ်းများနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ

ဒေတာထိန်းချုပ်သူ ဆိုသည်မှာ ဥပဒေဆိုင်ရာ အဖွဲ့အစည်း (တစ်ဖွဲ့တည်း သို့မဟုတ် အခြားသူများနှင့် ပေါင်းစည်းထားသော) ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ ဒေတာများကို စီမံဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်များကို ဆုံးဖြတ်သည်။ ဥပဒေအရ အခြားတစ်နည်းဖြင့် သတ်မှတ်ထားခြင်း မရှိပါက vivo သည် ဒေတာထိန်းချုပ်သူ ဖြစ်သည်။

ကိုယ်ရေးအချက်အလက်များ ဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိပြီးသော သို့မဟုတ် ခွဲခြားသိရှိနိုင်သော လူပုဂ္ဂိုလ် ("ဒေတာ အကြောင်းအရာ") နှင့်ဆိုင်သည့် မည်သည့်အချက်အလက်ကိုမဆို ဆိုလိုသည်။ ခွဲခြားသိရှိနိုင်သော လူပုဂ္ဂိုလ်ဆိုသည်မှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အထူးသဖြင့် အမည်၊ အထောက်အထားနံပါတ်၊ တည်နေရာ ဒေတာ၊ အွန်လိုင်းရှိ ခွဲခြားသတ်မှတ်စနစ်ကဲ့သို့သော အညွှန်းသတ်မှတ်ချက်ပါသည့် သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝကမ္မဗေဒဆိုင်ရာ၊ မျိုးရိုးဗီဇ၊ စိတ်၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ သို့မဟုတ် လူမှုဆိုင်ရာ အထောက်အထားကဲ့သို့သော တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် တိကျသော အချက်အလက်များဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်သူကို ဆိုလိုသည်၊ သင် (ဝန်ဆောင်မှု အသုံးပြုသူ သို့မဟုတ် ဝင်ရောက်ကြည့်ရှုသူ) သည် ဒေတာအကြောင်းအရာပင် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လွှဲပြောင်းခြင်း ဆိုသည်မှာ ကိုယ်ရေးအချက်အလက်များကို ပြည်ပနယ်ပိုင်နက်၊ ပြည်ပနိုင်ငံ၏ လူထုအာဏာပိုင်၊ ပြည်ပရှိ ပုဂ္ဂိုလ် သို့မဟုတ် ပြည်ပရှိ ဥပဒေဆိုင်ရာ အဖွဲ့အစည်းသို့ ပေးပို့ခြင်းကို ဆိုလိုသည်။

2.ကိုယ်ရေး ဒေတာများကို စီမံဆောင်ရွက်ရန် ဥပဒေ အကြောင်းရင်းများ

vivo သည် သင့်ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ရန်အတွက် အနည်းဆုံး အောက်ပါတရားဝင်နယ်ပယ်များအနက် တစ်ခုတွင် ပြုလုပ်သွားပါမည်။ ထိုအချက်များတွင် အောက်ပါတို့ပါဝင်သည်-

(a)သဘောတူညီချက်- သင့်ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ရန် သင်က ခွင့်ပြုချက် ပေးထားသည်။

(b)ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများ- သံသယဖြစ်ဖွယ် ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်၊ လက်မခံနိုင်လောက်အောင် ကြီးလေးသော အပြုအမူ၊ တရားစွဲဆိုမှုများ သို့မဟုတ် အစိုးရအဖွဲ့အစည်းများနှင့် စပ်လျဉ်းသော ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ရန် တည်ဆဲဥပဒေအရ လိုအပ်သည် သို့မဟုတ် ခွင့်ပြုထားသည်။

(c)တရားဝင် အကျိုးစီးပွားများ- ကျွန်ုပ်တို့၏ တရားဝင် အကျိုးစီးပွားဆိုင်ရာ ရည်ရွယ်ချက်များအတွက် သင့်ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ရန် လိုအပ်သည်။ သင့်ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ စီမံဆောင်ရွက်ခြင်းသည် အခြေအနေအတော်များများတွင် တရားဝင်ဖော်ပြထားသည့် ဘောင်အတွင်း၌ရှိပြီး အောက်ပါစီမံဆောင်ရွက်မှုများသည်လည်း ကန့်သတ်ထားခြင်းမရှိဘဲ အပါအဝင်ဖြစ်သည်-

· ကျွန်ုပ်တို့၏ ဖောက်သည်များကို ပိုမိုနားလည်လာစေရန်နှင့် ၎င်းတို့ကို ပိုမိုကောင်းမွန်ပြီး သက်ဆိုင်မှုရှိသည့် ဝန်ဆောင်မှုများ ပေးနိုင်ရန်၊

· ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ချောမွေ့စွာအလုပ်လုပ်နိုင်ရန်၊

· ကျွန်ုပ်တို့၏ စနစ်များ လုံခြုံမှုရှိစေရန်နှင့် ခွင့်ပြုချက်မရဘဲ အသုံးပြုခြင်း သို့မဟုတ် ဆိုက်ဘာတိုက်ခိုက်မှုများမှ ကာကွယ်ရန်၊

· ကျွန်ုပ်တို့၏ သို့မဟုတ် ကျွန်ုပ်တို့၏ ကုမ္ပဏီခွဲများ၊ လုပ်ငန်းမိတ်ဖက်များ သို့မဟုတ် သုံးစွဲသူများ၏အခွင့်အရေး၊ ပစ္စည်းနှင့် ဘေးကင်းမှုကို ကာကွယ်ပေးရန်

· ကိုယ်ရေး ဒေတာကို ပိုင်ရှင် မည်သူမည်ဝါ မဖော်နိုင်အောင် လုပ်ဆောင်ရန် (ဥပမာ၊ သုတေသနနှင့် ကိန်းဂဏန်း အချက်အလက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက်) နှင့်

· သင့်အကျိုးကိုထိခိုက်နစ်နာစေခြင်းမျိုးမရှိစေရဘဲ ကျွန်ုပ်တို့၏ အစုရှင်များ၏ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်စေရန်။


3.ကျွန်ုပ်တို့ စုစည်းရယူသည့် အချက်အလက်

(a)မှတ်ပုံတင်ခြင်းနှင့် အကောင့် အချက်အလက်များ- သင်မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြခြင်းမရှိဘဲ သို့မဟုတ် သင့်ကိုယ်ရေးအချက်အလက်များကို ဖော်ပြခြင်းမရှိဘဲ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအချို့ကို အသုံးပြုနိုင်ပါသည်။ ကျွန်ုပ်တို့နှင့် အကောင့်တစ်ခု (vivo အကောင့် သို့မဟုတ် vivo တွင်ရနိုင်သည့် အခြားအကောင့်) မှတ်ပုံတင်ရန် ရွေးချယ်ထားလျှင် အသုံးပြုသူအမည်နှင့် စကားဝှက် ပြုလုပ်ရပါမည်။ မှတ်ပုံတင်သည့်အခါ သင့်ကိုယ်ရေးအချက်အလက်များပေးရန် တောင်းဆိုသွားမည်ဖြစ်ပြီး ၎င်းကိုယ်ရေးအချက်အလက်များအား ကျွန်ုပ်တို့က သိရှိမည်ဖြစ်သည်။ အကောင့်တစ်ခု မှတ်ပုံတင်သည့်အခါ သို့မဟုတ် တစ်နည်းအားဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုသည့်အခါ သင်သည် အမည်၊ အသက်၊ လိင်အမျိုးအစား၊ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်နှင့် အခြား သက်ဆိုင်ရာ အချက်အလက်များကဲ့သို့ ကိုယ်ရေး ဒေတာများကို ပံ့ပိုးပေးရနိုင်ပါသည်။ သက်ဆိုင်ရာဥပဒေများအရ လိုအပ်လာလျှင်ဖြစ်စေ၊ ခွင့်ပြုပေးထားလျှင်ဖြစ်စေ အတည်ပြုနိုင်ရန်အတွက် အထောက်အထား အချက်အလက်များပေးရန်လည်း ကျွန်ုပ်တို့က တောင်းဆိုနိုင်ပါသည်။ သင့်အကောင့်မှတစ်ဆင့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများကို ဝယ်ယူရန် လိုအပ်သည့်အခါ ငွေပေးခေျမှုနှင့် ဆိုင်သည့် အချက်အလက်များ လိုအပ်နိုင်ပါသည်။ အာမခံ ကာလကို အကျုံးဝင်အောင် လုပ်ဆောင်ရန် သို့မဟုတ် သက်တမ်းတိုးရန် သို့မဟုတ် အခြား တန်ဖိုးမြှင့် ဝန်ဆောင်မှုများကို အသုံးပြုရန် လိုအပ်သည့်အခါ သင်သည် အီလက်ထရောနစ် အာမခံကတ်လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပြီး သင့်အမည်နှင့် ဆက်သွယ်ရန် အချက်အလက်များကို တောင်းခံလာလိမ့်မည်။

(b)သင့်တောင်းဆိုချက်များကို တုံ့ပြန်ရန် အချက်အလက်များ- (သင့်အခွင့်အရေးကို အသုံးချခြင်း၊ သုံးစွဲသူ ဝန်ဆောင်မှုကို အသုံးပြုခြင်း သို့မဟုတ် အခြားတစ်ခုခုနှင့် စပ်လျဉ်းသည့်) သင့်မေးခွန်းများနှင့် တောင်းဆိုချက်များကို ကျွန်ုပ်တို့ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန် သင့်အထောက်အထား အချက်အလက်၊ ဆက်သွယ်ရန် အချက်အလက်နှင့် သင် စုံစမ်းမေးမြန်းနေသည့် ဝန်ဆောင်မှုများအပါအဝင် သင့်ကိုယ်ရေး ဒေတာများကို သင်က ကျွန်ုပ်တို့ထံ ပေးကောင်း ပေးရပါမည်။ သင်က ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် ဆက်သွယ်သည့်အခါ ဆက်သွယ်ပြောဆိုမှုများကို ကျွန်ုပ်တို့၏ စနစ်များမှတစ်ဆင့် ပေးပို့ပါမည်။

(c)ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဝယ်ယူခြင်း အကြောင်း အချက်အလက်- ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို သင် ဝယ်ယူလျှင် ကျွန်ုပ်တို့သည် သင့်အမည်၊ လိပ်စာ၊ ဆက်သွယ်ရန် အချက်အလက်၊ ပစ္စည်းပြန်ပို့/လဲလှယ်မှု အချက်အလက်နှင့် ပစ္စည်းပို့ဆောင်မှု/ငွေပေးခေျမှု အချက်အလက်ကို လိုအပ်နိုင်ပါသည်။

(d)မိုဘိုင်း အချက်အလက်နှင့် စက်ဒေတာ အချက်အလက်- သင်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို မိုဘိုင်းစက်ပစ္စည်းမှတစ်ဆင့် အသုံးပြုပါက သင့်စက်၏ နိုင်ငံ သို့မဟုတ် ဒေသကုဒ်၊ IMEI (နိုင်ငံတကာ မိုဘိုင်းပစ္စည်းကိရိယာ အထောက်အထား)၊ eMMC ID (မြှုပ်ထည့်ထားသည့် မာလ်တီမီဒီယာကတ်)၊ GAID (Google ကြော်ငြာ ID)၊ GUID၊ UUID၊ UFS ID (ကမ္ဘာသုံး ဖလက်ရှ်သိုလှောင်မှု)၊ SIM နှင့် IMSI (နိုင်ငံတကာ မိုဘိုင်း စာရင်းသွင်းသူ အထောက်အထား) သို့မဟုတ် စက်ပစ္စည်း၏ အခြားသီးသန့် အမှတ်သင်္ကေတ၊ စက်ပစ္စည်း မော်ဂျူး၊ သင့်စက်ပစ္စည်း၏ လုပ်ဆောင်ချက်စနစ် ဗားရှင်း သို့မဟုတ် ယင်းနှင့် ပတ်သက်သော အခြားအချက်အလက်၊ CPU အချက်အလက်၊ သိုလှောင်ခန်း အခြေအနေ၊ မျက်နှာပြင် စီစဉ်သတ်မှတ်မှုနှင့် သတ်မှတ်ချက်ဘောင်၊ IP လိပ်စာ၊ MAC လိပ်စာ၊ မိုဘိုင်း ဆက်သွယ်ရေး ကယ်ရီယာ၊ စာပို့ကုဒ်၊ ဘာသာစကားနှင့် အခြားဆက်တင်များ၊ တည်နေရာ သို့မဟုတ် GPS/မြေမျက်နှာပြင် တည်နေရာ၊ အပလီကေးရှင်းများ၏ အချက်အလက်နှင့် သင်အသုံးပြုသည့် မိုဘိုင်းစက်ပစ္စည်းနှင့် ဆက်စပ်မှုရှိနိုင်သည့် အခြားအချက်အလက်များကဲ့သို့ ထပ်ဆောင်း အချက်အလက်များကို သင့်ထံမှ ကျွန်ုပ်တို့ စုစည်းရယူနိုင်ပါသည်။

(e)မှတ်တမ်း အချက်အလက်များ- ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသို့ သင်ဝင်ရောက်သည့်အခါ သို့မဟုတ် အသုံးပြုသည့်အခါ သင့်ကွန်ပျူတာ၊ မိုဘိုင်း သို့မဟုတ် အခြား ဝင်ရောက် သုံးစွဲသည့် စက်ပစ္စည်းက ပေးပို့သည့် အချက်အလက်များကို ကျွန်ုပ်တို့က စုစည်းရယူပါသည်၊ ယင်းအချက်အလက်များသည် ဝန်ဆောင်မှုများကို ဝင်ရောက်ကြည့်ရှုသူအရေအတွက်၊ ဝန်ဆောင်မှုများကို သင် သုံးစွဲသည့် အချိန်နှင့် ကြာချိန်၊ ဝန်ဆောင်မှုများမှတစ်ဆင့် သင် ရိုက်ထည့်လိုက်သော ရှာဖွေစုံစမ်းသည့် ဝေါဟာရများ၊ ဝန်ဆောင်မှုများကို သင် အသုံးပြုမှု သို့မဟုတ် ထိုသို့ အသုံးပြုရာတွင် ဖြစ်ပေါ်သည့် ချို့ယွင်းချက်ကို ရည်ညွှန်းနိုင်သည့် မှတ်တမ်းများနှင့် ဝန်ဆောင်မှုများနှင့် ဆက်စပ်သည့် အခြား သုံးစွဲမှု မှတ်တမ်းကဲ့သို့ ဝန်ဆောင်မှုများကို သင် အသုံးပြုချိန်နှင့် နည်းလမ်း ("သုံးစွဲမှု အချက်အလက်") ကို ညွှန်ပြပါသည်။ ဒေတာစုဆောင်းခြင်းအား ခွင့်ပြုကြောင်း အတည်ပြုသည့်အနေနှင့် ကျွန်ုပ်တို့သည် သင့်ခွင့်ပြုချက်မှတ်တမ်းကို ကိုယ်ရေးလုံခြုံမှုစည်းမျဉ်းများအတွက် 5 နှစ်အထိ သိမ်းဆည်းသွားပါမည်၊ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ခွင့်ပြုချက်မရှိဘဲ သင့်ကိုယ်ရေးကိုယ်တာ ဒေတာများ စုဆောင်းခြင်းမှ ရှောင်ကြဉ်နိုင်ပါမည်ရ စီမံဆောင်ရွက်ခြင်း အခြေအနေများကို မှတ်သားရန်နှင့် သက်ဆိုင်ရာ ပြဿနာများကို မှန်ကန်စွာ ဖြေရှင်းနိုင်ရန် သင်၏ မူပိုင်ခွင့် တိုင်ကြားချက်မှတ်တမ်းများကို 5 နှစ်အထိ သိမ်းဆည်းသွားပါမည်။

(f)အခြားအရင်းအမြစ်များမှ အချက်အလက်များ- ကျွန်ုပ်တို့ စုစည်းရယူသည့် အချက်အလက်များကို ဥပဒေနှင့်အညီ ကျွန်ုပ်တို့ ရယူထားသည့် ပြင်ပ မှတ်တမ်းများ (ဥပမာ၊ လူဦးရေဆိုင်ရာ အချက်အလက်၊ လမ်းညွှန် အချက်အလက်၊ ထပ်ဆောင်း ဆက်သွယ်ရန် အချက်အလက်) မှ အချက်အလက်များ၊ လူအများ ကြည့်ရှုနိုင်သည့် အချက်အလက်များကဲ့သို့ ရင်းမြစ်များနှင့် လူမှုမီဒီယာမှ အချက်အလက်များနှင့် ပေါင်းစပ်နိုင်ပါသည်။ vivo သည် ဤနည်းအားဖြင့် သင့်ကိုယ်ရေး ဒေတာများကို စီမံဆောင်ရွက်ရန် ဥပဒေအရ ခိုင်လုံသော အကြောင်းရင်းများ ရှိသောအခါမှသာ ထိုသို့လုပ်ဆောင်ပါမည်။

(g)အခြား အချက်အလက်များ- သင်သည် အချို့သော ဝန်ဆောင်မှုများကို အသုံးပြုပြီး ၎င်းဝန်ဆောင်မှုများတွင် သင့်အချက်အလက်များကို တိတိကျကျ အသုံးပြုရန် လိုအပ်သည့်အခါ ကျွန်ုပ်တို့သည် ထိုအချက်အလက်များကို သီးခြားစည်းမျဉ်းများ၊ သဘောတူညီချက်များ သို့မဟုတ် ကိုယ်ရေးလုံံခြုံမှု မူဝါဒတို့ကို အသုံးပြုမည်ဖြစ်ပြီး ယင်းအချက်အလက်များကို စုဆောင်း၊ စီမံဆောင်ရွက်၊ အသုံးပြု သို့မဟုတ် လွှဲပြောင်းရာတွင် ၎င်းတို့နှင့်အညီ ပြုလုပ်သွားမည်ဖြစ်ပြီး သင့်ခွင့်ပြုချက်ကိုလည်း လိုအပ်သလို တောင်းဆိုသွားပါမည်။

ကျွန်ုပ်တို့သည် အရေးကြီးသည့် ကိုယ်ရေးအချက်အလက်များကို တောင်းဆိ်ုခြင်းမရှိပါ။ ဆိုလိုသည်မှာ လူမျိုး သို့မဟုတ် မျိုးရိုးဗီဇ၊ နိုင်ငံရေးအမြင်၊ ဘာသာရေး သို့မဟုတ် ဒဿနိကဗေဒ ယုံကြည်မှုများ၊ ရာဇဝတ်မှု မှတ်တမ်းများ သို့မဟုတ် ကုန်သွယ်မှု သမဂ္ဂအဖွဲ့ဝင်၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မည်သူမည်ဝါဖြစ်ကြောင်း သီးသန့်ခွဲခြားဖော်ထုတ်ရန်အတွက် ဗီဇဒေတာနှင့် ဇီဝအချက်အလက် ဒေတာအပြင် ကျန်းမာရေးဆိုင်ရာ ဒေတာ သို့မဟုတ် လူပုဂ္ဂိုလ်၏ လိင်ဘဝ သို့မဟုတ် လိင်တိမ်းညွှတ်မှုတို့ကို ဖော်ထုတ်ပြသသည့် ကိုယ်ရေးအချက်အလက်များဖြစ်သည်။ အခြားသော အခြေအနေများတွင် ကျွန်ုပ်တို့အနေဖြင့် အရေးကြီးသော ကိုယ်ရေး ဒေတာများ (မျက်နှာသွင်ပြင် အင်္ဂါရပ်၊ လက်ဗွေ အင်္ဂါရပ်၊ အသံသွင်းဖိုင်၊ နှလုံးခုန်နှုန်း၊ ခြေလှမ်းအရေအတွက် စသည်ကဲ့သို့) ကို စုစည်းရယူရန် သို့မဟုတ် စီမံဆောင်ရွက်ရန် လိုအပ်ပါက သင့်သဘောတူညီချက်ရယူ၍ သို့မဟုတ် ဥပဒေအရ လိုအပ်လာမှသာ သို့မဟုတ် ခွင့်ပြုထားမှသာ ထိုသို့လုပ်ဆောင်ပါမည်။


4.ကိုယ်ရေး ဒေတာကို စီမံဆောင်ရွက်သည့် ရည်ရွယ်ချက်များ

vivo သည် အောက်ပါ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် သင့်ကိုယ်ရေး ဒေတာများကို စီမံဆောင်ရွက်ပါမည်-

(a)ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ လည်ပတ်လုပ်ဆောင်ရန်- ကျွန်ုပ်တို့သည် (i) ကွန်ုပ်တို့၏ ဝန်ဆောင်မှုများ၊ ထုတ်ကုန်များ၊ အကြောင်းအရာနှင့် ကြော်ငြာအားလုံးကို ပံ့ပိုးပေးရန်၊ ထိန်းသိမ်းရန်၊ ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်၊ ကာကွယ်ရန်နှင့် တီထွင်ဖန်တီးရန်၊ (ii) ကျွန်ုပ်တို့၏ ဆော့ဖ်ဝဲအပ်ဒိတ်များ၊ အပ်ဒိတ်လုပ်ထားသည့် မူဝါဒများ သို့မဟုတ် သင့်အတွက် အရေးပါနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည့် အခြားအချက်အလက်များနှင့် ပတ်သက်၍ သင့်ကို အသိပေးချက်များ ပေးပို့ရန်၊ (iii) ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များကို ပံ့ပိုးပေးနိုင်ရန်အတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များကို အသုံးပြုမှုဆိုင်ရာ ဒေတာနှင့် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး တိုးတက်အောင်လုပ်ဆောင်ရန်၊ (iv) သင့်စက်ပစ္စည်း၊ ဝန်ဆောင်မှုများ သို့မဟုတ် သင့်မေးခွန်းနှင့် တောင်းဆိုချက်မှန်သမျှနှင့်စပ်လျဉ်း၍ သင်နှင့် ဆက်သွယ်ပြောဆိုရန်၊ (v) ဆုမဲများ၊ ပြိုင်ပွဲများ သို့မဟုတ် အခြားအလားတူပွဲများကဲ့သို့သော စျေးကွက်မြှင့်တင်ရေး လုပ်ဆောင်ချက်များ စီစဉ်ကျင်းပရန်၊ (vi) ရောင်းချပြီးနောက် ဝန်ဆောင်မှုနှင့် သုံးစွဲသူ ကူညီပံ့ပိုးမှု လုပ်ဆောင်ချက်များ ပြုလုပ်ရန်၊ (vii) ဆော့ဖ်ဝဲကိုက်ညီမှုကို ဆုံးဖြတ်ရန်၊ စိတ်ကြိုက်ပြုလုပ်ထားသော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်အတွက် စုစည်းရယူထားသည့် ကိုယ်ရေး ဒေတာများကို စီမံဆောင်ရွက်ပါသည်။

(b)ကိုယ်ရေးကိုယ်တာနှင့် မဆိုင်သည့် အသုံးပြုမှု အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး စုပေါင်းခြင်း- ကျွန်ုပ်တို့သည် ဝန်ဆောင်မှုများကို ခွဲခြမ်းစိတ်ဖြာရန်အတွက်သာမက ဥပမာအားဖြင့် ပိုမိုကောင်းမွန်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ကျွန်ုပ်တို့၏ သုံးစွဲသူများထံ ပံ့ပိုးပေးရန်အတွက် စုပေါင်းထားသည့် အစီရင်ခံစာများကို ပြင်ဆင်ပေးရန် ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့် ပတ်သက်သည့် သုံးစွဲမှု အချက်အလက်များ၊ နည်းပညာ သုံးစွဲမှု ဒေတာများနှင့် ကိုယ်ရေးကိုယ်တာနှင့် မသက်ဆိုင်သည့် ဒေတာများကို စုပေါင်း၍ ပိုင်ရှင်မည်သူမည်ဝါ မဖော်နိုင်ရန် ပြုလုပ်ကာ အသုံးပြုပါသည်။

(c)ကျွန်ုပ်တို့၏ ထုတ်ကုန်များကို သင် မည်သို့အသုံးပြုသည်ကို နားလည်အောင် လုပ်ဆောင်ခြင်း- ကျွန်ုပ်တို့၏ ထုတ်ကုန်များ/ဝန်ဆောင်မှုများကို သင် မည်သို့ အသုံးပြုသည်ကို နားလည်သိရှိရန် လိုအပ်ပါက သင်၏ သီးခြားသဘောတူညီချက်ကို ရယူပြီးလျှင် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအပေါ် သင်၏ ထင်မြင်ချက်များကို တောင်းခံနိုင်ပါသည်။

(d)ဈေးကွက်ရှာဖွေခြင်း- သင်က အဆိုပါဆက်သွွယ်မှုများ ရယူရန် အထူးပါဝင်ထားသော သဘောတူညီချက်ကို ယခင်ကပေးအပ်ထားမှသာလျှင် ဈေးကွက်ရှာဖွေရေး၊ ကြော်ငြာ သို့မဟုတ် အရောင်းမြှင့်တင်ရေး ပစ္စည်းများကို သင့်ထံသို့ ပို့ပါမည်။ ယင်းဆက်သွယ်မှုများကို ရယူမှုမှ ရပ်ဆိုင်းရန် ခွင့်ပြုသည့်လင့်ခ်တစ်ခုကို ထိုအကြောင်းအရာတစ်ခုချင်းစီတွင် ထည့်သွင်းသွားပါမည်။

(e)ရောင်းချမှုနှင့် သုံးစွဲသူ ဝန်ဆောင်မှု- ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို မှာယူရန်၊ ပစ္စည်းပို့ဆောင်ရန်၊ ပြန်ပို့ရန်/လဲရန်၊ ငွေပြန်အမ်းပေးရန်၊ စိစစ်ရန်နှင့် ငွေတောင်းခံလွှာပို့ရန် ရည်ရွယ်ပြီး (သင့်ကိုယ်ရေး အချက်အလက်များအပါအဝင်) အချက်အလက်များကို အသုံးပြုနိုင်ပါသည်။

(f)အကောင့် စီမံခန့်ခွဲမှု- ကျွန်ုပ်တို့သည် သင့်အကောင့်ကို မှတ်ပုံတင်ရန်နှင့် ပိတ်ရန်၊ ကျွန်ုပ်တို့၏ မှတ်တမ်းများကို ထိန်းသိမ်းရန်နှင့် အပ်ဒိတ်လုပ်ရန်အပြင် ဝန်ဆောင်မှုနှင့် ဆက်စပ်နေသည့် အလားတူ လုပ်ဆောင်ချက်များအတွက် အချက်အလက်များ (သင့်ကိုယ်ရေးအချက်အလက်များ အပါအဝင်) ကို အသုံးပြုနိုင်ပါသည်။

ဤလုပ်ဆောင်ချက်များကို သင့်ကိုယ်ရေးအချက်အလက်မပါဘဲ ကျွန်ုပ်တို့မလုပ်ဆောင်နိုင်ပါ။ ဥပမာအားဖြင့် သင့်ထံဆက်သွယ်ခြင်းနှင့် သင့်မေးမြန်းချက်များ ဖြေကြားပေးခြင်းတို့ကို ပြုလုပ်နိုင်မည် မဟုတ်ပါ။


5.ကိုယ်ရေး ဒေတာကို စီမံဆောင်ရွက်သည့် ရည်ရွယ်ချက်များ

သင့်ကိုယ်ရေးအချက်အလက်များအပေါ် အောက်ပါလုပ်ဆောင်ချက်များ လုပ်ဆောင်ရန်အတွက် အလိုအလျောက်မဟုတ်သော စနစ်ကို အသုံးပြုပါမည်- ကိုယ်ရေးအချက်အလက်များကို စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ စနစ်တကျဖြစ်အောင် ပြုလုပ်ခြင်း၊ အဆင့်ဆင့်ပေါင်းသွားခြင်း၊ သိုလှောင်ခြင်း၊ ပြောင်းလဲခြင်း (အပ်ဒိတ်၊ မွမ်းမံခြင်း)၊ ပြန်လည်ရယူမှု၊ အသုံးပြုမှု၊ လွှဲပြောင်းခြင်း (ထောက်ပံ့ပေးခြင်း၊ အသုံးပြုခွင့်)၊ ပုဂ္ဂိုလ်ရေးသီးသန့် မပြုလုပ်ခြင်း၊ ပိတ်ဆို့ခြင်းနှင့် ဖျက်ခြင်း (ဖျက်ဆီးခြင်း)။ ပုံမှန်အားဖြင့် ကျွန်ုပ်တို့၏ ဒေတာစီမံဆောင်ရွက်ခြင်းတွင် "ပရိုဖိုင်ပြုလုပ်ခြင်း" ကဲ့သို့ အလိုအလျောက်စနစ်ကို အသုံးပြုမည်မဟုတ်ပါ။ အခြားအခြေအနေများတွင် ထိုကဲ့သို့ အလိုအလျောက်စီမံဆောင်ရွက်ခြင်း ပြုလုပ်ရန် လိုအပ်ပါက သင်၏သီးသန့်ခွင့်ပြုချက်ကို ရယူပြီးမှ ပြုလုပ်ပါမည်။

ကျွန်ုပ်တို့ဘက်ကလည်း မိမိတို့စီမံဆောင်ရွက်ရသည့် ကိုယ်ရေးအချက်အလက်သည် မှန်ကန်၊ ပြည့်စုံ၊ နောက်ဆုံးရ အချက်အလက်များဖြစ်ကြောင်း၊ သက်ဆိုင်မှုရှိကြောင်း၊ သင့်အကြောင်း ဒေတာများကို သင်ကကြည့်ရှုပြင်ဆင်ခွင့်ရှိကြောင်း သေချာစေရန် အကျိုးသင့်အကြောင်းသင့် အဆင့်ဆင့်ဖော်ဆောင်မှုများအပါအဝင် သင့်လျော်သော လုံခြုံရေးကြီးကြပ်မှုများကိုပါ လုပ်ဆောင်ရန် လိုအပ်ပါသည်။

6.ထိန်းသိမ်းမည့်ကာလ

ကျွန်ုပ်တို့သည် သင့်ကိုယ်ရေး ဒေတာများကို စုစည်းရယူသည့် ရည်ရွယ်ချက် ဖြစ်မြောက်စေရန် လိုအပ်သမျှကာလပတ်လုံး စီမံဆောင်ရွက်ပါသည်။ အောက်ပါစံနှုန်းများအပေါ် မူတည်၍ သင့်အကြောင်း ကိုယ်ရေး ဒေတာများကို ထိန်းသိမ်းမည့် ကာလကို ဆုံးဖြတ်ပါသည်-

(a)ဝန်ဆောင်မှုတစ်ခုကို သင့်အား ပံ့ပိုးပေးရန် ကိုယ်ရေး ဒေတာကို အသုံးပြုသည့်ကာလ၊

(b)သင်၏ တောင်းဆိုချက် သို့မဟုတ် သင်နှင့် ချုပ်ဆိုထားသည့် စာချုပ်ထဲရှိ တာဝန်ဝတ္တရားများ၊

(c)စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သို့မဟုတ် ဥပဒေဆိုင်ရာ တာဝန်ဝတ္တရား။

သင့်ကိုယ်ရေး ဒေတာကို ထိန်းသိမ်းထားရန် မလိုတော့ပါက သို့မဟုတ် သင်က သင့်အကောင့်ကို ပယ်ဖျက်လိုက်ပါက သို့မဟုတ် သင့်သဘောတူညီချက်ကို ရုပ်သိမ်းလိုက်ပါက ကျွန်ုပ်တို့သည် အခြားဥပဒေဆိုင်ရာ အကြောင်းရင်းများအရ (ဥပမာ၊ အများပြည်သူ အကျိုးစီးပွားအတွက် သိမ်းဆည်းရန် ရည်ရွယ်ချက်များ သို့မဟုတ် သိပ္ပံပညာရပ်ပိုင်းဆိုင်ရာ သို့မဟုတ် မှတ်တမ်းသုတေသန ရည်ရွယ်ချက်များအတွက်) သင့်ကိုယ်ရေး ဒေတာများကို ဆက်လက်စီမံဆောင်ရွက်ပိုင်ခွင့် မရှိလျှင် (သို့မဟုတ် ထိုသို့လုပ်ဆောင်ရန် တာဝန်မရှိလျှင်) ကျွန်ုပ်တို့ ထိန်းသိမ်းထားသည့် သင့်အကြောင်း သက်ဆိုင်ရာ ကိုယ်ရေး ဒေတာများကို ကျွန်ုပ်တို့၏ စနစ်များမှ ဖျက်ပစ်ပါမည်။ သင့်ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းထားရန် ကာလ၏ အဆုံးသို့ရောက်ရှိသည့်အခါ ၎င်းကို အပြီးအပိုင်ဖျက်သွားမည်ဖြစ်သော်လည်း အချို့သော သင့်ကိုယ်ရေးအချက်အလက်များသည် ကျွန်ုပ်တို့၏ စနစ်တွင် ရှိနေဦးမည် ဖြစ်သည်။ ဥပမာ ၎င်းကို အစားထိုးရန် စောင့်ဆိုင်းနေခြင်း။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များအတွက် ထိုကဲ့သို့သော ဒေတာများကို အသုံးပြုမှုအား ကျော်လွန်သည့်အခြေအနေတစ်ခုတွင် ထားရှိထားသည်။ ဆိုလိုသည်မှာ ၎င်းသည် အီလက်ထရောနစ် အခြေအနေတွင် ရှိနေသေးသော်လည်း ကျွန်ုပ်တို့၏ ဝန်ထမ်းများသည် ၎င်းကို ကြည့်ရှုခွင့် သို့မဟုတ် ထပ်မံအသုံးပြုခွင့် ရှိမည် မဟုတ်ပါ။


7.vivo က သင့်ကိုယ်ရေး ဒေတာများကို မျှဝေပုံ

ကိုယ်ရေးအချက်အလက်များကို အောက်ပါတို့နှင့် မျှဝေနိုင်သည်-

(a)vivo နှင့် ပေါင်းစည်းထားသည့် အဖွဲ့အစည်းများ။ သင့်အကြောင်း စုဆောင်းထားသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို vivo အုပ်စုဝင်ကုမ္ပဏီများ၊ ၎င်းတို့နှင့် ကျွန်ုပ်တို့၏ တွဲဖက်က်အဖွဲ့အစည်းများအပြင် လက်အောက်ခံကုမ္ပဏီများနှင့် မျှဝေသွားပါမည်။ vivo ၏ တွဲဖက်အဖွဲ့အစည်းများသည် ကိုယ်ရေးအချက်အလက်များကို ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားသည်အတိုင်း စီမံဆောင်ရွက်နိုင်ပါသည်။

(b)ခွင့်ပြုချက်ရ ပါတနာများ။ သင့်ကိုယ်ရေး ဒေတာများကို အောက်ပါတို့ အပါအဝင် ခွင့်ပြုချက်ရ vivo မိတ်ဖက်များထံ ထုတ်ဖော်ပြောဆိုနိုင်ပါသည်- လုပ်ငန်းလည်ပတ်သူများ၊ ဖြန့်ချိသူများနှင့် အရောင်းမိတ်ဖက်များ၊ ကြော်ငြာ ကုမ္ပဏီများ၊ သုတေသန ကုမ္ပဏီများ၊ ပြင်ပအဖွဲ့အစည်း ဒေတာ ဝန်ဆောင်မှု ပံ့ပိုးရေးကုမ္ပဏီများ (ဆိုလိုသည်မှာ- ကျွန်ုပ်တို့၏ ဒေတာစီမံဆောင်ရွက်သူများ)၊ ကုန်ပစ္စည်း ပံ့ပိုးပေးသူများ၊ ပစ္စည်းထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီများ၊ အွန်လိုင်း ဝန်ဆောင်မှု ပံ့ပိုးပေးသူများ၊ ကိုယ်စားလှယ် အေဂျင်စီများ၊ အီလက်ထရောနစ် စီးပွားရေး ပလက်ဖောင်းများ၊ ပြင်ပအဖွဲ့အစည်း အပလီကေးရှင်း ဝန်ဆောင်မှုများ၊ ကျွမ်းကျင်ပညာရှင် အကြံပေးသူများ (ဥပမာ၊ ရှေ့နေများ၊ စာရင်းကိုင်များနှင့် စာရင်းစစ်များ)၊ အာမခံကုမ္ပဏီများနှင့် စုံစမ်းစစ်ဆေးရေး အရာရှိများ။ သက်ဆိုင်ရာဝန်ဆောင်မှု၏ ကိုယ်ရေးလုံခြုံမှု စည်းမျဉ်းများတွင် ဆက်နွယ်နေသော ပြင်ပအဖွဲ့များ၏ မှတ်ပုံတင်အချက်အလက်များနှင့် ဒေတာပြန်လှန်တုံ့ပြန်မှု အသေးစိတ်တို့ကို ဖော်ပြပေးပါမည်။ ကျွန်ုပ်တို့အနေဖြင့် ခွင့်ပြုချက်ရ မိတ်ဖက်များကိုလည်း သက်ဆိုင်ရာ ဒေတာ ကာကွယ်ရေး ဥပဒေပြုပြဋ္ဌာန်းချက်ကို လိုက်နာရန်နှင့် သင့်အချက်အလက်များကို လိုအပ်သလို သင့်တင့်လျောက်ပတ်စွာ ကာကွယ်မှုများ ပြုလုပ်ရန် သတ်မှတ်ထားသည်။ vivo သည် ခွင့်ပြုချက်ရ ပြင်ပအဖွဲ့အစည်း တစ်ခုခုက ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားသည့် ရည်ရွယ်ချက်အတွက်မှလွဲ၍ အခြားရည်ရွယ်ချက်များအတွက် သင့်ကိုယ်ရေး ဒေတာများကို အသုံးပြုခြင်းအား မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ပါ။

(c)တရားဝင်နှင့် ဥပဒေအရ တိုက်တွန်းချက်။ ကျွန်ုပ်တို့အနေဖြင့် ဒေသတွင်း တရားရေးရာ သို့မဟုတ် အစိုးရအာဏာပိုင်များ၊ အေဂျင်စီများက တောင်းဆိုလာပါက သို့မဟုတ် သက်ဆိုင်ရာ ဥပဒေများအရ ပြဋ္ဌာန်းထားသည့်အတိုင်း သင့်ကိုယ်ရေး ဒေတာများကို ထုတ်ဖော်ပြောဆိုရန် လိုအပ်နိုင်ပါသည်။

(d)ထိန်းချုပ်ခွင့် ပြောင်းလဲခြင်း – ပိုင်ရှင်အသစ်များ။ အမှန်တကယ်ဖြစ်သော သို့မဟုတ် ဖြစ်လာနိုင်သော လုပ်ငန်းပေါင်းစည်းမှု၊ လုပ်ငန်းပြန်လည်ဖွဲ့စည်းမှု သို့မဟုတ် ဒေဝါလီခံမှု တစ်ခုခု ဖြစ်လာပါက vivo သည် သင့်ထံမှ နောက်ထပ် သဘောတူညီချက် မရယူဘဲ သင့်ကိုယ်ရေး ဒေတာများကို သက်ဆိုင်ရာ ပြင်ပအဖွဲ့အစည်းများထံလည်း ပံ့ပိုးပေးနိုင်ပါသည်။

သင့်ကိုယ်ရေးအချက်အလက်များကို vivo ၏ တွဲဖက်အဖွဲ့အစည်းများ၊ ခွင့်ပြုချက်ရ ပါတနာများနှင့် ပိုင်ရှင်အသစ်များထံ မျှဝေရာတွင် ကျွန်ုပ်တို့က ပေးထားသည့် ကိုယ်ရေးအချက်အလက်များကို ၎င်းတို့က လုံခြုံစွာ သိမ်းဆည်းရန် လိုအပ်ပြီး ထိုအဖွဲ့အစည်းများ အားလုံးသည် ကျွန်ုပ်တို့အားလုံးအပေါ် စည်းနှောင်မှုရှိသော ပဋိညာဉ်အရ ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ထားရပါမည်။

8.သင့်အခွင့်အရေး

ဒေတာပိုင်ရှင်ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဒေတာ ကာကွယ်ရေး ဥပဒေနှင့်အညီ သင်၏ ကိုယ်ရေး ဒေတာများနှင့် ပတ်သက်ပြီး သင့်တွင် အခြား အခွင့်အရေးများ ရှိပါသည်။ သင့်အနေဖြင့် ဤကိုယ်ရေးလုံခြုံမှု မူဝါဒ၏ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အပိုင်းတွင် ဖော်ပြထားသည့်အတိုင်း privacy@vivo.comသို့ သင့်တောင်းဆိုချက်ကို ပေးပို့၍ သင့်ကိုယ်ရေး ဒေတာများကို ဝင်ရောက် သုံးစွဲကာ ပြင်ဆင်ရန်၊ ပိတ်ဆို့ရန် သို့မဟုတ် ဖျက်ပစ်ရန် တောင်းဆိုနိုင်ပါသည်။ သင်ပေးထားသော အချက်အလက်များ၏ စစ်မှန်မှု/ မှန်ကန်မှုအတွက် ကျွန်ုပ်တို့သည် မည်သည့်အချိန်တွင်မျှ တာဝန်ယူမည်/ ဥပဒေအရ တာဝန်ရှိမည် မဟုတ်ပါ။ သင်ဖော်ပြသည့် ပြဿနာများကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရန် သင်၏ ဆက်သွယ်မှုမှတ်တမ်းကို ကျွန်ုပ်တို့က သိမ်းဆည်းထားပါမည်။

သင့်ကိုယ်ရေးအချက်အလက်များနှင့် ပတ်သက်၍ အောက်ပါအခွင့်အရေးများ ရှိပါသည်-

A.ကန့်ကွက်ပိုင်ခွင့်

ဤအခွင့်အရေးကိုသုံး၍ အောက်ပါအကြောင်းရင်းတစ်ခုအတွက် သင့်ကိုယ်ရေး ဒေတာများကို ကျွန်ုပ်တို့က စီမံဆောင်ရွက်ခြင်းအား ကန့်ကွက်နိုင်ပါသည်-

· ကျွန်ုပ်တို့၏ တရားဝင် အကျိုးစီးပွားများအတွက် ထိုသို့လုပ်ဆောင်ခြင်းဖြစ်သောကြောင့်၊

· အများပြည်သူ အကျိုးစီးပွားအတွက် သို့မဟုတ် တရားဝင် လုပ်ပိုင်ခွင့်ကို အသုံးချ၍ ကျွန်ုပ်တို့က လုပ်ဆောင်ချက်တစ်ခုကို ဆောင်ရွက်ရန်၊

· သင့်ထံ တိုက်ရိုက် ဈေးကွက်ရှာဖွေရေး အကြောင်းအရာများ ပေးပို့ရန် သို့မဟုတ်

· သိပ္ပံပညာရပ်ဆိုင်ရာ၊ မှတ်တမ်းဆိုင်ရာ၊ သုတေသနဆိုင်ရာ သို့မဟုတ် ကိန်းဂဏန်းအချက်အလက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက်။


B.သဘောတူညီချက် ရုပ်သိမ်းခွင့်

အချို့သော လုပ်ဆောင်ချက်များ (ဥပမာ၊ စျေးကွက်ရှာဖွေရေးအတွက်) အတွက် သင့်ကိုယ်ရေး ဒေတာများကို စီမံဆောင်ရွက်ရန် သင့်သဘောတူညီချက်ကို ကျွန်ုပ်တို့ ရယူထားပါက သင့်စက်တွင် ဆက်တင်များသို့ သွား၍ဖြစ်စေ၊ ကျွန်ုပ်တို့ကို ဆက်သွယ်၍ဖြစ်စေ အဆိုပါ သဘောတူညီချက်ကို အချိန်မရွေး ရုပ်သိမ်းနိုင်ပြီး ကျွန်ုပ်တို့အနေဖြင့် ထိုရည်ရွယ်ချက်အတွက် သင့်ကိုယ်ရေး ဒေတာများကို ဆက်လက်စီမံဆောင်ရွက်ခြင်းမှာ ကျိုးကြောင်းသင့်လျော်ကြောင်း ပြသရန် အခြားဥပဒေ အကြောင်းရင်းတစ်ခု ရှိသည်ဟု ယူဆလျှင် ဤကိစ္စနှင့် ပတ်သက်၍ သင့်ကို အသိပေးမည်ဖြစ်ပြီး ထိုသို့မရှိလျှင် ထိုကိစ္စအတွက် သင့်ကိုယ်ရေး ဒေတာများ အသုံးပြုခြင်းကို ရပ်လိုက်ပါမည်။

သင့်ကိုယ်ရေးအချက်အလက်များကို စီမံဆောင်ရွက်ရန် ခွင့်ပြုချက်အား အချိန်မရွေး ပြန်လည်ရုပ်သိမ်းခွင့်ရှိပြီး အနာဂတ်တွင် သက်ရောက်မှုရှိပါမည်။ ယင်းသို့လုပ်ဆောင်ရန် privacy@vivo.com သို့ သင်၏ ရုပ်သိမ်းရန် တောင်းဆိုချက်ကို ပေးပို့ပါ။ သင့်ပြန်လည်ရုပ်သိမ်းမှုကို လက်ခံရရှိပြီးနောက် သင့်တင့်လျောက်ပတ်သော အချိန်ကာလတစ်ခုအတွင်း သင့်ကိုယ်ရေးအချက်အလက်များကို ဖျက်သွားပါမည်။ ထိုသို့သော ကိစ္စရပ်တွင် အခြားသောဥပဒေဆိုင်ရာ အခြေအနေများ၌ သင့်ကိုယ်ရေးအချက်အလက်များကို ဆက်လက် စီမံဆောင်ရွက်ရန် ခွင့်ပြုချက်ရှိလျှင် (သို့မဟုတ် တာဝန်ရှိလျှင်) သင့်ကိုယ်ရေးအချက်အလက်များအား စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပြုပါ။

C.ဒေတာပိုင်ရှင်၏ ဝင်ရောက် သုံးစွဲခွင့် တောင်းဆိုချက်များ

ကျွန်ုပ်တို့ ထိန်းသိမ်းထားသည့် အချက်အလက်၏ မိတ္တူကို အချိန်မရွေးတောင်းဆိုနိုင်ပြီး ထိုကဲ့သို့သော အချက်အလက်များကို မွမ်းမံရန်၊ အပ်ဒိတ်လုပ်ရန် သို့မဟုတ် ဖျက်ရန် တောင်းဆိုနိုင်ပါသည်။ ထို့အပြင် သင့်တွင် အောက်ပါအချက်အလက်များသို့လည်း ဝင်ကြည့်ခွင့် ရှိပါသည်-

· သင့်ကိုယ်ရေး ဒေတာများကို စီမံဆောင်ရွက်သည့် ရည်ရွယ်ချက်၊

· သက်ဆိုင်ရာ ကိုယ်ရေး ဒေတာများ၏ အမျိုးအစားများ၊

· ကိုယ်ရေး ဒေတာများကို လက်ခံသူများ သို့မဟုတ် လက်ခံသူ အမျိုးအစားများ၊

· ကိုယ်ရေး ဒေတာများကို သိမ်းဆည်းထားရန် ရည်ရွယ်ထားသည့် ကာလ သို့မဟုတ် ထိုကာလကို ဆုံးဖြတ်ရန် အသုံးပြုသည့် စံနှုန်း၊

· ကိုယ်ရေး ဒေတာများကို ပြင်ဆင်ရန် သို့မဟုတ် ဖျက်ပစ်ပေးရန် သို့မဟုတ် သင်နှင့် ပတ်သက်သော ကိုယ်ရေး ဒေတာများကို စီမံဆောင်ရွက်ခြင်းအား ကန့်သတ်ရန် သို့မဟုတ် ထိုကဲ့သို့ စီမံဆောင်ရွက်ခြင်းကို ကန့်ကွက်ရန် ကျွန်ုပ်တို့အား တောင်းဆိုပိုင်ခွင့်ရှိကြောင်း၊

· ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့အစည်းတစ်ခုထံ တိုင်ကြားချက် တင်သွင်းခွင့်၊

· ကိုယ်ရေး ဒေတာများကို သင့်ထံမှ စုစည်းရယူထားခြင်း မဟုတ်ပါက ၎င်းတို့၏ ရင်းမြစ်နှင့် ပတ်သက်၍ ရနိုင်သော အချက်အလက်မှန်သမျှ၊

· ဒေတာ ခွဲခြမ်းစိတ်ဖြာ မှတ်သားခြင်း အပါအဝင် အလိုအလျောက် ဆုံးဖြတ်ချက်ချသည့် စနစ်ရှိကြောင်း၊

· ကိုယ်ရေး ဒေတာများကို ပြင်ပနိုင်ငံ သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုသို့ လွှဲပြောင်းပေးပါက ထိုလွှဲပြောင်းမှုနှင့် စပ်လျဉ်း၍ သင့်လျော်သော ကာကွယ်ပေးမှုများ။


သင့်အကြောင်းထိန်းသိမ်းထားသည့် အချက်အလက်များကို သင့်အား သုံးခွင့်ပြုရာတွင် ဥပဒေအရ ခွင့်ပြုထားခြင်းမရှိပါက ငွေကောက်ခံသွားမည် မဟုတ်ပါ။ ကျွန်ုပ်တို့ထံမှနေ၍ နောက်ထပ်မိတ္တူများ ထပ်မံတောင်းဆိုလာပါက သင့်လျော်သော စီမံခန့်ခွဲမှုဆိုင်ရာ ကုန်ကျစရိတ်ကို ကောက်ခံသွားပါမည်။ ကျွန်ုပ်တို့အား ဥပဒေအရ ခွင့်ပြုထားသည့် နေရာတွင် သင့်တောင်းဆိုချက်ကို ငြင်းပယ်နိုင်ပါသည်။ သင့်တောင်းဆိုချက်ကို ငြင်းပယ်ရာတွင် အဘယ့်ကြောင့် ငြင်းဆိုရသည်ကို အမြဲပြောသွားပါမည်။

D.ဖျက်ပိုင်ခွင့်

အချို့သောအခြေအနေများတွင် သင်၏ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ "ဖျက်ပေးရန်" သင်က တောင်းဆိုခွင့်ရှိပါသည်။ ပုံမှန်အားဖြင့် အောက်ပါအခြေအနေများတွင် တောင်းဆိုခွင့်ရှိသည်-

· သင့်ကိုယ်ရေး ဒေတာများကို ကျွန်ုပ်တို့က စီမံဆောင်ရွက်ရန် မလိုတော့ပါက၊

· သင့်ကိုယ်ရေး ဒေတာများကို အသုံးပြုရန် ကျွန်ုပ်တို့အား ပေးထားသည့် သဘောတူညီချက်ကို ရုပ်သိမ်းခဲ့ပြီး ကျွန်ုပ်တို့က သင့်ကိုယ်ရေး ဒေတာများကို ဆက်လက်အသုံးပြုရန် အခြားတရားဝင် အကြောင်းရင်း မရှိတော့ပါက၊

· ကိုယ်ရေး ဒေတာကို ဥပဒေနှင့်မညီစွာ စီမံဆောင်ရွက်ထားပါက၊

· ဥပဒေအရ ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများကို လိုက်နာရန်အတွက် ကိုယ်ရေး ဒေတာများကို ဖျက်ပစ်ရန်လိုအပ်ပါက၊ သို့မဟုတ်

· သင်က စီမံဆောင်ရွက်ခြင်းကို ကန့်ကွက်ထားပြီး ကျွန်ုပ်တို့အနေဖြင့် ဆက်လက်စီမံဆောင်ရွက်ရန်အတွက် သင်၏ကန့်ကွက်ချက်ကို ပယ်ဖျက်နိုင်သည့် တရားဝင် အကြောင်းရင်းများကို ပြသနိုင်ခြင်း မရှိပါက။


ကန့်သတ်ထားသော အခြေအနေများတွင်သာ ဖျက်ပေးရန်သင့်တောင်းဆိုချက်ကို လိုက်နာရန် ငြင်းပယ်မည်ဖြစ်ပြီး အဘယ့်ကြောင့် ငြင်းဆိုရသည်ကို အမြဲပြောသွားပါမည်။ ကိုယ်ရေးအချက်အလက်များ ဖျက်ပေးရန်အတွက် ဆီလျော်သောတောင်းဆိုချက်ကို လိုက်နာသည့်အခါ သက်ဆိုင်ရာ ကိုယ်ရေးအချက်အလက်များအား ဖျက်ပစ်ရန် သင့်လျော်သော လုပ်ဆောင်ဖွယ်အဆင့်မှန်သမျှကို လုပ်ဆောင်ပါမည်။

E.စီမံဆောင်ရွက်ခြင်းကို ကန့်သတ်ပိုင်ခွင့်

အချို့သောအခြေအနေများတွင် သင်၏ကိုယ်ရေးအချက်အလက်များအား စီမံဆောင်ရွက်ခြင်းကို ကန့်သတ်လုပ်ဆောင်ရန် သင့်တွင် တောင်းဆိုခွင့်ရှိပါသည်၊ ဥပမာ သင့်အကြောင်း ကျွန်ုပ်တို့ ထိန်းသိမ်းထားသော ကိုယ်ရေးအချက်အလက်များ၏ မှန်ကန်မှုက အငြင်းပွားဖွယ်ရာဖြစ်နေပါက သို့မဟုတ် ကျွန်ုပ်တို့၏ တရားဝင် အကျိုးစီးပွားအတွက် သင့်ကိုယ်ရေးအချက်အလက်များ စီမံဆောင်ရွက်ခြင်းကို ကန့်ကွက်ပါက။ ပြင်ပကုမ္ပဏီများနှင့် သင့်ကိုယ်ရေးအချက်အလက်များကို မျှဝေထားပြီး ၎င်းက မဖြစ်နိုင်ပါက သို့မဟုတ် အချိုးအစားမမျှတသော ကြိုးပမ်းအားထုတ်မှုများ ပါဝင်ပါက ကန့်သတ်ထားသော စီမံဆောင်ရွက်ခြင်းအကြောင်း ၎င်းတို့ကို အကြောင်းကြားပါမည်။ ထို့နည်းတူ သင့်ကိုယ်ရေးအချက်အလက်များ စီမံဆောင်ရွက်ခြင်းအပေါ် မည်သည့်ကန့်သတ်ချက်မဆိုအား မဖယ်ရှားမီ သင့်ကိုလည်း အကြောင်းကြားပါမည်။

F.ပြင်ဆင်ပြောင်းလဲခွင့်

ကျွန်ုပ်တို့သိမ်းဆည်းထားသည့် မမှန်ကန်သော သို့မဟုတ် ပြည့်စုံမှုမရှိသော ကိုယ်ရေးအချက်အလက်များကို ပြင်ဆင်ရန်အတွက် တောင်းဆိုခွင့်ရှိသည်။ ပြင်ပကုမ္ပဏီများနှင့် သင့်ကိုယ်ရေးအချက်အလက်များကို မျှဝေထားပြီး ၎င်းက မဖြစ်နိုင်ပါက သို့မဟုတ် အချိုးအစားမမျှတသော ကြိုးပမ်းအားထုတ်မှုများ ပါဝင်ပါက ပြင်ဆင်ချက်အကြောင်း ၎င်းတို့ကို အကြောင်းကြားပါမည်။ မမှန်ကန်သော သို့မဟုတ် ပြည့်စုံမှုမရှိသော ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ထားသည့် ပြင်ပကုမ္ပဏီများ၏ အသေးစိတ်ကိုလည်း တောင်းဆိုနိုင်ပါသည်။ သင့်တောင်းဆိုချက်ကို မလိုက်နာရန် သင့်လျော်ကြောင်း ကျွန်ုပ်တို့ယူဆသည့်နေရာတွင် ဤဆုံးဖြတ်ချက်အတွက် ကျွန်ုပ်တို့၏ အကြောင်းရင်းကို ရှင်းပြသွားပါမည်။

G.ဒေတာ လွှဲပြောင်းပိုင်ခွင့်

ဝန်ဆောင်မှုပေးသူများအကြား အောက်ပါအခြေအနေတို့တွင် သင့်ကိုယ်ရေးအချက်အလက်များ လွှဲပြောင်းခွင့် သင့်တွင်ရှိပါသည်- 1) ကိုယ်ရေးအချက်အလက်များကို အလိုအလျောက်နည်းလမ်းများဖြင့် စီမံဆောင်ရွက်ထားသည်၊ 2) ကိုယ်ရေးအချက်အလက်များကို ဒေတာအကြောင်းအရာများအဖြစ် ကျွန်ုပ်တို့ထံ ပေးအပ်ထားသည် 3) စီမံဆောင်ရွက်မှု၏ အခြေခံမှာ ခွင့်ပြုချက်ဖြစ်သည် သို့မဟုတ် စာချုပ်စာတမ်းတစ်ခု ပြီးမြောက်စေရန် သို့မဟုတ် စာချုပ်စာတမ်းတစ်ခုအတွက် ပြင်ဆင်သည့်အဆင့်များ ပြီးမြောက်စေရန် ဒေတာများကို စီမံဆောင်ရွက်ခြင်းဖြစ်သည်။ အကျိုးဆက်အနေနှင့် အခြားပြင်ပကုမ္ပဏီထံသို့ ကျွန်ုပ်တို့ထိန်းသိမ်းထားသည့် သင့်နှင့်ပတ်သက်သော အသေးစိတ်များကို သင်ကလွှဲပြောင်းပေးနိုင်သည်ဟု အဓိပ္ပာယ်ရပါသည်။ ထိုသို့ပြုလုပ်ခွင့်ရရှိရန်အတွက် သင်၏ကိုယ်ရေးအချက်အလက်များကို အသုံးများသော စက်များဖတ်ရှုနိုင်သည့် ဖော်မက်ဖြင့် ပေးအပ်မည်ဖြစ်ရာ ကိုယ်ရေးအချက်အလက်များကို သင်က လွှဲပြောင်းနိုင်ပါမည်။ နောက်တစ်နည်းအနေဖြင့် သင့်အတွက် ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က တိုက်ရိုက်လွှဲပြောင်းပေးနိုင်ပါသည်။

H.တိုင်ကြားခွင့်

သင့်တွင် သက်ဆိုင်ရာ ကြီးကြပ်လုပ်ပိုင်ခွင့်ရသူထံ စောဒကတက်ခွင့် ရှိပါသည်။

သင်၏အခွင့်အရေးများ အသုံးချခြင်းနှင့်သက်ဆိုင်သည့် အချက်အလက်များကို ကျွန်ုပ်တို့ ရယူမည်၊ ထိန်းသိမ်းထားမည်ဖြစ်ကြောင်း သတိပြုပါ၊ ဥပမာ ဤနေရာတွင်ပါဝင်သည့် အချို့သော ကိုယ်ရေးလုံခြုံမှု စည်းမျဉ်းများသို့ သင်၏ခွင့်ပြုချက်နှင့် ခွင့်ပြုချက်ကိုရုပ်သိမ်းမှု၊ ဤကိုယ်ရေးလုံခြုံမှု မူဝါဒအရ သင့်ထံမှ ကျွန်ုပ်တို့စုဆောင်းသော ဒေတာများကို ဖျက်ရန်သင်၏တောင်းဆိုချက်။

9.ကွတ်ကီးများ

သင်က အချို့သော အပလီကေးရှင်းများ သို့မဟုတ် လုပ်ဆောင်ချက်များကို အသုံးပြုသည့်အခါ ကျွန်ုပ်တို့သည် ခြေရာခံ နည်းပညာများ (ဥပမာအားဖြင့် သင့်စက်များမှ သီးသန့် စက် အမှတ်သင်္ကေတများ၊ ညွှန်းဆိုမှု URL နှင့် တည်နေရာ အပါအဝင်) ကို အသုံးပြုနိုင်ပါသည်။ သင် အွန်လိုင်း သုံးစွဲရာတွင် ပိုမိုအဆင်ပြေစေရန်နှင့် သင့်အတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို စိတ်ကြိုက်ပြုလုပ်ပေးရန် ကျွန်ုပ်တို့က နည်းပညာအချို့ကို အသုံးပြုပုံနှင့် ပတ်သက်သည့် အချက်အလက်များကို ကျွန်ုပ်တို့၏ သီးခြား ကွတ်ကီးများ မူဝါဒတွင် ကိုးကားဖတ်ရှုပါ။

10.ပြင်ပကုမ္ပဏီ၏ လင့်ခ်များ

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများတွင် အခြားသော ပြင်ပကုမ္ပဏီ ဝဘ်ဆိုက်များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများသို့ လင့်ခ်များ ပါဝင်နိုင်သည် သို့မဟုတ် ပြင်ပကုမ္ပဏီများမှ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအား အသုံးပြုမှု သို့မဟုတ် ကမ်းလှမ်းမှုများ ပါဝင်နိုင်သည်။ ပြင်ပကုမ္ပဏီများက စုဆောင်းသည့် အချက်အလက်များကို ၎င်းတို့၏ ကိုယ်ရေးလုံခြုံမှု အလေ့အထများက ထိန်းချုပ်ပါသည်။ ထိုပြင်ပကုမ္ပဏီများ၏ ကိုယ်ရေးလုံခြုံမှု ဆောင်ရွက်ချက်များကို လေ့လာရန် သင့်အား တိုက်တွန်းပါသည်။ ဤပြင်ပကုမ္ပဏီ ဝဘ်ဆိုက်များ၏ ကိုယ်ရေးလုံခြုံမှု အလေ့အထများနှင့် အကြောင်းအရာများကို ကျွန်ုပ်တို့သည် တာဝန်မယူပါ။

11.လုံခြုံရေး

vivo သည် သင့်အချက်အလက်များကို ကာကွယ်ရန် နည်းပညာဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တိုင်းတာစစ်ဆေးမှုများသာမက လုံခြုံရေးတိုင်းတာစစ်ဆေးမှုများ ပြုလုပ်ပါသည်။ သို့သော် ကျွန်ုပ်တို့သည် ဤကဲ့သို့သော တိုင်းတာစစ်ဆေးမှုများကို ထည့်သွင်းဆောင်ရွက်ထားသော်လည်း သင့်အချက်အလက်များကို အပြည့်အဝ ဘေးကင်းလုံခြုံစေပြီး ကာကွယ်ပေးရန် အာမခံနိုင်သည့် လုံခြုံရေးစနစ်မရှိပါ။ သင်၏ ဝင်ရောက်မှု အထောက်အထားများ အခိုးခံရသည်ဟု ယူဆပါက ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အချို့သော vivo ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် အပလီကေးရှင်းများကို အသုံးပြုသည့်အခါ သင်မျှဝေသည့် ကိုယ်ရေးအချက်အလက်များကို အခြားအသုံးပြုသူများက မြင်နိုင်မည်ဖြစ်ပြီး အချို့သောကိစ္စရပ်များတွင် ရှာဖွေမှုအင်ဂျင်များနှင့် အများပြည်သူက မြင်နိုင်မည်ဖြစ်ကာ ထိုသူများက ကြည့်ရှုခြင်း၊ စုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် သိမ်းဆည်းထားခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ဤအခြေအနေများအတွင်း သင်မျှဝေသော သို့မဟုတ် ပေးပို့သော ကိုယ်ရေးအချက်အလက်များအတွက် သင့်ထံ၌သာ တာဝန်ရှိပါသည်။ သင့်ကိုယ်ရေးအချက်အလက်များ တိကျမှန်ကန်မှုသည် သင့်တာဝန်သာဖြစ်ပါသည်။

အောက်ပါတို့မှာ ကျွန်ုပ်တို့ ဆောင်ရွက်သည့် ဒေတာလုံခြုံရေး တိုင်းတာစစ်ဆေးမှု ဥပမာများဖြစ်သည်-

(a)ကိုယ်ရေး ဒေတာများကို စီမံဆောင်ရွက်ရန် အသုံးပြုထားသည့် အချက်အလက်စနစ်များ တည်ရှိသည့် အဆောက်အအုံများ လုံခြုံအောင် ဆောင်ရွက်ခြင်း။ ထိုလုံုံခြုံရေးသည် ယင်းအဆောက်အအုံအတွင်း ဝင်ရောက်အသုံးပြုခွင့် မရှိသည့် သူများ အထိန်းအချုပ်မရှိ ဝင်ရောက်အသုံးပြုခြင်းကို တားဆီးရပါမည်။

(b)အချက်အလက်များကို ကာကွယ်ပေးရန် ကုဒ်ပြောင်းဝှက်ခြင်းနှင့် မည်သူမည်ဝါ မဖော်နိုင်သော နည်းလမ်းများ အပါအဝင် ကန့်သတ်မထားသည့် နည်းပညာပိုင်းဆိုင်ရာ နည်းများကို အသုံးပြုခြင်း။

(c)ကိုယ်ရေး ဒေတာများကို စီမံဆောင်ရွက်သည့်နေရာရှိ အချက်အလက် စနစ်များသို့ ဝင်ရောက်အသုံးပြုခွင့်ရှိသူ စာရင်းကို အတည်ပြုခြင်း။

(d)ဒေတာကာကွယ်ရေး အရာရှိခန့်အပ်ခြင်း။

(e)ကျွန်ုပ်တို့၏ အချက်အလက် စနစ်များအတွင်း စီမံဆောင်ရွက်နေသည့် ကိုယ်ရေး ဒေတာများ၏ လုံခြုံရေးအတွက် အန္တရာယ်များ ရှာဖွေဖော်ထုတ်ခြင်း။

(f)ကိုယ်ရေး ဒေတာများ လုံခြုံမှုရှိစေရန် ဆောင်ရွက်ချက်များ၏ ထိရောက်မှုကို စစ်ဆေးခြင်း။

(g)ကိုယ်ရေး ဒေတာများကို ခွင့်ပြုချက်မရှိ ဝင်ရောက်သုံးစွဲသည့် အခြေအနေများကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ထိုသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများကို လျှော့ချရေး သင့်လျော်သော ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ခြင်း။

(h)ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သုံးစွဲမှုကြောင့် မွမ်းမံ ပြင်ဆင်လိုက်သည့် သို့မဟုတ် ဖျက်ဆီးလိုက်သည့် ကိုယ်ရေး ဒေတာများကို ပြန်လည်ရယူရန် လက်တွေ့ကျသော အရာအားလုံးကို ဆောင်ရွက်ခြင်း။

(i)ကိုယ်ရေး ဒေတာများနှင့် ကိုယ်ရေး ဒေတာများကို ကာကွယ်ပေးသည့် စနစ်များ၏ ကာကွယ်မှုအဆင့် လုံခြုံရေးကို တိုင်းတာစစ်ဆေးမှုများကို စောင့်ကြည့်ခြင်း။

(j)ကျွန်ုပ်တို့၏ အချက်အလက် စနစ်များအတွင်း စီမံဆောင်ရွက်ထားသည့် ကိုယ်ရေး ဒေတာများအား အသုံးပြုမှုအပေါ် စည်းမျဉ်းများ သတ်မှတ်ခြင်းနှင့် ကျွန်ုပ်တို့၏ အချက်အလက် စနစ်များအတွင်း ကိုယ်ရေး ဒေတာများနှင့် စပ်လျဉ်း၍ ဆောင်ရွက်သမျှ လုပ်ဆောင်ချက်အားလုံးကို မှတ်တမ်းတင်ထားခြင်း။

ကျွန်ုပ်တို့သည် ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့၏ဝန်ဆောင်မှုပေးသူများအကူအညီဖြင့် ကျွန်ုပ်တို့၏ အဆောက်အအုံအတွင်းတွင် အီလက်ထရွန်းနစ်နည်းလမ်းနှင့်သာမကဘဲ စာဖိုင်များဖြင့်ပါ ထားရှိပါသည်။


12.အရွယ်မရောက်သေးသူများ၏ ကိုယ်ရေးလုံခြုံမှု

တည်ဆဲဥပဒေအရ သတ်မှတ်ထားသည့်အတိုင်း ဝန်ဆောင်မှုများသည် အသက်မပြည့်သေးသူများအတွက် ရည်ရွယ်ထားခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများမှတစ်ဆင့် အသက်မပြည့်သေးသူများထံမှ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သိလျက်နှင့် စုဆောင်းခြင်းမရှိပါ။ ကျွန်ုပ်တို့သည် အသက်မပြည့်သေးသူ၏ အချက်အလက်များကို (a) တရားဝင် ခွင့်ပြုထားလျှင်၊ (b) အသက်မပြည့်သေးသူ၏ မိဘ သို့မဟုတ် အခြားဥပဒေဆိုင်ရာ ကိုယ်စားလှယ်က ခွင့်ပြုချက်ပေးထားလျှင် သို့မဟုတ် (c) ဒေတာကာကွယ်ရေး ဥပဒေများအရ တရားဝင်အခြေအနေများတွင်သာ အသုံးပြုခြင်း သို့မဟုတ် ဖော်ထုတ်ခြင်းများ ပြုလုပ်ပါမည်။ ကျွန်ုပ်တို့သည် ကလေးတစ်ဦး၏ ကိုယ်ရေး ဒေတာကို ထိုကလေး၏ မိဘများထံမှ အတည်ပြုထားသည့် ကြိုတင်သဘောတူညီချက်မရှိဘဲ မတော်တဆ စုစည်းရယူမိပါက ထိုဒေတာကို တတ်နိုင်သမျှ အမြန်ဆုံး ဖျက်ပစ်ပါမည်။ အရွယ်မရောက်သေးသူတစ်ဦးသည် မိဘ/တရားဝင် အုပ်ထိန်းသူ၏ သဘောတူညီချက်မရှိဘဲ ၎င်း၏ ကိုယ်ရေး ဒေတာကို ကျွန်ုပ်တို့ထံ ပံ့ပိုးပေးထားသည်ဟု သင် ယူဆပါက ကျွန်ုပ်တို့ကို ဆက်သွယ်ပါ

13.သိုလှောင်ခန်းနှင့် နိုင်ငံတကာသို့ လွှဲပြောင်းခြင်း

သုံးစွဲသူ၏ နိုင်ငံ/ဒေသတွင်ရှိသည့် ဒေတာကာကွယ်ရေးနှင့် တူညီသောအဆင့်ကို ပံ့ပိုးပေးရန်နှင့ သုံးစွဲသူ၏ တောင်းဆိုချက်ကို ပိုမိုထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးရန် သုံးစွဲသူ၏ ကိုယ်ရေး ဒေတာများကို ကျွန်ုပ်တို့ သိမ်းဆည်းသည့် တည်နေရာသည် နိုင်ငံ/ဒေသအမျိုးမျိုးအပေါ် မူတည်၍ ကွဲပြားခြားနားပါသည်။ ဥရောပ စီးပွားရေး နယ်မြေ၊ တူရကီ၊ ကမေဘာဒီးယား၊ ပီရူး၊ သြစတြေးလျ၊ အန်ဒိုရာ၊ အယ်လ်ဘေးနီးယား၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ မက်ဆီဒိုးနီးယား၊ မိုနာကို၊ မွန်တီနီဂရိုး၊ ဆားဘီးယား၊ ခရိုအေးရှား၊ ယူနိုက်တက် ကင်းဒမ်းနှင့် ဆွစ်ဇာလန်တွင် နေထိုင်သော သုံးစွဲသူများအတွက် သင်၏ ကိုယ်ရေး ဒေတာကို ဂျာမနီတွင် တည်ရှိသော ကျွန်ုပ်တို့၏ ဆာဗာတွင် သိမ်းဆည်းပါမည်၊ ရုရှား၊ အိန္ဒိယနှင့် ကာဇက်စတန်တွင် နေထိုင်သော သုံးစွဲသူများအတွက် သင်၏ ကိုယ်ရေး ဒေတာကို သင့်နိုင်ငံတွင်ရှိသော ကျွန်ုပ်တို့၏ ဆာဗာတွင် သိမ်းဆည်းပါမည်၊ အခြားနိုင်ငံများ/ဒေသများတွင် နေထိုင်သော သုံးစွဲသူများအတွက် သင်၏ ကိုယ်ရေး ဒေတာကို စင်္ကာပူတွင်ရှိသော ကျွန်ုပ်တို့၏ ဆာဗာတွင် သိမ်းဆည်းပါမည်။

သင့်ကိုယ်ရေးအချက်အလက်များကို လုံခြုံသည့် နည်းလမ်းဖြင့် သိမ်းဆည်းပြီး လွှဲပြောင်းနိုင်ရန် သေချာစေလိုပါသည်။ သင့်ကိုယ်ရေး ဒေတာများကို သင့်နိုင်ငံပြင်ပတွင်ရှိပြီး၊ သင့်တင့်လျောက်ပတ်သော ဒေတာကာကွယ်ရေး စံနှုန်းသတ်မှတ်ချက်များ မရှိသည့် နိုင်ငံ သို့မဟုတ် ဒေသသို့ လွှဲပြောင်းသည့်အခါ ကျွန်ုပ်တို့သည် သင့်ဒေတာများ လုံခြုံမှုရှိစေရန် သင့်လျော်သည့် အဆင့်များအားလုံးကို သက်ဆိုင်ရာ ဒေတာကာကွယ်ရေး ဥပဒေပြု ပြဋ္ဌာန်းချက်နှင့်အတူ ဆောင်ရွက်သွားပါမည်။ ဥပမာ၊ ဖြစ်နိုင်သည်မှာ-

· ပြင်ပ အဖွဲ့အစည်းနှင့် ဒေတာ လွှဲပြောင်းမှု သဘောတူညီချက် ပြုလုပ်သည့်အခါ ပြင်ပ အဖွဲ့အစည်းက သင့်ကိုယ်ရေး ဒေတာများကို ကာကွယ်ပေးကြောင်း သေချာစေရန် စာချုပ်တိုင်းတွင် ထည့်သွင်းလေ့ရှိသည့် စံ အပိုဒ်ခွဲများကို ထည့်သွင်းခြင်း။

· ကျွန်ုပ်တို့နှင့် သင့်အကြား သို့မဟုတ် ကျွန်ုပ်တို့နှင့် ပြင်ပ အဖွဲ့အစည်းအကြား စာချုပ်ကို နိဂုံးချုပ်ရန် သို့မဟုတ် လုပ်ဆောင်ရန် လိုအပ်ပြီး လွှဲပြောင်းမှုသည် ထိုစာချုပ်၏ ရည်ရွယ်ချက်များအရ သင့်အကျိုးစီးပွားအတွက်ဖြစ်လျှင် (ဥပမာ၊ သင့်နိုင်ငံ ပြင်ပရှိ အကျိုးစီးပွား ထောက်ပံ့ပေးသူထံ သင့်ဒေတာများကို လွှဲပြောင်းရန်လိုအပ်လာသည့်အခါ)၊ သို့မဟုတ်

· ဒေတာလွှဲပြောင်းမှုကို သင်ခွင့်ပြုထားသည့်အခါ။

သင့်နိုင်ငံနှင့် တူညီသော အဆင့်ရှိသည့် ကာကွယ်မှု မပေးသည့် နိုင်ငံ/ဒေသသို့ သင့်ဒေတာကို မလွှဲပြောင်းမီ ကျွန်ုပ်တို့သည် သင့်သဘောတူညီချက်ကို သီးခြား ရယူပါမည်။

14.အပ်ဒိတ်များနှင့် ပတ်သက်သည့် အကြောင်းကြားချက်များ

ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို အခါအားလျော်စွာ အပ်ဒိတ်လုပ်သွားပါမည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် စာရွက်စာတမ်းဆိုင်ရာ အပြောင်းအလဲတစ်ခုခုရှိပါက သင့်ထံသို့ အီးမေးလ် သို့မဟုတ် အခြားရနိုင်သော နည်းလမ်းများဖြင့် အကြောင်းကြားပါမည်။ ကျွန်ုပ်တို့၏ နောက်ဆုံး အပ်ဒိတ်လုပ်ထားသော ကိုယ်ရေးလုံခြုံမှု မူဝါဒကိုhttps://www.vivo.com/en/about-vivo/privacy-policy တွင် ကြည့်ပါ။

15.ကျွန်ုပ်တို့ကိုဆက်သွယ်ရန်

ဤကိုယ်ရေးလုံခြုံမှု မူဝါဒထဲတွင် ဖြေဆိုထားခြင်း မရှိသည့် သင့်ကိုယ်ရေး ဒေတာများကို ကျွန်ုပ်တို့၏ ကိုယ်တွယ်စီမံပုံအကြောင်း မေးမြန်းစရာ တစ်စုံတစ်ရာ ရှိလျှင် အလွယ်ကူဆုံး နည်းလမ်းဖြစ်သော- privacy@vivo.com မှတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။ အောက်ပါလိပ်စာတွင်လည်း ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်-

(a)vivo Mobile Communication Co., Ltd.

No.168 Jinghai East Rd., Chang'an, Dongguan, Guangdong, China.

privacy@vivo.com

(b)ဒေတာ ကာကွယ်ရေးအရာရှိ

dpo@vivo.com