V20 SE သည် 7.83mmအထူနဲ့ 171g အလေးချိန်သာရှိသောကြောင့်သင့်လက်ထဲမှာ ကျစ်လစ်ချောမွေ့နေမယ့် ဒီဇိုင်းပုံစံ ဖြစ်ပါတယ်။ 3Dကိုယ်ထည်အခုံးကို အရည်အသွေးမြင့် ပိုလီမာပစ္စည်းများဖြင့်ဖွဲ့စည်းထားသောကြောင့် ချောမွေ့နေပြီး တိမ်တိုက်တွေကိုကိုင်နေရသလိုမျိုး ခံစားရစေပါတယ်။
*အမှန်တကယ်အတိုင်းအတာနှင့် အလေးချိန်များသည် တိုင်းတာခြင်းနည်းလမ်း၊ ပစ္စည်းထောက်ပံ့မှု (သို့မဟုတ်) အခြားအချက်များကြောင့်ကွဲပြားနိုင်သည်။
- 7.83mm
Thickness
- 171g
Weight
HDR + morpho AI အယ်ဂိုရသမ်သည် အလင်းနည်းသည့် ပတ်ဝန်းကျင်တွင် ကြည်လင်ပြတ်သားသောဓာတ်ပုံများကို ရိုက်ကူးနိုင်ရန် exposure ကိုတိုးပေးပြီး အလင်းရောင်ကို မြှင့်တင်ပေးနိုင်သည်။ တစ်ချိန်တည်းမှာပဲ beauty effect တွေကို ထပ်မံထည့်သွင်းနိုင်ပြီး မှောင်မိုက်သောညကတောင် သင့်ရဲ့အလှကို ဖုံးကွယ်မထားနိုင်အောင် အလှဆုံးညမြင်ကွင်းပုံရိပ်တွေကို ရိုက်ကူးပေးမှာပါ။
& 4100mAh Battery*
4100mAh ဘက်ထရီကြောင့် V20 SE သည် ဆက်လက်၍ အားကောင်းနေသည်။ ပိုမိုကောင်းမွန်သည့်အပြင် vivo ၏ 33W FlashCharge နည်းပညာသည် ယခုအခါ ၅၀% ပိုမိုမြန်ဆန်လာပြီး လုံခြုံရေးကာကွယ်မှုရှစ်ခု ပါဝင်လာသည်။ မိနစ် ၃၀ အတွင်း ၆၂% သို့ပြန်လည်အားသွင်းပေးနိုင်ပြီး တစ်နာရီသွင်းရုံးနဲ့ အပြည့်အားသွင်းပေးနိုင်မှာပါ။
48MP AI Triple Camera ဖြင့် ကမ္ဘာကြီးသက်ဝင်လာအောင် ပုံဖော်ရိုက်ကူးလိုက်ပါ။ ကျေးလက်သဘာဝအလှတွေကနေ မြို့ပြရဲ့ခမ်းနားမှုတွေအထိ နေ့ဘက်၊ ညဘက်၊ ရှုခင်းပုံ၊ အလှဓာတ်ပုံတွေကို အသေးစိတ် ပုံဖော်ရိုက်ကူးပေးနိုင်ပါတယ်။ Super Wide-Angle၊ Macro နဲ့ များပြားလှပတဲ့ လုပ်ဆောင်ချက်တွေက ဓာတ်ပုံကောင်းတွေကို ပိုမိုဖန်တီးနိုင်အောင် ပြုလုပ်ပေးမှာပါ။
V20 SE သည် 7.83mmအထူနဲ့ 171g အလေးချိန်သာရှိသောကြောင့်သင့်လက်ထဲမှာ ကျစ်လစ်ချောမွေ့နေမယ့် ဒီဇိုင်းပုံစံ ဖြစ်ပါတယ်။ 3Dကိုယ်ထည်အခုံးကို အရည်အသွေးမြင့် ပိုလီမာပစ္စည်းများဖြင့်ဖွဲ့စည်းထားသောကြောင့် ချောမွေ့နေပြီး တိမ်တိုက်တွေကိုကိုင်နေရသလိုမျိုး ခံစားရစေပါတယ်။
*အမှန်တကယ်အတိုင်းအတာနှင့် အလေးချိန်များသည် တိုင်းတာခြင်းနည်းလမ်း၊ ပစ္စည်းထောက်ပံ့မှု (သို့မဟုတ်) အခြားအချက်များကြောင့်ကွဲပြားနိုင်သည်။
- 7.83mm
Thickness
- 171g
Weight
ကျွန်တော်တို့ရဲ့ဒီဇိုင်နာတွေက သဘာဝတရားနဲ့ စကြာဝဠာရဲ့အလှတရားတွေကို အခြေခံပြီး နောက်ဆုံးပေါ်ဖက်ရှင်ပုံရိပ်များကို ထည့်သွင်းကာ V20SEရဲ့ဒီဇိုင်းကာလာကို လှပစွာ ဖန်တီးခဲ့ပါတယ်။
အနက်ရောင် gradient ကာလာသည် luxury ဆန်ပြီးထက်မြက်တဲ့ပုံစံကို ခံစားရစေပါတယ်။
အပြာနုရောင် gradient ကာလာသည် ရွေ့လျားနေတဲ့မိုးတိမ်တွေနဲ့ အောက်စီဂျင်ရဲ့သန့်စင်မှုတွေကို အခြေခံပြီးဖန်တီးထားတာပါ။ လန်းဆန်းတောက်ပတဲ့ အသွင်အပြင်ကို ခံစားရရှိစေပါတယ်။
၆.၄၄ လက်မ (၁၆.၃၇ စင်တီမီတာ) 1080P AMOLED Halo FullView ™ Display သည် မျက်နှာပြင် ကိုယ်ထည် အချိုး ၉၀.၁၂% ရှိသည်။ ၎င်းသည် စုစုပေါင်း ၁၆ သန်းကျော် ပေါင်းစပ်ထားသောအရောင်များကို ပြသနိုင်သည်။ ၁၀၃% NTSC saturation နှင့် ၂,၀၀၀,၀၀၀: ၁ contrast တို့ကြောင့် - အရောင်များအားလုံးသည် တောက်ပပြီးစစ်မှန်သည်။
ပိုကောင်းတာက မျက်နှာပြင်ရဲ့တောက်ပမှုကို ပတ်ဝန်းကျင်အခြေအနေတွေနဲ့အညီ အလိုအလျောက်ချိန်ညှိပေးသောကြောင့် မျက်လုံးထိခိုက်တာတွေကို သက်သာစေပြီး သင်ကြည့်သမျှကို ပိုမိုကောင်းမွန်စေပါတယ်။
- 6.44-inch
Screen size
- 90.12%
Screen-to-body ratio
- 103%
NTSC saturation
- 2,000,000:1
High contrast
V20 SE သည် အဆင့်မြင့် Unlocking နည်းပညာကို အသုံးပြုထားသည်။ မြန်ဆန်လုံခြုံပြီး မျက်နှာပြင်ကို တစ်ချက်ထိလိုက်ရုံနဲ့ ဖွင့်နိုင်သည်။ အထာကျကျ မျက်နှာပြင်လှုပ်ရှားမှုမျိုးစုံကိုလည်း စတိုင်ကျကျ လုပ်ဆောင်နိုင်ဦးမည် ဖြစ်သည်။
V20 SE တွင် 32MP အရည်အသွေးမြင့်ရှေ့ဆယ်ဖီကင်မရာသည် လှပသော အခိုက်အတန့်တိုင်းကို အကြည်လင်ဆုံး မှတ်တမ်းတင်နိုင်သည်။
HDR + morpho AI အယ်ဂိုရသမ်သည် အလင်းနည်းသည့် ပတ်ဝန်းကျင်တွင် ကြည်လင်ပြတ်သားသောဓာတ်ပုံများကို ရိုက်ကူးနိုင်ရန် exposure ကိုတိုးပေးပြီး အလင်းရောင်ကို မြှင့်တင်ပေးနိုင်သည်။ တစ်ချိန်တည်းမှာပဲ beauty effect တွေကို ထပ်မံထည့်သွင်းနိုင်ပြီး မှောင်မိုက်သောညကတောင် သင့်ရဲ့အလှကို ဖုံးကွယ်မထားနိုင်အောင် အလှဆုံးညမြင်ကွင်းပုံရိပ်တွေကို ရိုက်ကူးပေးမှာပါ။
Aura Screen Light သည် စတူဒီယိုအဆင့် သတ်မှတ်ထားသော အလင်းရောင်များကို ညဘက် selfie များတွင် ရရှိရန် အထူးဒီဇိုင်းထုတ်ထားသော vivo၏ ဖန်တီးမှုတစ်ခုဖြစ်သည်။ ၎င်းသည်အိမ်တွင်းနှင့်အပြင်ဘက်အလင်းကို အလိုအလျောက် ညှိပေးနိုင်သည်။ ဒါကြောင့် ဘယ်လောက်ပဲမှောင်မိုက်နေပါစေ အချိန်တိုင်းက showtime ပါပဲ။
ပရိုဖက်ရှင်နယ် Portrait Mode၊ Face Beauty၊ Pose Master၊ bokeh effect တွေက အနုပညာဆန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးပေးနိုင်ပြီး နာမည်ကြီးအနုပညာရှင်တွေရဲ့ပုံစံ၊စတိုင်လိုမျိုး ရရှိအောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။
Multi-Style Portrait သည် အသင့်အသုံးပြုလိုသော မိတ်ကပ်စတိုင် effectအမျိုးမျိုးကို ထည့်သွင်းပေးထားသည်။ ကြိုတင်ပြင်ဆင်ထားသော မျက်နှာအသွင်အပြင်ပုံစံတွေ၊ အနောက်ခံကိုဝါးအောင်လုပ်ပေးနိုင်တဲ့ bokeh effects တွေအပြင် မိတ်ကပ်နဲ့လိုက်ဖက်သည့် အရောင်ကာလာကိုလည်း ညှိပေးနိုင်သည်။ ထို့ကြောင့် ကင်မရာခလုတ်ကိုတစ်ချက်နှိပ်လိုက်ရုံနဲ့ ပြီးပြည့်စုံတဲ့ဓာတ်ပုံတွေကို ထုတ်ပေးနိုင်ပါလိမ့်မည်။
နောက်ထပ်မြင်ဖို့ ဘယ်ဘက်ကို ရွှေ့ဆန်းပါ
48MP AI Triple Camera ဖြင့် ကမ္ဘာကြီးသက်ဝင်လာအောင် ပုံဖော်ရိုက်ကူးလိုက်ပါ။ ကျေးလက်သဘာဝအလှတွေကနေ မြို့ပြရဲ့ခမ်းနားမှုတွေအထိ နေ့ဘက်၊ ညဘက်၊ ရှုခင်းပုံ၊ အလှဓာတ်ပုံတွေကို အသေးစိတ် ပုံဖော်ရိုက်ကူးပေးနိုင်ပါတယ်။ Super Wide-Angle၊ Macro နဲ့ များပြားလှပတဲ့ လုပ်ဆောင်ချက်တွေက ဓာတ်ပုံကောင်းတွေကို ပိုမိုဖန်တီးနိုင်အောင် ပြုလုပ်ပေးမှာပါ။
မြို့ပြင်ညရဲ့မှော်ဝင်အလှအပတွေကို အကြည်လင်ဆုံး အရည်အသွေးနဲ့ ရိုက်ကူးလိုက်ပါ။ ညဘက်မှာ အလင်းရောင်ကို မြှင့်တင်ပေးဖို့ နောက်ဘက်ကင်မရာမှာ HDR + Morpho algorithmနဲ့ ထောက်ပံ့ထားတဲ့ အလင်းဝင်ပေါက် f / 1.8 aperture ကြီးတစ်ခု ပါရှိပါတယ်။
8MP Super Wide-Angle Camera သည် ၁၂၀ ဒီဂရီမြင်ကွင်းကျယ်ထိ ရိုက်ကူးပေးနိုင်သောကြောင့် ပိုမိုကျယ်ပြန့်လှပတဲ့ ကမ္ဘာ့မြေကြီးရဲ့အလှတရားတွေကို ပုံဖော်ခံစားနိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်ပုံရိပ်တွေကို ပုံဖော်နိုင်ဖို့ ၂.၅ စင်တီမီတာအထိ နီးကပ်စွာ ရိုက်ကူးလိုက်ပါ။ ရေစက်လေးတွေ၊ ပန်းပွင့်ချပ်လေးတွေ၊ အကောင်သေးသေးလေးတွေရဲ့ သဘာဝအလှတရားတွေကို တွေ့မြင်နိုင်မှာပါ။
တုန်ခါနေတဲ့ ကင်မရာက ဗီဒီယိုအရည်အသွေးကို များစွာ ထိခိုက်စေပါတယ်။ V20 SE ၏ အနောက်ကင်မရာသည် တုန်ခါမှုတွေကို လျော့ကျစေပြီး သင်လှုပ်ရှားနေရင်တောင် EIS နည်းပညာဖြင့် တည်ငြိမ်ချောမွေ့တဲ့ ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။
Followerတွေကို စွဲဆောင်နိုင်ဖို့ သင့်ရဲ့ဘလော့အရည်အသွေးကို မြှင့်တင်လိုက်ပါ။ ဗီဒီယိုရိုက်ကူးနေစဉ်မှာပဲ Face Beauty effects တွေကို အသုံးပြုလိုက်ပါ။ ဒါဆိုရင် ဗီဒီယိုတွေကို ထပ်ပြုပြင်စရာမလိုအောင် ပြည့်စုံနေမှာပါ။
သင့်ရဲ့တန်ဖိုးရှိတဲ့ အမှတ်တရအခိုက်အတန့်တွေကို အရည်အသွေးမြင့်မားတဲ့ ကျောဘက်အနောက်ကင်မရာ ရဲ့ 4K ကွာလတီနဲ့ ရိုက်ကူးလိုက်ပါ။ ကြည်လင်တောက်ပပြီး အရည်အသွေးမြင့်တဲ့ ဗီဒီယိုကွာလတီကို ပေးစွမ်းမှာပါ။
4100mAh ဘက်ထရီကြောင့် V20 SE သည် ဆက်လက်၍ အားကောင်းနေသည်။ ပိုမိုကောင်းမွန်သည့်အပြင် vivo ၏ 33W FlashCharge နည်းပညာသည် ယခုအခါ ၅၀% ပိုမိုမြန်ဆန်လာပြီး လုံခြုံရေးကာကွယ်မှုရှစ်ခု ပါဝင်လာသည်။ မိနစ် ၃၀ အတွင်း ၆၂% သို့ပြန်လည်အားသွင်းပေးနိုင်ပြီး တစ်နာရီသွင်းရုံးနဲ့ အပြည့်အားသွင်းပေးနိုင်မှာပါ။
128GB ROM*
8GB RAM + 128GB ROM ဆိုသည်မှာ သင်၏အက်ပ်များ၊ ပရိုဂရမ်များနှင့်ဂိမ်းများသည် ချောချောမွေ့မွေ့ လည်ပတ်လုပ်ဆောင်နိုင်မည် ဖြစ်သည်။ သင် နှစ်ခြိုက်သဘောကျသော ဗွီဒီယိုများ၊ ဓာတ်ပုံများနှင့်ဖိုင်များသည်လည်း အလွယ်တကူ ကိုက်ညီနေပါလိမ့်မည်။
Snapdragon™
665
The Qualcomm® Snapdragon™ 665 ကို 11nm octa-core ပရိုဆက်ဆာဖြင့်ဖွဲ့စည်းထားပြီး
- 11nm
Octa-core
- 665
Qualcomm®
Snapdragon™
NFC makes daily life easier in countless ways. It can make payments at convenience stores; and also work with your transit card - so you can pay for rides and check your balance using your phone.
Multi-Turbo သည် software နှင့် hardware ကို အကောင်းဆုံးဖြစ်စေရန်ချိန်ညှိပြီး အလုပ်လုပ်သည်။ စွမ်းဆောင်ရည်မြန်ဆန်စေရန် တိုးမြှင့်ပေးခြင်း၊ အပူအအေးကို ညှိပေးခြင်း၊ မလိုအပ်သည့် သိုလှောင်မှုတွေကိုရှင်းလင်းပေးခြင်းနှင့် အသုံးပြုမှုအတွေ့အကြုံကို အကောင်းဆုံးဖြစ်အောင်ထိန်းသိမ်းပေးသည်။
AI Turbo, Net Turbo, Game Turbo, Cooling Turbo, Center Turboနဲ့ART++ Turbo တို့ပါဝင်သောကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ ထစ်တာ၊နှေးတာတွေကို မဖြစ်စေမှုကို သေချာစေပါသည်။
ခေတ်ဟောင်းအချိန်ကို ပြန်သွားမလား (ဒါမှမဟုတ်) ဟိုးအရင်တုန်းက ဓာတ်ပုံဟောင်းတွေကို အသက်ပြန်သွင်းမလား။ Memory Recaller လုပ်ဆောင်ချက်က ဓာတ်ပုံဟောင်းတွေကိုအကြည်လင်ဆုံးနှင့် သဘာဝကျကျ ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
V20 SEရဲ့ AI algorithm သည် နောက်ခံနှင့် အရှေ့ကလူ(သို့)အရာဝထ္တုကို ခွဲခြားကန့်သတ်ပေးနိုင်ပါသည်။ ဒါကဘာကိုဆိုလိုတာလဲဆိုတော့ ကိုယ်ကြိုက်တဲ့နေရာကို အလွယ်တကူဖြတ်ထုတ်ပြီး ပြင်ဆင်နိုင်လို့ရမှာပါ။ သင်အနေနဲ့ ကောင်းကင်ရဲ့အရောင်ကိုလည်း ကြိုက်နှစ်သက်သလိုေ ပြောင်းလဲလို့ရမှာပါ။
ပတ်ဝန်းကျင်ကဆူညံနေရင်တောင် V20 SEက ကြည်လင်တဲ့အသံကို ပေးစွမ်းနိုင်ပါတယ်။ မိုက်ခရိုဖုန်းနှစ်လုံး၊ noise cancelling algorithmနဲ့ AI algorithm တို့က ပတ်ဝန်းကျင်ဆူညံမှုကို လျှော့ချပေးပြီး တည်ငြိမ်ကြည်လင်တဲ့အသံကိုသာ ပေးပို့ပေးပါတယ်။
သင့်အနေနဲ့အသံကို တိုးဖို့လိုအပ်လာတဲ့အချိန် အလုပ်အစည်းအဝေး၊ စာကြည့်တိုက် စတဲ့နေရာတွေမှာ အသံတိုးတဲ့လုပ်ဆောင်ချက် Whisper Modeကို ဖွင့်ထားလိုက်မယ်ဆိုရင်အခြားတစ်ဘက်ကလူက ကျယ်လောင်ပြီး ကြည်လင်ပြတ်သားတဲ့အသံနဲ့ပဲ ကြားနေရမှာပါ။
Funtouch OS 11 (based on Android 10) သည် အသုံးပြုသူတွေအတွက် လွယ်ကူချောမွေ့တဲ့ အသုံးပြုမှုအတွေ့အကြုံကို ရရှိစေသည်။
Ultra Game Mode နဲ့ ဂိမ်းကစားတဲ့အချိန်ကို သတ်မှတ်လိုက်ပါ။ ဒါက သတိပေးချက်များနဲ့စာတိုများကို ပိတ်ဆို့ပေးနိုင်ပါတယ်။ ဒါတင်မကသေးဘဲ Off-Screen Autoplay နဲ့ Picture-in-Picture စတဲ့ လုပ်ဆောင်ချက်တွေက သင့်ရဲ့ဂိမ်းကစားခြင်းကို အနှောက်ယှက်ကင်းကင်း ကစားနိုင်အောင်ပြုလုပ်ပေးပြီး အနိုင်ရရှိအောင် ကူညီပေးနိုင်ပါတယ်။
မှတ်ချက်:
- 1. အချို့သော ထုတ်ကုန်အင်္ဂါရပ်အချို့ကို အသုံးပြုနိုင်ခြင်းသည် ဒေသများအလိုက်ကွဲပြားနိုင်သည်။ ပြသထားသည့် ထုတ်ကုန်ပုံများနှင့် အင်္ဂါရပ်များသည် ရည်ညွှန်းရန်အတွက်သာဖြစ်သည်။ Display screen တွင် ပြထားသော ပုံရိပ်များနှင့် သရုပ်ပြရန်ရည်ရွယ်သည်။ အမှန်တကယ် ထုတ်ကုန်များကို စံအဖြစ်ယူပါ။
- 2. ယခု ဖော်ပြထားသည့် အချက်အလက်အားလုံးသည် ဒီဇိုင်းပညာရှင် တိုင်းတာသူများ၊ သုသေသန စမ်းသပ်စစ်ဆေးချက် ရလဒ်များနှင့် supplier များ စမ်းသပ်စစ်ဆေးထားသည့် အချက်အလက်များကို အခြေခံပြီး ဖော်ပြထားခြင်း ဖြစ်ပါသည်။ လက်တွေ့ စွမ်းဆောင်ရည်သည် software version ၊ specific test environment နှင့် phone model များအပေါ် မူတည်ပြီး ကွဲလွဲသွားနိုင်ပါသည်။ ယခုစာမျက်နှာများတွင် ပါရှိသည့် နိုင်းယှဉ်ချက်အားလုံးသည် vivo ထုတ်ကုန်များကိုသာ ရည်ညွှန်းသည်။
- 3. ကုန်ပစ္စည်းပေးသွင်းသူများအပြောင်းအလဲများနှင့် ထုတ်လုပ်မှုများကြောင့် အချို့သောသတ်မှတ်ချက်များ၊ တိုင်းတာချက်များ (သို့မဟုတ်) ထုတ်ကုန်အစိတ်အပိုင်းများ ကွဲပြားနိုင်သဖြင့် vivo သည် ကြိုတင်အသိပေးခြင်းမရှိဘဲ ဤစာမျက်နှာ၏ဖော်ပြချက်များအား ပြောင်းလဲပိုင်ခွင့်ရှိသည်။ ဤစာမျက်နှာကို အသုံးမပြုခင် သေချာစွာ ဖတ်ပါ။
- 4. Pixel တန်ဖိုးသည် ကွဲပြားသော ကင်မရာအသုံးအနှုန်းများအောက်တွင် ကွဲပြားနိုင်ပြီးအမှန်တကယ် အသုံးပြုမှုအပေါ် မူတည်သည်။
- 5. တရားဝင် vivo charger (11V / 3A FlashCharge adapter) နှင့်တွဲဖက်ပါက V20 SE သည် 33W FlashCharge အထိထောက်ပံ့သည်။ ဒိုင်းနမစ်အခြေအနေကို တုန့်ပြန်သောအားဖြင့် အမှန်တကယ်အားသွင်းဓာတ်အားသည် အချိန်မှန်တွင် ပြောင်းလဲသည်။ V20 SE အားအချက်အလက်များကို vivo ဓာတ်ခွဲခန်းပတ်ဝန်းကျင်စမ်းသပ်မှုမှ ရရှိသည်။ စမ်းသပ်ပတ်ဝန်းကျင်: 25 temperature ± 1 ရှိ ပတ်ဝန်းကျင်အပူချိန်၊ စမ်းသပ်မှုအခြေအနေ - ၁% ဘက်ထရီပမာဏ၊ မျက်နှာပြင်ပိတ်ထားခြင်းနှင့်တရားဝင် - vivo အားသွင်းစက်တို့ပါရှိသည်။ အမှန်တကယ်ဒေတာသည် ဆိုင်းငံ့ထားသောပတ်ဝန်းကျင်အခြေအနေ၊ ရေရှည်ဘက်ထရီအသုံးပြုမှုနှင့် အခြားအချက်များအပေါ် မူတည်ပြီး ကွဲပြားနိုင်သည်။"
- 6. ပုံသေရလဒ်သည် ၁၂သန်း ဖိုး-အင်-ဝမ်း ပစ်ဇယ်ကို 48MP ရလဒ်နဲ့အတူ အပိုဆောင်း ထုတ်လုပ်ပေးနိုင်သည်။
- 7. 1TB အထိ memroy ချဲ့ထွင်မှုကို ထောက်ပံ့ပါသည်။ Micro SD ကဒ်ကို သီးခြားဝယ်ယူရန် လိုအပ်သည်။ operating system နှင့်ကြိုတင်ထည့်သွင်းထားသည့် app များသိုလှောင်မှုကြောင့် အမှန်တကယ်ရရှိနိုင်သော RAM သည် 8GB ထက်နည်းသည်။ operating system နှင့်ကြိုတင်ထည့်သွင်းထားသည့် application များ၏သိုလှောင်မှုကြောင့် အမှန်တကယ်ရရှိနိုင်သော ROM သည် 128GB အောက်သာရှိသည်။
- 8. Android is a trademark of Google LLC.