vivo

6.35-inch Halo FullView™ Display

Y12 တွင် 6.35 လက်မရှိ Halo FullView™ Display နဲ့ aspect ratio 19.3:9 ပါဝင်ပါတယ်။ အကောင်းဆုံး လုပ်ဆောင်မှုတွေနဲ့ ဖန်တီးထားတဲ့ ဘေးဘောင်တွေက screen-to-body ratio ကို 89% နှုန်း ရှိစေပြီး ဖုန်းရဲ့ အသွင်အပြင်က flagship-standard ကဲ့သို့ ခံစားရရှိစေပါတယ်။ ထို့အပြင် screen ကြီးပေမယ့် စနစ်တကျ အသေးစိတ် ပြုလုပ်ထားတဲ့ ဒီဇိုင်းကြောင့် လက်တစ်ဖက်ထဲနဲ့ ကိုင်ထားတဲ့အခါမှာလည်း ပေါ့ပါးကျစ်လစ်မှုကို ခံစားရရှိစေမှာပါ။

  • 6.35-inch

    Halo FullView™ Display
  • 19.3:9

    Aspect Ratio
  • 89%

    Screen-to-body ratio

ညို့ယူဖမ်းစားနိုင်တဲ့ မျက်လှည့်ဆန်ဆန် အရောင်ပြေး

ဒီတစ်ခေါက်မှာ သဘာဝရဲ့ အလှအပနဲ့ ကန်ရေပြင်ပေါ်မှာ ကျနေတဲ့အလင်းရဲ့ အရောင်ပြန်ဟပ်လာတဲ့ အရောင်တွေကို အသုံးပြုထားပါတယ်။ Y12 ရဲ့ သိမ်မွေ့တဲ့ အရောင်ပြေးတွေကို ရှုထောင့်တစ်ခုချင်းစီကနေ တွေ့ရမှာပါ။

Aqua Blue
Burgundy Red
Thunder Black

AI Triple Camera

ပရိုဆန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးလိုက်ပါ

ကမ္ဘာကြီးကို AI Triple Camera နဲ့သာ ရိုက်ကူးမယ်ဆိုရင် ဓာတ်ပုံရိုက်ကူးမှုတွေဟာ ပိုပြီး လွယ်ကူလာမှာပါ။ Y12 မှာ အနောက် ကင်မရာသုံးလုံး ပါဝင်ပြီး 13MP Main Camera, 8MP Super Wide-Angle Camera, နဲ့ 2MP Depth Camera ဆိုပြီး ကင်မရာတစ်လုံးချင်းစီက အသီးသီး လုပ်ဆောင်ပေးကြပါတယ်။ ရင်သပ်ရှုမောဖွယ် လှပတဲ့ ရှုခင်းပုံတွေကို ရိုက်ကူးနိုင်ဖို့ Y12 မှာ ပါဝင်တဲ့ ကင်မရာသုံးလုံးက ကူညီနိုင်ပါလိမ့်မယ်။

AI Super Wide-Angle Camera

မိုးကုတ်စက်ဝိုင်းအထိ ချဲ့ထွင်လိုက်ပါ

Y12 မှာ ပါဝင်တဲ့ Super Wide-Angle Camera က သင့်ရဲ့ မြင်ကွင်းကို 120° ထိ ချဲ့ထွင်နိုင်တဲ့အတွက် သင့်ရဲ့ လှပတဲ့ ရှုခင်းပုံတွေ၊ သင့်ရဲ့သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့အပြင် ပိုပြီး အံ့သြမင်သက်ဖွယ်ကောင်းတဲ့ ဓာတ်ပုံတွေကို ပိုပြီး ရိုက်ကူးနိုင်တော့မှာပါ။

*AI Super Wide-Angle Camera is able to capture 108° photos after accounting for distortion.

After

Before After

5000mAh Battery

အဆုံးစွန်အထိ ခံမယ့် ဘက်ထရီစွမ်းအား

Y12 မှာ အကောင်းဆုံး Power-Saving နည်းပညာနဲ့အတူ ထိပ်တန်း 5,000mAh ဘက်ထရီကို ပိုင်ဆိုင်ထားတဲ့အတွက် သင့်ရဲ့ ဘက်ထရီသက်တမ်းကို ကြာရှည်ခံစေမှာပါ။

3GB RAM + 32/64GB ROM

Y12 မှာ ပါဝင်တဲ့ 3GB RAM နဲ့ 64GB ROM က ဖုန်းထဲမှာ အက်ပလီကေးရှင်းတွေ အများကြီး ထည့်သွင်းနိုင်ဖို့နဲ့ အသုံးပြုရတာ အဆင်ပြေချောမွေ့စေဖို့ ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် 2.0GHz အမြန်နှုန်းနဲ့ octa-core processor ကို 12nm ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့အပြင် Android 9.0 ကို အခြေခံပြီး အထူးပြုလုပ်ထားတဲ့ Funtouch OS 9 ထည့်သွင်းပြုလုပ်ထားပါသည်။

အချောမွေ့ဆုံး ဂိမ်းစနစ်

Y12 မှာ ပါဝင်တဲ့ Game Mode က ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားတဲ့ အတွေ့အကြုံတွေကို ဖန်တီးပေးနိုင်ပါတယ်။ Competition Mode ကို အသုံးပြုပြီး e-sports ကို pro တစ်ယောက်လို ကစားနိုင်ဖို့အတွက် ထည့်သွင်းထားတဲ့ စနစ်တွေက ဂိမ်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ Gamer တွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ အမြန်နှုန်းကို မြှင့်တင်ပေးဖို့ Dual-Turbo က lightning-fast လုပ်ဆောင်ချက်အဖြစ် လုပ်ဆောင်ပေးပါတယ်။ Frame-drop ကိုလည်းလျှော့ချထားတဲ့အတွက် ပိုပြီး ချောမွတ်ပြေပြစ်တဲ့ ဂိမ်းအတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။

မှတ်ချက်:

1. ပိုမို ကောင်းမွန်သည့် ဓာတ်ပုံအရည်အသွေးများနှင့် အသုံးပြုမှု အတွေ့အကြုံအတွက် ပုံများ၏ မတူညီသော pixel နံပါတ်များကို မတူညီသော modes များတွင် ထည့်သွင်းထားရှိမည် ဖြစ်ပါသည်။

2. ယခု ပါဝင်သော ပုံသည် ကိုးကားရန်အတွက်သာ ဖြစ်ပြီး display screen ပေါ်တွင် ပြထားသည့် ဓာတ်ပုံသည် ပုံဖော်ပြသရန် ရည်ရွယ်၍ ကိုယ်တိုင် တီထွင်ထားသည့် ဓာတ်ပုံ ဖြစ်ပါသည်။ စံထားရှိထားသည့် ပြင်ပထုတ်ကုန်များကို ရယူနိုင်ပါသည်။ ယခု စာမျက်နှာတွင် ပြသထားသည့် နှိုင်းယှဉ်ထားသော အချက်အလက်များသည် Vivo ထုတ်ကုန်များကိုသာ ရည်ညွှန်းပါသည်။

3. ယခု ဖော်ပြထားသည့် အချက်အလက်အားလုံးသည် ဒီဇိုင်းပညာရှင် တိုင်းတာသူများ၊ သုသေသန စမ်းသပ်စစ်ဆေးချက် ရလဒ်များနှင့် supplier များ စမ်းသပ်စစ်ဆေးထားသည့် အချက်အလက်များကို အခြေခံပြီး ဖော်ပြထားခြင်းဖြစ်ပါသည်။ လက်တွေ့ စွမ်းဆောင်ရည်သည် software version ၊ specific test environment နှင့် phone model များအပေါ် မူတည်ပြီး ကွဲလွဲသွားနိုင်ပါသည်။

4. specifications များနှင့် ဖော်ပြချက်များသည် Vivo မှ ပိုမိုကောင်းမွန်စေရန် အချိန်မရွေး ပြန်လည် ပြင်ဆင်နိုင်မည်ဖြစ်ပြီး အဆိုပါ ပြန်လည်ပြင်ဆင်ချက်များကို ကြိုတင်အသိပေး အကြောင်းကြားခြင်း မပြုလုပ်ပါ။

5. Screen size မှာ ထောင့်ဖြတ် တိုင်းတာထားခြင်း ဖြစ်သည့်အတွက် ထောင့်မှန်အပြည့်မှာ 6.35 လက်မဖြစ်ပြီး ထောင့်ချိုးအကွေးများ ထည့်သွင်းတိုင်းတာပါက 6.2 လက်မရှိသည်။