vivo

Halo FullView™ Display

6.22 လက်မရှိတဲ့ Halo FullView™ Display ပါဝင်လာတဲ့ Y91C 2020 ဟာ screen-to-body အချိုး 88.6% ရှိပြီး ကြည့်ရှုသူရဲ့ မြင်ကွင်းခံစားချက်ကို မြှင့်တင်ပေးမှာပါ။ Notch ဒီဇိုင်းကိုလည်း ပြန်လည်ဖန်တီးပေးထားသလို၊ စမတ်ကျတဲ့ဒီဇိုင်း၊ စမတ်ကျတဲ့ hand gesture ထိန်းချုပ်နိုင်စွမ်းတွေဟာ ကြီးမားတဲ့ မျက်နှာပြင်ကို ပိုမိုအဓိပ္ပာယ်ပြည့်စုံစေမှာပါ။

  • 6.22-inch

    FullView™ Display
  • 88.6%

    Screen-to-body Ratio

အရောင်ပြေးဒီဇိုင်း

Y91C 2020 ရဲ့ ဖန်မျက်နှာပြင်နဲ့တူပြီး အထာကျတဲ့ အနောက်ဖက်ဒီဇိုင်းဟာ အနက်ရောင်နဲ့ စိမ်းပြာရောင်လေးကို ရောထွေးပေါင်းစပ်ပေးထားပြီး အသက်ရှုမှားလောက်စရာ အသွင်အပြင်တစ်ခုကို ပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် ဖုန်းရဲ့ 3D Curve ဒီဇိုင်းကလည်း လက်ထဲမှာ မြဲမြံစေပြီး၊ ဆွဲဆောင်မှုရှိတဲ့ ပုံစံတစ်ခုကို ဖော်ဆောင်ပါလိမ့်မယ်။

AI ဓာတ်ပုံပညာ၊ အထာကျကျဓာတ်ပုံရိုက်ပါ။

Y91C 2020 ဟာ AI ဓာတ်ပုံပြုပြင်စနစ်ပါဝင်ပြီး သင့်ရဲ့မျက်နှာအသွင်အပြင်အတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို အလိုအလျောက် ယူဆောင်လာပေးမှာ ဖြစ်သလို၊ လှပတဲ့ ပုံလေးရဖို့ တကူးတက ပြုပြင်နေရမယ့် ဒုက္ခကို ကင်းဝေးစေပါလိမ့်မယ်။ အရင်ကမလွယ်ကူခဲ့တဲ့ ပရောဖက်ရှင်နယ်ကျကျ ဓာတ်ပုံရိုက်ချက်တွေက အခုတော့ ရှိလာပါပြီ။

AI Photography အသုံးမပြုမီ

AI Photography အသုံးပြုပြီး

အရည်အသွေးမြင့် 4030mAh ဘက္ထရီ

Y91C 2020 မှာဆိုရင် ကြီးမားသော ဘက္ထရီ ပမာဏဖြစ်တဲ့ 4030mAh တပ်ဆင်ပေးထားပြီး အခြားသော စွမ်းအင်ထိမ်းချုပ်စနစ်တွေနဲ့ ပေါင်းစပ် အလုပ်လုပ်ဆောင်နိုင်တာဖြစ်လို့ ကြာရှည်ခံမယ်ဆိုတာကတော့ သေချာပါတယ်။ အားကုန်မှာစိုးလို့ စိုးရိမ်ခဲ့ရတဲ့ အချိန်တွေဟာ အတိတ်မှာ ကျန်ခဲ့ပါပြီ။

32GB ROM

ROM ပမာဏ 32GB ဟာ သင့်ရဲ့ ဓာတ်ပုံတွေ၊ ဖိုင်တွေကို လွတ်လပ်စွာ သိမ်းဆည်းခွင့်ပေးပြီး ဖိုင်တွေခဏခဏဖျက်ပစ်ဖို့ မလိုတော့ပါဘူး။ Y91C 2020 ဟာ 256GB အထိ ထပ်တိုးသုံးစွဲနိုင်တာလည်းဖြစ်လို့ သင်သိမ်းချင်သမျှကို စိတ်ကြိုက်သိမ်းထားလို့ရပါပြီ။

  • 32GB

    သိုလှောင်နိုင်စွမ်း
  • 256GB

    အများဆုံး ထပ်တိုးအသုံးပြုနိုင်မည့် ပမာဏ

Octa-Core Processor
စွမ်းဆောင်ရည်တွေကိုမြှင့်တင်ပါ။

Y91C 2020 ဟာ octa-core processor ကိုမှ 12nm ဒီဇိုင်းနဲ့ဖြစ်ပြီး clock speeds ဟာ 2.0GHz အထိ ရရှိနိုင်ပါတယ်။ ဒီအတွက်ကြောင့် ပိုမိုမြန်ဆန်တဲ့ လုပ်ဆောင်နိုင်စွမ်း၊ စွမ်းအင်အသုံးချမှု နည်းပါးခြင်း၊ apps တွေကို ပိုမိုလျင်မြန်စွာ ဖွင့်လို့ရခြင်း၊ ပြောင်းလဲအသုံးပြုလို့ရခြင်း ဆိုတဲ့ ရလဒ်ကောင်းတွေကိုလည်း ပေးစွမ်းပါလိမ့်ဦးမယ်။

Face Access

vivo ဟာ Y91C 2020 နဲ့အတူ Face Access နည်းပညာကို ယူဆောင်လာပါပြီ။ သင့်ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ တစ်ပြိုင်နက် Face Access ကြောင့် ဖုန်းကို Unlock ပြုလုပ်နိုင်မှာပါ။ သင့်ဖုန်းကို ဝင်ရောက်ရတာဟာ ပိုမိုသက်တောင့်သက်သာနဲ့ လွယ်ကူလာပါပြီ။

Disclaimer:

1. For better image results and user experience, pictures of different pixel numbers will be outputted in different modes.

2. The product pictures shown are for reference only, the images shown on the display screen are simulated, and for demonstration purposes only. Please take actual products as standard. All comparisons shown on this page refer to vivo products only.

3. All data is based on our technical design parameters, laboratory test results and supplier test data. Actual performance may vary depending on software version, specific test environment and phone model.

4. vivo reserves the right to amend these specifications and descriptions, and amend the product described without giving any prior notice.

5. Measured diagonally, the screen size is 6.22-inch in the full rectangle and 6.02-inch in rounded corners.