vivo

  • 資產 8 6.47“ Eye
    Protection Screen
  • 資產 10 4GB+64GB
    /4GB+128GB
  • 資產 9 AI Quad Camera
  • 資產 7 5000mAh Battery

6.47 လက်မ

သေးငယ်တဲ့ ကင်မရာလေးကို ၆.၄၇ မျက်နှာပြင်မှာ တပ်ဆင်ထားတဲ့အတွက် အရမ်းကို ဆွဲဆောင်မှုရှိလွန်းတဲ့ အမြင်ကို ပေးစွမ်းနိုင်ပါတယ်။ screen-to-body ratio 90.7% ရှိပြီး aspect ratio ကို 19.5:9 နဲ့ 1560x720 HD+ resolution ရရှိဖို့ ဖန်တီးထားပါတယ်။

ပြည့်စုံမှုကို ရရှိဖို့ တစ်ဆင့်တက်လို့ အက်ပလီကေးရှင်း အမြောက်အမြားရဲ့ interfaces တွေကို မျက်နှာပြင်နဲ့ ချောချောမွေ့မွေ့ ပေါင်းစည်းနိုင်ရန် အထူးပြုလုပ်ထားပါတယ်။ ဒါ့အပြင် အသုံးပြုတဲ့အခါ အမြင်အာရုံ သက်သောင့်သက်သာ ဖြစ်ဖို့အတွက် Eye Protection mode က display ရဲ့ အရောင်တွေမှာ အပြာအလင်းတန်းတွေ လျှော့ချပြီး မျက်လုံးထိခိုက်မှုမှ သက်သာစေရန် ကူညီပေးပါတယ်။

  • 90.7%

    Screen-to-body Ratio
  • 19.5:9

    Aspect Ratio

တောက်ပတဲ့ 3D Colors
လှပလွန်းတဲ့ အနုပညာ

Y30 ရဲ့ကိုယ်ထည်ကို အောက်ပိုင်းကစလို့ အစိတ်အပိုင်းတစ်ခုချင်းစီအထိ အသေးစိတ် လှပပြီး ကျက်သရေရှိအောင် ဖန်တီးပြုလုပ်ထားပါတယ်။3D အကွေးလေးတွေက ချောမွေ့အောင် ဖန်တီးပေးပြီး အစွန်းဘက်က side panels လေးတွေကို အလင်းတန်းလေးတွေ ပြေးနေစေပါတယ်။

Emerald Black edition က အနက်ရောင်တောက်တောက်ကို လှပတဲ့ ကျောက်မျက်အစိမ်းရောင်နဲ့ ပေါင်းစပ်ထားပါတယ်။ Dazzle Blue က တပ်မက်ဖွယ်ကောင်းတဲ့ နီယွန်အလင်းတန်းလေးလို လှပလွန်းပါတယ်။ ဒါ့အပြင် Moonstone White က ပုလဲဘုရင်မ တစ်ယောက်ရဲ့ နွေးထွေးမှုကို ပေးစွမ်းနိုင်သလို ဆွဲဆောင်နိုင်ပါတယ်။

Swipe left to see more Смахнуть и увидеть детали

  • Emerald Black
  • Moonstone White
  • Dazzle Blue

AI Quad Camera

Y30 မှာ ပါဝင်တဲ့ အနောက်ကင်မရာ ၄ လုံးရဲ့ တပ်ဆင်မှုက ထူးခြားပြီး ကျစ်ကျစ်လစ်လစ် ရှိပါတယ်။ 13MP ပင်မကင်မရာ၊ 8MP အထူးမြင်ကွင်းကျယ် ကင်မရာ၊ 2MP Super-Macro ကင်မရာ နဲ့ 2MP Bokeh ကင်မရာတို့က သူ့ရဲ့လုပ်ဆောင်ချက် တစ်ခုချင်းစီကို ချောချောမွေ့မွေ့ လုပ်ဆောင်ပေးပြီး သင့်ရဲ့ လက်ချောင်းထိပ်လေးနဲ့ ထိပြီး ဓာတ်ပုံရိုက်လိုက်တိုင်း ပရိုဆန်တဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

  • 13MP

    Main Camera
  • 8MP

    Wide-Angle Camera
  • 2MP

    Super Macro Camera
  • 2MP

    Bokeh Camera

အထူးမြင်ကွင်းကျယ် ကင်မရာ

8MP အထူးမြင်ကွင်းကျယ် ကင်မရာက 120-degree ဒီဂရီအထိ ချဲ့ထွင်ပေးနိုင်တော့ ပိုပြီး ကျယ်ပြန့်တဲ့ ရှုခင်းပုံတွေနဲ့ လူအများကြီးပါဝင်တဲ့ အုပ်စုပုံတွေ အလွယ်တကူ ရိုက်ကူးနိုင်ပြီပေါ့။

• အထူးမြင်ကွင်းကျယ် ကင်မရာသည် အတားအဆီးများကို ဖယ်ရှားလျှင် 108-degree အထိ ကောင်းမွန်စွာ ရိုက်ကူးနိုင်သည်။

Super Macro ကင်မရာ

2MP Super Macro ကင်မရာက သင့်ကို မနက်ခင်း မိုးနှင်းပေါက်လေးတွေကနေ ပျားအိမ်အပေါက်သေးသေးလေးတွေအထိ သေးငယ်လှပတဲ့ ကမ္ဘာကြီးရဲ့ 4cm အနီးကပ် ရိုက်ကူးနိုင်အောင် ကူညီပေးနိုင်ပါတယ်။

128GB ROM

128GB ROM က သင့်ကို ပမာဏများများ အတားအဆီးမရှိ သိမ်းဆည်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။ အက်ပလီကေးရှင်းတွေကို သင့်စိတ်ကြိုက် ထည့်သွင်းပြီး ဓာတ်ပုံ၊ video တွေနဲ့ အမှတ်တရတွေကို သိမ်းဆည်းလိုက်ပါ။ Y30 နဲ့ဆိုရင် သင်ချစ်တဲ့အရာအားလုံး အတားအဆီးလည်း မရှိသလို အသစ်တွေ သိမ်းဆည်းဖို့ အဟောင်းတွေလည်း ပြန်ရှင်းစရာမလိုတဲ့အပြင် အက်ပလီကေးရှင်းတွေကို ဖျက်စရာလည်း မလိုပါဘူး။ ဒါဆိုရင် သင့်အနေနဲ့ ပျော်ပျော်ရွှင်ရွှင် အသုံးပြုနိုင်ပြီပေါ့။

*64GB ROM အမျိုးအစားလည်း ရရှိနိုင်ပါသည်။

5000mAh ဘက်ထရီ

5000mAh ဘက်ထရီက သင့်ရဲ့ Y30 ကို ပိုပြီး ကြာကြာအသုံးပြုနိုင်အောင် ကူညီပေးနိုင်တော့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ပြီပေါ့။ အားသွင်းတဲ့အချိန် ရောက်လာရင်လည်း Type-C အားသွင်းပေါက်နဲ့ အားသွင်းလိုက်တော့ အရင်က တစ်ခါမှ မရခဲ့ဖူးတဲ့ အမြန်နှုန်းနဲ့ မြန်မြန်အားပြည့်နိုင်ပြီပေါ့။
Y30 က အွန်လိုင်းဂိမ်း1ကို ၉ နာရီကြာ ဆော့ကစားနိုင်ပြီး သီချင်း2ပဲနားထောင်ရင်တော့ ၁၃၇.၀၉ နာရီကြာ နားထောင်နိုင်မှာ ဖြစ်ပါတယ်။

1Mobile Legends ကို ဖုန်းအား အပြည့်သွင်းထားပြီး Wi-Fi နဲ့ ချိတ်ကာ volume အပြည့်၊ 150cd/m² screen brightness ထား၍ ဆော့ကစားသော အချိန်ကို တိုင်းတာခြင်း ဖြစ်သည်။ အမှန်တကယ် ဆော့ကစားသောအချိန်သည် အခြေအနေပေါ် မူတည်၍ ကွဲပြားမှုရှိနိုင်သည်။
2သီချင်းဖိုင်များကို ဖုန်းအားအပြည့်သွင်းထားပြီး Airplane mode ထား၍ ဖွင့်ကာ စမ်းသပ်ထားခြင်းဖြစ်သည်။ အမှန်တကယ် နားထောင်သောအချိန်သည် အခြေအနေပေါ် မူတည်၍ ကွဲပြားမှုရှိနိုင်သည်။

Y30 စမတ်ဖုန်းတွေနဲ့ စမတ်လက်ပတ်စတဲ့ အခြား ဒစ်ဂျစ်တယ်ပစ္စည်းတွေ ကို အားသွင်းနိုင်ဖို့ 5V/1A reverse charging ကိုလည်း ထောက်ပံ့ထားပါတယ်။

* Reverse charging သည် OTG cable လိုအပ်ပြီး သီးသန့်ဝယ်ရန် လိုအပ်သည်။
  • 9h

    Gameplay
  • 137.09h

    Music
*အထက်တွင် ဖော်ပြထားသည့် အချိန်စမ်းသပ်ချက်များသည် သုသေသန စမ်းသပ်ဌာနမှ ဖော်ပြထားသည့် စမ်းသပ်ချက်များဖြစ်ပြီး သက်ဆိုင်ရာ အက်ပလီကေးရှင်း စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။

Multi-Turbo 3.0

Multi-Turbo 3.0 ကို ဈေးကွက်ရဲ့ ပထမတန်း VPG (vivo Process Guardian) နည်းပညာနဲ့ အဆင့်မြှင့်တင်ထားပြီး အရှိန်မြှင့်တင်ဖို့ ပင်မစနစ်ကို စနစ်တကျလုပ်ဆောင်ပေးဖို့ Center Turbo နဲ့ ဉာဏ်ရည်မြင့်မားတဲ့ ပြင်ဆင်မှုများ လုပ်ဆောင်နိုင်ဖို့ AI Turbo ကို ထည့်သွင်းအသုံးပြုထားပါတယ်။ ပြင်ပ အက်ပလီကေးရှင်းများကြောင့် ဖြစ်တဲ့ သာမန်မဟုတ်တဲ့ စနစ်မှားယွင်းမှုများကို ခန့်မှန်းနိုင်ပြီး တည်နေရာနဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်ပါတယ်။

Ultra Game Mode

ပိုပြီး ထူးခြားဆန်းပြား ချောမွေ့မယ့် ဂိမ်းအတွေ့အကြုံကို ပိုမိုလိုလားတဲ့ ဂိမ်းအရမ်းကစားသူတွေအတွက် tailor-made Competition Mode အသစ်အားလုံးကို မိတ်ဆက်ပေးလိုက်ပါပြီ။
Screen Recording ကသင့်ရဲ့ ultimate gaming အချိန်တွေကို ဖမ်းယူနိုင်စေမှာပါ။ သင် activate လုပ်လိုက်တဲ့အခါ သင့်ရဲ့ ဂိမ်း recordings နဲ့ screenshots အားလုံး သင်ကိုယ်တိုင် ဖန်တီးထားတဲ့ Game folder album ထဲကို ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူပဲ ရောက်သွားမှာပါ
အခုဆိုရင် Brightness Lock နဲ့ အလင်းရောင်အလိုအလျောက် ချိန်ညှိပေးမှုကို ပိတ်နိုင်ပါပြီ။ ဖုန်းမျက်နှာပြင်ရဲ့ အလင်းရောင်က သင့်ရဲ့ ဂိမ်းကစားနေစဉ် တစ်လျှောက်လုံး ဒီ level မှာပဲ ရှိနေမှာပါ။ ဒါပေမယ့် နောက်တစ်ကြိမ် အသုံးပြုမှုအတွက်တော့ ဒီ level အတိုင်း ထောက်ပံ့ပေးနိုင်မှာ မဟုတ်ပါဘူး။ နောက်တစ်ကြိမ် သင်ကစားတဲ့အခါ အလင်းရောင် အလိုအလျောက် ပြန်ဝင်လာမှာပါ။

Funtouch OS 10

Effects ပြောင်းလဲမှုများ

Settings မှာ ပါဝင်လာတဲ့ feature အသစ်က သင့် ဖုန်း unlocks လုပ်လိုက်တဲ့အချိန်မှာ Y30 ရဲ့ screen animation အမြောက်အမြား ရွေးချယ်နိုင်မှာဖြစ်ပြီး သင့်ရဲ့ မျက်နှာကို မှတ်ယူနိုင်ပါတယ်။ သင့်ရဲ့ အလင်းရောင် ရှိုးပွဲအတွက် ကိုယ်တိုင် ဒါရိုက်တာ အဖြစ် လုပ်ဆောင်လိုက်ပါ။

EasyShare
Instant Phone Clone

သင့်ရဲ့ ဖုန်းအသစ်ထဲကို data ပြောင်းယူဖို့ ခက်ခက်ခဲခဲတွေ လုပ်နေစရာ မလိုတော့ပါဘူးနော်။ EasyShare က တစ်ချက်လေးနှိပ်ရုံနဲ့ Y30 ထဲကို သင့်ရဲ့ data တွေ လွယ်လွယ်ကူကူ ပြောင်းလဲယူနိုင်မှာပါ။ တစ်ချက်လေးနှိပ်ဖို့ကတော့ ခုပဲလုပ်ဆောင်လိုက်ပါ။

iManager
မိုဘိုင်းကြီးကြပ်ပေးခြင်း

vivo အသုံးပြုသူတွေကို နေ့စဉ် ပျင်းရိစရာ လုပ်ဆောင်ချက်တွေကို iManager က အခမဲ့ ကြီးကြပ်ပေးမှာပါ။ လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်တွေကို မှတ်သားထားလိုက်ပါ။ ဥပမာ သင့်ရဲ့ဖုန်းကို ရှင်းလင်းပေးခြင်း ဒါမှမဟုတ် ညဘက်မှာ issues တွေကို scanning လုပ်ပေးရမှာမျိုးတွေပေါ့။ iManager က သင်ညဘက် အိပ်မောကျ အိပ်စက်နေတဲ့အချိန်မှာ သင်ရဲ့ ဖုန်းကို good shape ရအောင် လုပ်ဆောင်ပေးမှာပါ။

ရေဓာတ်ဖြည့် သတိပေးချက်နဲ့ အားကစား စီမံခန့်ခွဲမှု

Jovi က သင့်ရဲ့အသက်နဲ့ အလေးချိန်ကို အခြေခံပြီး ရေဓာတ်ဖြည့်ဖို့ အကြံပေးချက်တွေကို customized လုပ်ဆောင်ပေးပြီး ရေသောက်ဖို့ အချိန်မှန် သတိပေးနေပါသည်။ အားကစား စီမံခန့်ခွဲမှု tools တွေကလဲ သင့်ရဲ့ အရပ်အမြင့်နဲ့ အလေးချိန်ကို တွေးဆပေးပြီး လမ်းလျှောက်ခြင်း၊ တောင်တက်ခြင်း စတဲ့ target တွေကိုလည်း ပြသပေးပြီး သင့်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း မှတ်ယူပေးပါတယ်။

Screen Time

သင်နဲ့ ဖုန်းနဲ့ အချိန်အကြာကြီး ကော်လို ကပ်မိနေပြီလား။ Screen Time က သင့်ရဲ့ ဖုန်းအသုံးပြုချိန်ကို မှတ်သားပြီး အမှန်တကယ် အသုံးပြုချိန် data ကို ပြသပေးပါသည်။ သင့်ရဲ့ ဖုန်းနဲ့ အက်ပလီကေးရှင်း တစ်ခုချင်းအပေါ် အချိန် ဘယ်လောက်ကြာကြာ အသုံးပြုမိနေပြီလဲဆိုတာ စစ်ဆေးရင် တစ်ရက်မှာ သင့်ရဲ့ အသုံးပြုမှုကို မြင်နိုင်တော့ အသုံးပြုမှုအချိန်ကို သတ်မှတ်နိုင်ပါတယ်။ ဒီလို အသိဉာဏ်မြင့် အချိန်စီမံခန့်ခွဲမှု tool နဲ့ဆိုရင် ပိုလျှံစွာ အသုံးပြုမှုကို လျှော့ချနိုင်ပြီး သင့်ရဲ့ ဖုန်းကို ကျန်းကျန်းမာမာ အသုံးပြုနိုင်ပါပြီ။

Jovi Event

Jovi Smart Scene is now coming with an exciting new feature--Jovi Events. It reminds you of upcoming cricket, soccer or basketball matches, and shows you the final results. Stay up to date with how your favorite teams are performing and never miss their winning moments.

မှတ်ချက်:

  • 1. ပိုမိုကောင်းမွန်သည့် ဓာတ်ပုံရလဒ်များနှင့် အသုံးပြုမှု အတွေ့အကြုံအတွက် ဓာတ်ပုံများ၏ အမျိုးမျိုးသော pixel numbers သည် modes အမျိုးမျိုးတွင် အသုံးပြုမည် ဖြစ်သည်။
  • 2. ယခု ပါဝင်သော ပုံသည် ကိုးကားရန်အတွက်သာ ဖြစ်ပြီး display screen ပေါ်တွင် ပြထားသည့် ဓာတ်ပုံသည် ပုံဖော်ပြသရန် ရည်ရွယ်၍ ကိုယ်တိုင် တီထွင်ထားသည့် ဓာတ်ပုံ ဖြစ်ပါသည်။ စံထားရှိထားသည့် ပြင်ပဓာတ်ပုံများကို ရယူနိုင်ပါသည်။
  • 3. ယခု ဖော်ပြထားသည့် အချက်အလက်အားလုံးသည် ဒီဇိုင်းပညာရှင် တိုင်းတာသူများ၊ သုသေသန စမ်းသပ်စစ်ဆေးချက် ရလဒ်များနှင့် supplier များ စမ်းသပ်စစ်ဆေးထားသည့် အချက်အလက်များကို အခြေခံပြီး ဖော်ပြထားခြင်း ဖြစ်ပါသည်။ လက်တွေ့ စွမ်းဆောင်ရည်သည် software version ၊ specific test environment နှင့် phone model များအပေါ် မူတည်ပြီး ကွဲလွဲသွားနိုင်ပါသည်။
  • 4. specifications များနှင့် ဖော်ပြချက်များသည် Vivo မှ ပိုမိုကောင်းမွန်စေရန် အချိန်မရွေး ပြန်လည် ပြင်ဆင်နိုင်မည်ဖြစ်ပြီး အဆိုပါ ပြန်လည်ပြင်ဆင်ချက်များကို ကြိုတင်အသိပေး အကြောင်းကြားခြင်း မပြုလုပ်ပါ။
  • 5. Screen size မှာ ထောင့်ဖြတ် တိုင်းတာထားခြင်း ဖြစ်သည့်အတွက် ထောင့်မှန်အပြည့်မှာ 6.47 လက်မဖြစ်ပြီး ထောင့်ချိုးအကွေးများ ထည့်သွင်းတိုင်းတာပါက အနည်းငယ် သေးငယ်သည်။