
8.0 mm
အထူရှိသည့် ပါးလွှာပြီး ခေတ်မီသည့် ဒီဇိုင်း
5,000mAh Battery + 18W Fast Charge
4GB+1GB Extended RAM 6
ဒီဇိုင်း
Luxury Feel ကို ရရှိစေမည့် ပါးလွှာပြီး ခေတ်မီသည့် ဒီဇိုင်း
2.5D Flat Frame နှင့် 8.0mm အထူသာရှိသည့် ကိုယ်ထည်တွင် ကြီးမားသော 5,000mAh ဘက်ထရီကို ထည့်သွင်းထားသည်။ ပေါ့ပါးသည့် ကိုယ်ထည်သည် ကိုင်တွယ်ရန် အကောင်းဆုံး ဖြစ်ပြီး သက်သောင့်သက်သာ ရှိစေမည်ဖြစ်သည်။ ရိုးရှင်းသော ကိုယ်ထည်ဒီဇိုင်းသည် သင့်ကို ဖက်ရှင်ကျနေစေမည်ဖြစ်သည်။
- အထူ (Camera မပါ)
8,0 mm ဝန်းကျင်
- အလေးချိန်
182g ဝန်းကျင်
Metallic Blue
ခရမ်းပြာရောင်မျက်နှာပြင်ကို ဆန်းသစ်သည့် ငွေရောင် Coating ဖြင့် ပေါင်းစပ်ပေးထားသည့်အတွက် အလင်းရောင်းနှင့် လှုပ်ရှားမှုတို့နှင့်အတူ ပြောင်းလဲနေမည့် Metallic တောက်ပမှုကို ရရှိစေမည်ဖြစ်သည်။
Pearl White
Nano အပေါ်ယံလွှာသည် ထူးခြားသော ဖွဲ့စည်းတည်ဆောက်ပုံကို ဖန်တီးပေးပြီး နောက်ဆုံးပေါ် Liquid Crystal Coating နည်းစနစ်သည် အလင်းနှင့် ထပ်တူပြောင်းလဲနေသည့် ထူးခြားသော ပုလဲတောက်ပမှုပုံစံဖြင့် မျက်နှာပြင်ကို အလှဆင်ပေးသည်။ လှပပြေပြစ်သော ပန်းရောင်နှင့် ရိုးရှင်းသော အပြာရောင်တို့၏ ပေါင်းစပ်မှုသည် စိတ်ကူးအိပ်မက်ကို ပိုမိုတောက်ပစေသည်။
Diamond Glow
ဤဆန်းသစ်သည့် အရောင်စပ်ထားမှုသည် စေ့စပ်သေချာစွာ ဖြတ်တောက်ထားသော စိန်များကဲ့သို့ ကမ္ဘာကြီးကို တောက်ပစေရန် ဒီဇိုင်းပြုလုပ်ထားပြီး ထာဝရတောက်ပမှုနှင့် တောက်ပစေသည်။
Eye Protection စနစ်ပါဝင်သည့် HD+ မျက်နှာပြင်ဖြင့် အကောင်းဆုံး ရုပ်ထွက်များကို ကြည့်ရှုနိုင်ခြင်း
In-cell နည်းပညာ ပါဝင်သည့် ၆.၅၁ လက်မရှိ HD + Halo Display သည် ရုပ်ပုံများ၏ အသေးစိတ် အချက်အလက်များနှင့် တောက်ပသည့်အရောင်များကို ပေါ်လွင်စေသည်။ ရုပ်ရှင်ကြည့်ခြင်းမှ ဂိမ်းကစားခြင်းအထိ စက္ကန့်တိုင်းသည် စိတ်လှုပ်ရှားစရာကောင်းနေမည်ဖြစ်သည်။ Eye Protection Mode သည်လည်း ပိုမိုသက်သောင့်သက်သာရှိစေမည့် ကြည့်ရှုမှုအတွေ့အကြုံရရှိဖို့အတွက် အပြာရောင် အလင်းများကို စစ်ထုတ်ပေးသည်။1
- Aspect Ratio
20:9
- Screen-body Ratio
89%
- HD Definition
HD+
ဘေးဘက် လက်ဗွေစနစ်+ Face Wake
သင့်ဖုန်းကို ဘေးဘက်တွင်ရှိသည့် လက်ဗွေစနစ်လည်းဖြစ်သော Power Button မှတစ်ဆင့် ချောမွေ့ သော ရွေ့လျားမှု တစ်ခုဖြင့် ဖုန်းကို Unlock လုပ်နိုင်သည်။
လိုအပ်သည့်အချိန်တွင် မျက်စိတစ်မှိတ်အတွင်း ဖွင့်နိုင်သည့် Face Wake ကိုလည်း အသုံးပြုနိုင်သည်။
5000mAh Battery + 18W Fast Charge စနစ်
Y21 တွင် အသစ်ထပ်မံတိုးချဲ့ပေးထားသည့် 18W Fast Charge ဖြင့် အချိန်တိုအတွင်း အားသွင်း နိုင်မည်ဖြစ်ပြီး အချိန်ကြာကြာအသုံးပြုနိုင်ရန်အတွက် 5000mAh (TYP)2 ဘက်ထရီနှင့် အားဖြည့် ပေးထားသည်။ Y20 series ၏ 10W Fast Charge 3 စနစ်ထက် ၄၇.၈%* ပိုမိုမြန်ဆန်ပြီး မိနစ် ၃၀ အတွင်း ၃၄%* အထိအားပြန်သွင်းနိုင်သည်။ vivo ၏ VEG နည်းပညာသည် သင်၏ တက်ကြွသော ဘ၀နှင့် အညီ နေထိုင်ရန်နှင့် အဆက်မပြတ် ဆက်သွယ်မှု ရရှိစေဖို့အတွက် ဘက်ထရီအသုံးပြုမှုကို ကူညီပေးနိုင်သည်။
ဖုန်းကို Mobile Power Bank အဖြစ် ပြောင်းပေးသည့် Reverse Charging Function လည်း ထည့်သွင်းပေးထားသည်။
ွမ်းဆောင်ရည်ပိုင်း
Extended RAM 2.0
Y21 တွင် 4GB RAM 5 ါ၀င်သည့်အတွက် သင်၏ နေ့စဉ်အပြန်အလှန် အသုံးပြုမှုများကို ချောမွေ့ လွယ်ကူစေမည်ဖြစ်သည်။ 4GB RAM ဖြင့် မလုံလောက်သေးလျှင်လည်း Extended RAM 2.0 သည် idle ROM Space ၏ 1GB အထိကို RAM အဖြစ်လည်း အသုံးပြုနိုင်သည့်အတွက် သင့်အကြိုက် App များကို ပိုမိုလျင်မြန်စွာ ကူးပြောင်းအသုံးပြုနိုင်သည်။
64GB အထိ storage နေရာရှိပြီး 1TB 7 အထိ တိုးချဲ့အသုံးပြုနိုင်သည်။ ထို Storage ပမာဏသည် သင်၏ App များ၊ ဗွီဒီယိုများနှင့် ဓာတ်ပုံများအတွက် လုံလောက်သည်ထက် ပိုသည့် ပမာဏဖြစ်သည်။ ဂိမ်းကစားခြင်းအတွက် ပြင်းထန်သော စွမ်းအားနှင့် ပျော်စရာကောင်းသည့် အတွေ့အကြုံများကို ပေးနိုင်ရန်လည်း Octa-core processor ကို ထည့်သွင်းပေးထားသည်။
အကောင်းဆုံး အခိုက်အတန့်များအတွက် အစွမ်းထက်သည့် ကင်မရာစနစ်
AI Rear Camera System
Y21 ၏ AI Rear Camera System ကို Face Beauty၊ Filters နှင့် Bokeh အပါအ၀င် အခြား လုပ်ဆောင်ချက်များစွာဖြင့် ပံ့ပိုးပေးထားပြီး ပုံရိုက်ချက်တိုင်းကို လက်ရာမြောက်နေစေမည်ဖြစ်သည်။
အနုစိတ်အလှကမ္ဘာကို ရှာဖွေရန် Super Macro Camera
၄ စင်တီမီတာအတွင်း Camera Focus ရရှိနိုင်သည့် Super Macro Camera ဖြင့် နံနက်ခင်း နှင်းစက် တစ်စက်မှ လိပ်ပြာ တောင်ပံပေါ်ရှိ Texture အထိ အလွန်သေးငယ်သော အံ့ဖွယ်ရာ ကမ္ဘာတစ်ခုကို ဖော်ထုတ်နိုင်သည်။
Portraits ဓာတ်ပုံတိုင်းကို လှပနေစေရန် ရှေ့ကင်မရာတွင် Face Beauty စနစ် ထည့်သွင်း ထားခြင်း
Face Beauty Algorithm ပါဝင်သည့် 8MP ရှေ့ကင်မရာ Portrait Mode ကို အသုံးပြု၍ လှပကြော့ရှင်းနေသည့် Selfie ဓာတ်ပုံများကို ဖန်တီးနိုင်သည်။ ထို့ကြောင့် ဓာတ်ပုံများအား Crop လုပ်ခြင်း သို့မဟုတ် Zoom In လုပ်ရာတွင် မျက်နှာပုံထွက် ပျက်သွားမှာကို စိုးရိမ်ရန်မလိုတော့ပါ။ အလင်းရောင် မည်သို့ပင် ဖြစ်နေပါစေ၊ မပြောင်းလဲဘဲ အမြဲတောက်ပနေသည့် မျက်နှာအသားအရေကို ရရှိစေမည်ဖြစ်သည်။
*ဖော်ပြပါ ပုံများသည် သရုပ်ဖော်ပြသာရန်အတွက်သာ ဖြစ်သည်။ ကျေးဇူးပြုပြီး အမှန်တကယ်အသုံးပြုမှုကိုသာ ရည်ညွှန်းစေလိုပါသည်။
Personalized Portrait Mode
မည်သည့်နေရာတွင်မဆို သင်၏ Portrait ဓာတ်ပုံများကို Filters များနှင့် Pose Master ကဲ့သို့သော အစွမ်းထက်သည့် Features များဖြင့် အလှဆင်နိုင်သည်။ ဖန်တီးမည့် Portrait ဓာတ်ပုံတိုင်းသည် အရည်အသွေးအပြည့်ဖြင့် အထင်ကြီးလေးစားစရာ လက်ရာတစ်ခုဖြစ်နေရန်အတွက် ကန့်သတ်ချက် မရှိ ဖန်းတီးလိုက်ပါ။
*ဖော်ပြပါ ပုံများသည် သရုပ်ဖော်ပြသာရန်အတွက်သာ ဖြစ်သည်။ ကျေးဇူးပြုပြီး အမှန်တကယ်အသုံးပြုမှုကိုသာ ရည်ညွှန်းစေလိုပါသည်။
Funtouch OS 11.1
Multi-Turbo 5.0
vivo ၏ Multi-Turbo 5.0 သည် ဒေတာဆက်သွယ်မှု၊ System processor ၏ မြန်နှုန်းနှင့် Power-saving စွမ်းဆောင်ရည်တို့ကို အဆင့်မြှင့်ပေးသည်။ အအေးခံစနစ်လေးခု၏ လုပ်ဆောင်မှုသည်လည်း 8 Y33s ဖုန်းကို ပြင်းထန်သော ရာသီဥတုများတွင် အေးစေသည်။
Ultra Game Mode
ပိုမိုပြည့်စုံသော Sensory ဂိမ်းကစားခြင်းအတွေ့အကြုံကို ပေးစွမ်းနိုင်ရန် Ultra Game Mode အသစ်ကို မွမ်းမံပေးထားသည်။ တည်ငြိမ်အေးဆေးသည့် စတိုင်လ်နှင့် ပိုမိုပျော်စရာကောင်းသည့် ဂိမ်းများကို ကစားပြီး အနိုင်ယူလိုက်ပါ။
-
4D
Game Vibration -
Game
Picture-in-Picture -
Do Not Disturb
-
Esports Mode
စသည့် လုပ်ဆောင်ချက်များလည်း
ပါဝင်သည်။
A New Funtouch OS
ိုးရှင်းမှုနှင့် အပြည့်အ၀ ဆွဲဆောင်နေခြင်း
Funtouch OS 11.1 သည် သစ်လွင်သည့် ခံစားမှုကို ပေးနိုင်သည်။ ၎င်း၏ သပ်ရပ်သည့် ဒီဇိုင်းနှင့် ထိတွေ့မှုကို ထိန်းချုပ်သော စနစ်များသည် ရိုးရှင်းပြီး လက်တွေ့ကျ၍ သင့်အား လန်းဆန်းတက်ကြွ စေမည့် User Experience များကို ရရှိစေသည်။
EasyShare9
သင်၏ အသုံးမပြုတော့သည့် ဖုန်းအဟောင်းမှ အဖိုးတန် မိုဘိုင်းဒေတာများကို ဖုန်းအသစ်သို့ Easy Share feature ဖြင့် Mobile Data မလိုဘဲ အလွယ်တကူ လွှဲပြောင်းနိုင်သည်။ ဖုန်းများကို ပြောင်းလဲ အသုံးပြုရန်အတွက် လွယ်ကူအဆင်ပြေနေမည်ဖြစ်သည်။ ရုပ်ရှင် သို့မဟုတ် သီချင်းများကို သူငယ်ချင်းများနှင့် ဝေမျှရန်အတွက်လည်း Easy Share feature ကို အသုံးပြုနိုင်သည်။ ထိုသို့ အလွယ်တကူ ပြုလုပ်နိုင်ခြင်းသည် Smart Living ဖြစ်သည်။
သင့်အတွက် အကောင်းဆုံး Mobile Bulter ဖြစ်သည့် iManager
vivo ဖုန်းအသုံးပြုသူများအတွက် mobile butler ဖြစ်သော iManager သည် သင်၏ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးလိမ့်မည်။ ၎င်းသည် ဖုန်းနေရာများကို ရှင်းလင်းပေးနိုင်ခြင်း၊ လုံခြုံရေး ပိုမိုကောင်းမွန်စေခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိရိယာများကို ကြွယ်ဝစွာ စုဆောင်းပေးခြင်း ဖြင့် အကောင်းဆုံး User experience ကို ရရှိစေမည်ဖြစ်သည်။
Informations supplémentaires :
- Blue Light စစ်ထုတ်ခြင်း လုပ်ဆောင်ချက်အလုပ်လုပ်ရန်အတွက် Eye Protection Mode ကို ဖွင့်ထားရမည် ဖြစ်သည်။
- ပုံမှန်ဘက်ထရီ Capacity သည် 5,000mAh ဖြစ်ပြီး အဆင့်သတ်မှတ်ထားသော ဘက်ထရီ Capacity မှာ 4910 mAh ဖြစ်သည်။
- Y21 တွင် vivo Standard Charger (power adapter 9V/2A) ပါဝင်ပြီး 18W Fast Charge အထိ ထောက်ပံ့ပေးသည်။ အားသွင်းနှုန်းနှင့် ဆိုင်သည့် အချက်အလက်များကို vivo ဓာတ်ခွဲခန်းများမှ ရရှိထားခြင်းဖြစ်ပြီး အမှန်တကယ် အားသွင်းနှုန်းသည် မတူညီသည့် အခြေအနေနှင့် အသုံးပြုမှုများပေါ် မူတည်၍ ချိန်ညှိပေးသည်။
- Reverse Charging Function အတွက် OTG cable လိုအပ်ပြီး ၎င်းကို သီးခြားဝယ်ယူရမည် ဖြစ်သည်။
- Operating System နှင့် Pre-installed Apps များ၏ Storage ကြောင့် အမှန်တကယ် ရနိုင်သော RAM/ROM သည် ဖော်ပြထားသည်ထက် နည်းသည်။
- 4GB Extended RAM ကို Software မှ သတ်မှတ်ပေးသည်။
- 1TB အထိ Memory တိုးချဲ့မှုကို ထောက်ပံ့ပေးသည်။ Micro SD ကဒ်ကို သီးခြားဝယ်ယူရန် လိုအပ်သည်။
- အအေးခံစနစ်လေးခုတို့မှာ Graphite အအေးခံပြား၊ အပူစီးကူးမှုမြင့်မားသည့် ကြေးနီသတ္တုပါး၊ အပူစီးကူးနိုင်သည့် Heat Conductive Gel၊ Cooling Turbo အပူဖြန့်ဖြူးပေသည့် စီမံခန့်ခွဲမှု စနစ်တို့ဖြစ်သည်။
- Copyright ရှိသည့် သို့မဟုတ် Encrypted ပြုလုပ်ထားသည့် ဒေတာများနှင့် ဖိုင်များကို EasyShare မှ မျှဝေပေးမည် မဟုတ်ပါ။
- ၁။ လုပ်ငန်းစဉ်များ၊ တိုင်းတာခြင်းနည်းလမ်းများနှင့် ပစ္စည်းအထောက်အပံ့များ ပြောင်းလဲမှုကြောင့် အမှန်တကယ် အတိုင်းအတာနှင့် အလေးချိန်ကွဲပြားနိုင်သည်။
- ၃။ ပြသထားသော ကုန်ပစ္စည်းပုံများနှင့် လုပ်ဆောင်ချက်များသည် ရည်ညွှန်းရန်သာဖြစ်သည်၊ ဖန်သားပြင် ပြသ ထားသော ပုံများသည် ပုံတူဖြစ်ပြီး သရုပ်ပြရန်သာ ဖြစ်သည်။ ကျေးဇူးပြု၍ အမှန်တကယ်ထုတ်ကုန်များကို စံအဖြစ် ယူပါ။
- ၄။ အချက်အလက်အားလုံးသည် ကျွန်ုပ်တို့၏ နည်းပညာ ဒီဇိုင်းသတ်မှတ်ချက်များ၊ ဓာတ်ခွဲခန်းစမ်းသပ်မှုရလဒ်များနှင့် စမ်းသပ်အချက်အလက်များပေါ်တွင် မူတည်သည်။ Software Version ၊ သီးခြားစမ်းသပ်မှုအခြေအနေနှင့် ဖုန်းမော်ဒယ်ပေါ် မူတည်၍ အမှန်တကယ်စွမ်းဆောင်ရည် ကွဲပြားနိုင်သည်။ ဤစာမျက်နှာတွင် ပြထားသော နှိုင်းယှဉ်မှုများအားလုံးသည် vivo ထုတ်ကုန်များကိုသာ ရည်ညွှန်းသည်။
- ၅။ လုပ်ဆောင်ချက်များ၊ သတ်မှတ်ချက်များ သို့မဟုတ် ကုန်ပစ္စည်း၏ အစိတ်အပိုင်းများသည် Supplier အပြောင်းအလဲနှင့် ကွဲပြားသောထုတ်လုပ်မှုအဆင့်များကြောင့် ကွဲပြားနိုင်ပြီး vivo သည် ကြိုတင်အသိပေးခြင်းမရှိဘဲ ဤစာမျက်နှာပေါ်ရှိ ဖော်ပြချက်များကို ပြုပြင်ပြောင်းလဲနိုင်သည်။ အသုံးမပြုမီ ဤစာမျက်နှာကို သေချာဖတ်ပါ။
- ၆။ Pixel တန်ဖိုးသည် ကင်မရာပုံစံအမျိုးမျိုးနှင့် ကွဲပြားနိုင်ပြီး၊ အမှန်တကယ်အသုံးပြုမှုအပေါ် မူတည်သည်။