Design
Luxury Feel ကို ရရှိစေမည့် ပါးလွှာပြီး ခေတ်မီသည့် ဒီဇိုင်း
2.5D Flat Frame နှင့် 8.00 mm အထူသာရှိသည့် ကိုယ်ထည်တွင် ကြီးမားသော 5,000mAh ဘက်ထရီကို ထည့်သွင်းထားသည်။ ပေါ့ပါးသည့် ကိုယ်ထည်သည် ကိုင်တွယ်ရန် အကောင်းဆုံးဖြစ်ပြီး သက်သောင့်သက်သာ ရှိစေမည်ဖြစ်သည်။
စွမ်းဆောင်ရည်ကောင်းသည့် ဓာတ်ပုံအတွေ့အကြုံအတွက် Rear Camera ကို vivo ၏ ကိုယ်ပိုင်အမှတ်အသားဖြစ်သည့် Dual Tone Step အတိုင်း အံဝင်ခွင်ကျဖြစ်အောင် ထည့် သွင်းပေးထားသည်။ ရိုးရှင်းသောဒီဇိုင်းသည် သင့်အား ဖက်ရှင်ကျနေစေမည်ဖြစ်သည်။
- အထူ (camera မပါ)
8.0mm ဝန်းကျင်
- အလေးချိန်
182g ဝန်းကျင်
Mirror Black
အနက်ရောင်၏ လှပသော အရိပ်ကို တောက်ပသော အရောင်နှင့် ရောယှက်ပေးသည့် နောက်ဆုံးပေါ် Double Layer Coating နည်းစနစ်ကို အသုံးပြုထားပြီး အနက်ရောင်မျက်နှာပြင်အတွင်း အခြားသော အဆုံးမဲ့ အလင်း၊ အရိပ်၊ အရောင် ပေါင်းစပ်မှုနှင့် အရောင်ပြေးများကို မြင်တွေ့ရမည်ဖြစ်သည်။
Midday Dream
နူးညံ့ပြီး ဖောင်းကြွပုံစံရှိသည့် AG Texture သည် အေးမြသည့် ခံစားမှုကို ပေးစွမ်း နိုင်သည်။ Liquid Crystal Coating နောက်တစ်ထပ်ပါဝင်သည့်အတွက်လည်း မျက်နှာပြင်ကို ပိုမိုချောမွေ့ စေပြီး လက်ဗွေရာထင်ခြင်းကို ကာကွယ်ပေးသည်။ အလင်းရောင်နှင့်အတူ တောက်ပနေမည့် လိမ္မော်ရောင် နှင့် အပြာရောင် အရောင်ပြေးများကလည်း ထင်ကနဲ မြင်သာနေပြီး အာရုံဖမ်းစားနိုင်သည်။
အရာအားလုံးကို FHD+ ဖြင့် ကြည်လင်စွာကြည့်ပါ
၆.၅၈ လက်မရှိသည့် FHD + in-cell Display သည် တောက်ပသောအရောင်များနှင့် အနုစိတ်ပုံရိပ်များကို ပေးစွမ်းနိုင်သည်။ ထိတွေ့သည့် ခံစားချက်မှ ရုပ်ထွက်အထိ ချော့မွေ့ ပြီး ကြည်နူးဖွယ်ကောင်းသည့် အတွေ့အကြုံကို ရရှိနိုင်မည်ဖြစ်သည်။ ရုပ်ရှင်များမှ ဂိမ်းများအတွက် တည်ငြိမ်သည့် ကြည်လင်ပြတ်သား မှုနှင့်အတူ Built-in Blue Light Filter ဖြင့် မျက်လုံးများကိုလည်း ကာကွယ်ပေးနိုင်မည်။
- High Resolution
1080P
- Screen-body Ratio
90.6%
- Color Gamut
96% NTSC
ဘေးဘက် လက်ဗွေစနစ် + Face Wake
သင့်ဖုန်းကို ဘေးဘက်တွင် ရှိသည့် လက်ဗွေစနစ်လည်းဖြစ်သော Power Button မှ တစ်ဆင့် ချောမွေ့ သော ရွေ့လျားမှု တစ်ခုဖြင့် ဖုန်းကို Unlock လုပ်နိုင်သည်။
လိုအပ်သည့်အချိန်တွင် မျက်စိတစ်မှိတ်အတွင်း ဖွင့်နိုင်သည့် Face Wake ကိုလည်း အသုံးပြုနိုင်သည်။
5000mAh Battery + 18W Fast Charge စနစ်
ဘက်ထရီသက်တမ်းကို စိတ်ပူစရာမလိုဘဲ အသုံးပြုနိုင်ရန် 5000mAh (TYP)* ဘက်ထရီ၊ 18W Fast Charge နှင့် vivo Energy Guardian (VEG) စသည့် အားကောင်းသည့် ဘက်ထရီစနစ် သုံးခုထည့်သွင်း ပေးထားသည်။ အားသွင်းရ မြန်ဆန်ပြီး ကြီးမားသည့် ဘက်ထရီ Capacity ကို အပြည့်အဝ သုံး၍ အကျိုးရှိသည့် Energy Management ကို ရရှိနိုင်သည်။
ဖုန်းကို Mobile Power Bank အဖြစ်ပြောင်းပေးသည့် Reverse Charging Function လည်း ထည့်သွင်းပေးထားသည်။
အလင်းရောင်အားလုံးကို ပြတ်သားမှုရှိစေမည့် 50MP Triple Camera
50MP Rear Camera
High Definition ဓာတ်ပုံများ ရရှိစေရန် 50MP* Main Rear Camera Sensor အသစ် ထည့်သွင်း ပေးထားသည့်အတွက် အကောင်းဆုံး အချိန်များကို လွယ်လွယ်ကူကူ မှတ်တမ်းတင်နိုင်ပြီး Zoom In (သို့မဟုတ်) Crop လုပ်မည်ဆိုလျှင်လည်း ပြတ်သားရှင်းလင်းမှုကို ရရှိစေမည်ဖြစ်သည်။
Bokeh Camera
အနုပညာအတိမ်အနက်နှင့် အရည်အသွေးကောင်းများကို ဖန်တီးရန် လွယ်ကူလှသည့်မဟုတ်သော်လည်း Background ပုံရိပ်များကို ပိုမိုသဘာဝကျစေရန်အတွက် ကျွန်ုပ်တို့၏ Bokeh algorithm ကိုလည်း အဆင့်မြှင့်တင်ထားသည်။
အနုစိတ်အလှကမ္ဘာကို ရှာဖွေရန် Super Macro Camera
၄ စင်တီမီတာအတွင်း Camera Focus ရရှိနိုင်သည့် Super Macro Camera ဖြင့် နံနက်ခင်း နှင်းစက် တစ်စက်မှ လိပ်ပြာ တောင်ပံပေါ်ရှိ Texture အထိ အလွန်သေးငယ်သော အံ့ဖွယ်ရာ ကမ္ဘာတစ်ခုကို ဖော်ထုတ်နိုင်သည်။
ပိုမိုရှင်လင်း ပြတ်သားသည့် ညဘက်ပုံရိပ်များအတွက် 16MP Super Night Selfie
16MP ရှေ့ကင်မရာနှင့်အတူ vivo ၏ ကိုယ်ပိုင် Portrait Algorithm ဖြင့် တစ်နေ့လုံး ယုံကြည်မှုအပြည့်ဖြင့် လှပတောက်ပနေသည့် HD ဆယ်လ်ဖီဓာတ်ပုံများကို ရရှိနိုင်သည်။
ညဘက် ဆယ်လ်ဖီများတွင် မျက်နှာများ ကြည်လင်ပြီး သဘာဝကျသော ရလဒ်များနှင့် အသေးစိတ် အချက်အလက်များအတွက် နောက်ခံကို တောက်ပစေမည့် Super Night Selfie ၏ Noise Reduction နည်းပညာနှင့် Smart Screen Flash တို့ကို အသုံးပြုနိုင်သည်။
Personalized
Portrait Mode
ရှေ့ကင်မရာ၏ Multi-Style Portrait သည် သင်၏ Mood နှင့် ၀တ်စုံများနှင့် ကိုက်ညီမည့် စတိုင်လ် အမျိုးမျိုးကို ရွေးချယ်အသုံးပြုနိုင်သည်။ စွဲမက်ဖွယ်ကောင်းသော သဘာဝအသွင်အပြင်ကို အလွယ် တကူရရှိရန် Face Beauty နှင့် Bokeh စနစ် ကို အသုံးပြုလိုက်ပါ။
ဓာတ်ပုံအတွေ့အကြုံ
သန်းပေါင်းများစွာသော ညဘက်အရိပ်များအတွက် Super Night Mode
Y33s ၏ နောက်ကင်မရာများတွင် vivo ၏ Super Night Algorithm ကို ထည့်သွင်းထားသည်။ နောက်ဆုံး ပေါ် RAW-level Super Noise Reduction နည်းပညာသည် ဓာတ်ပုံဘောင် များစွာကို ကြည်လင် ပြတ်သားသည့် ဓာတ်ပုံတစ်ပုံအဖြစ် ပေါင်းစပ်ပေးသည့်အတွက် ညဘက်ဓာတ်ပုံများသည်လည်း အမှန်တကယ်မြင်ရသည့်အတိုင်း လှပနေလိမ့်မည်။
EIS Ultra Stable Video စနစ်ဖြင့် လှုပ်ရှားမှုများကို မှတ်တမ်းတင်လိုက်ပါ
ဗီဒီယိုရိုက်ကူးနေစဉ် ဖုန်းတုန်ခါလာသောအခါ နောက်ကင်မရာ၏ EIS စနစ်သည် တည်ငြိမ်သော ရလဒ်များ ရရှိရန်အတွက် အလိုအလျောက် အလုပ်လုပ်မည်ဖြစ်သည်။ ထို့အတူ ဗီဒီယိုများအတွက် Face Beauty နှင့် Smart Editing စနစ်များက သင်၏ ရိုးရှင်းသော Raw ဗီဒီယိုများမှ ထူးကဲသည့် ဘဝပုံရိပ်ကို ထင်ဟပ်စေပြီး ထင်ရှားလှပသည့် Reels များအဖြစ် ပြောင်းလဲပေးသည်။

Camera Focus ကို အမြဲထိန်းထားပေးမည့် Eye Autofocus
နောက်ကင်မရာ၏ Autofocus (AF) သည် အကြောင်းအရာပေါ် တွင် တည်ငြိမ်သော Focus ရှိနေရန်နှင့် Portrait ဓာတ်ပုံများကို ဖန်တီးရန်အတွက် အမြဲအဆင်သင့်ဖြစ်နေမည်ဖြစ်သည်။
Super HDR Backlight တွင်ပင် ရှင်းလင်းပြတ်သားနေမှု
Backlit မြင်ကွင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ရာတွင် ဟန်ချက်ညှိခြင်းသည် အဓိကကျသည်။ Super HDR သည် တစ်လက်မတိုင်း၌ လိုက်ဖက်ညီသော နောက်ဆုံးပုံရိပ်တစ်ခုအတွက် အရိပ်များ၏ ပုံရိပ်အသေးစိတ်ကို ပြတ်သားစေပြီး အရောင်များကို အလိုအလျောက် ပေါ်လွင်စေသည်။
မကုန်ဆုံးနိုင်သော Y33s ၏ Super Power များ
Extended RAM 2.0
8GB ပါဝင်သည့် Y33s ဖုန်းသည် Memory ပိုင်းတွင် လှည့်ကွက်များရှိသည်။ Apps များ ကူးပြောင်း အသုံးပြုရာတွင် ပိုမိုချောမွေ့ စေရန်အတွက်လည်း idle ROM Space ၏ 4GB အထိကို RAM အဖြစ်လည်း အသုံးပြုနိုင်သည်။ သင်ကြိုက်နှစ်သက်ရာ Apps များကို Download ဆွဲပြီး ကြန့်ကြာမှုမရှိဘဲ စိတ်ကြိုက် အသုံးပြုနိုင်သည်။
Helio G80 Processor + 128GB ROM
Y33s ၏ ဗဟိုတွင် Helio G80 octa-core processor ရှိပြီး CPU Clock Speed 2.0GHz အထိ အလုပ် လုပ်နိုင်သည်။ Y33s ၏ GPU သည် ယခင် Y series များထက် စွမ်းအင်ပိုမိုရရှိခြင်း၊ ပုံရိပ်အရည်အသွေး ပိုမိုမြင့်မားခြင်းနှင့် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်ခြင်းတို့ကြောင့် ဂိမ်းများကစားရာတွင် ထင်ရှားပေါ်လွင် စေသည်။ Triple Card Slot သည် 1TB အထိ Memory တိုးချဲ့ခြင်းကို ထောက်ပံ့ပေးသောကြောင့် နှစ်သက်သည့် တေးဂီတများ၊ ရုပ်ရှင်များ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို အလွယ်တကူထည့်သွင်းနိုင်သည်။
HyperEngine Game နည်း
ပညာသည်လည်းCPU, GPU နှင့် memory တို့ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပြီး ရေရှည်တည်တံ့သော စွမ်းဆောင်ရည်နှင့် ပိုမိုကြာရှည်သော ကစားချိန်ကို ပေးစွမ်းသည်။
Funtouch OS 11.1
Multi-Turbo 5.0
vivo ၏ Multi-Turbo 5.0 သည် ဒေတာဆက်သွယ်မှု၊ System processor ၏ မြန်နှုန်းနှင့် Power-saving စွမ်းဆောင်ရည်တို့ကို အဆင့်မြှင့်ပေးသည်။ အအေးခံစနစ်လေးခု၏ လုပ်ဆောင်မှုသည်လည်း Y33s ဖုန်းကို ပြင်းထန်သော ရာသီဥတုများတွင် အေးစေသည်။
Ultra Game Mode
ပိုမိုပြည့်စုံသော Sensory ဂိမ်းကစားခြင်းအတွေ့အကြုံကို ပေးစွမ်းနိုင်ရန် Ultra Game Mode အသစ်မွမ်းမံထားသည်။ တည်ငြိမ်အေးဆေးသည့် စတိုင်လ်နှင့် ပိုမိုပျော်စရာကောင်းသော ဂိမ်းများကို ကစားပြီး အနိုင်ယူလိုက်ပါ။
-
4D Game
Vibration -
Game Picture-
in-Picture -
Do Not Disturb
-
Esports Mode စသည့်
လုပ်ဆောင်ချက်များလည်း ပါဝင်သည်။
A New Funtouch OS ရိုးရှင်းမှုနှင့် အပြည့်အ၀ဆွဲဆောင်မှု
Funtouch OS 11.1 သည် သစ်လွင်သည့် ခံစားမှုကို ပေးနိုင်သည်။ ၎င်း၏သပ်ရပ်သည့် ဒီဇိုင်းနှင့် ထိတွေ့မှုကို ထိန်းချုပ်သော စနစ်များသည် ရိုးရှင်းပြီး လက်တွေ့ကျ၍ သင့်အား လန်းဆန်းတက်ကြွ စေမည့် User Experience များကို ရရှိစေသည်။
AI Editor
AI Editor သည် သင့်အား စတိုင်ကျလှပသော ဗီဒီယိုများကို ဖန်တီးနိုင်ပြီး ၎င်းတို့အား လူမှုကွန်ရက် စာမျက်နှာများတွင် လျင်မြန်စွာ ပြန်လည်မျှဝေနိုင်မည်ဖြစ်သည်။ ၎င်း၏ AI algorithm သည် ဗီဒီယိုဖိုင်အတွင်းမျက်နှာများနှင့် မြင်ကွင်းနှစ်ခုလုံးကို ခွဲခြားပြပြီး ၎င်းတို့အား Vlog ပုံစံအတွင်း၌ Reel အသစ်တစ်ခုအဖြစ် ခွဲလိုက်သည်။
Jovi Home
There’s nothing like smart Jovi to help you stay upbeat and carefree, whether you’re tracking steps, on the move or juggling everyday matters.
The Shortcuts zone provides quick access to space cleanup, calculator, app lock and more.
My Services zone can be customized to include a range of themed information cards including events, your digital and emotional well-being, hydration advice, sports, weather and entertainment.
The Suggestions zone contains smart reminders for daily life, like when it’s time to take a break and weather changes when you need to travel.
Disclaimer:
- လုပ်ငန်းစဉ်များ၊ တိုင်းတာခြင်းနည်းလမ်းများနှင့် ပစ္စည်း အထောက်အပံ့များ ပြောင်းလဲမှုကြောင့် အမှန် တကယ် အတိုင်းအတာနှင့် အလေးချိန်ကွဲပြားနိုင်သည်။
- Blue light စစ်ထုတ်ခြင်း လုပ်ဆောင်ချက်အလုပ်လုပ်ရန် အတွက် Eye Protection Mode ကို ဖွင့်ထားရမည်ဖြစ်သည်။
- ပုံမှန်ဘက်ထရီ Capacity သည် 5,000mAh ဖြစ်ပြီး အဆင့် သတ်မှတ်ထားသော ဘက်ထရီ Capacity မှာ 4910 mAh ဖြစ်သည်။
- Y33s တွင် vivo Standard Charger (Power Adapter 9V/2A) ပါဝင်ပြီး 18W Fast Charge အထိ ထောက်ပံ့ပေးသည်။ အမှန်တကယ် အားသွင်းနှုန်းသည် မတူညီသည့် အသုံးပြုမှုပေါ် မူတည်၍ ချိန်ညှိပေးသည်။
- Reverse Charging Function အတွက် OTG cable လိုအပ်ပြီး ၎င်းကို သီးခြားဝယ်ယူရမည်ဖြစ်သည်။
- Main camera ၏ JN1SQ03 ပုံရိပ်အာရုံခံစနစ်သည် သန်း ၅၀ သော Physical Pixel Point အထိ ထောက်ပံ့ပေးပြီး ပုံမှန်အားဖြင့် လေးပုံ တစ်ပုံဖြစ်သည့် 12.5MP ကို ထုတ်လုပ်ပေးသည်။ 50MP ကို လည်း ရွေးချယ်နိုင်သည်။
- Operating System နှင့် Pre-installed Apps များ၏ Storage ကြောင့် အမှန်တကယ်ရနိုင်သော RAM/ROM သည် ဖော်ပြထားသည်ထက် နည်းသည်။
- 4GB extended RAM ကို Software မှ သတ်မှတ်ပေးသည်။
- 1TB အထိ memory တိုးချဲ့မှုကို ထောက်ပံ့ပေးသည်။ Micro SD ကဒ်ကို သီးခြားဝယ်ယူရန် လိုအပ်သည်။
- Operating System နှင့် Pre-installed Apps များ၏ Storage ကြောင့် အမှန်တကယ်ရနိုင်သော ROM သည် ဖော်ပြထားသည်ထက် နည်းသည်။
- အအေးခံစနစ်လေး
ခုတို့မှာ Graphite အအေးခံပြား၊ အပူစီးကူးမှုမြင့်မားသည့် ကြေးနီသတ္တုပါး၊ အပူစီးကူး နိုင်သည့် Heat Conductive Gel၊ Cooling Turbo အပူဖြန့်ဖြူးပေသည့် စီမံခန့်ခွဲမှုစနစ်တို့ဖြစ်သည်။ - 4D Game Vibration mode ကို PUBG ဂိမ်းအတွက်သာ အသုံးပြုနိုင်သည်။
- ၁။ ထောင့်ဖြတ်တိုင်းတာပါက ထောင့်မှန်ခံအပြည့် မျက်နှာပြင်အရွယ်အစားသည် ၆.၅၈ လက်မရှိသည်။ အမှန်တကယ် Display ဧရိယာသည် အနည်းငယ် သေးငယ်သည်။
- ၂။ ပြသထားသောကုန်ပစ္စည်းပုံများနှင့် လုပ်ဆောင်ချက်များသည် ရည်ညွှန်းရန်သာဖြစ်သည်၊ ဖန်သားပြင် ပြသထားသော ပုံများသည် ပုံတူဖြစ်ပြီး သရုပ်ပြရန်သာ ဖြစ်သည်။ ကျေးဇူးပြု၍ အမှန်တကယ်ထုတ်ကုန်များကို စံအဖြစ်ယူပါ။
- ၃။ အချက်အလက်အားလုံးသည် ကျွန်ုပ်တို့၏ နည်းပညာဒီဇိုင်းသတ်မှတ်ချက်များ၊ ဓာတ်ခွဲခန်းစမ်းသပ်မှုရလဒ်များနှင့် စမ်းသပ်အချက်အလက်များပေါ်တွင် မူတည်သည်။ Software Version၊ သီးခြားစမ်းသပ်မှုအခြေအနေနှင့် ဖုန်းမော်ဒယ်ပေါ် မူတည်၍ အမှန်တကယ်စွမ်းဆောင်ရည် ကွဲပြားနိုင်သည်။ ဤစာမျက်နှာတွင်ပြထားသော နှိုင်းယှဉ်မှုများအားလုံးသည် vivo ထုတ်ကုန်များကိုသာ ရည်ညွှန်းသည်။
- ၄။ လုပ်ဆောင်ချက်များ၊ သတ်မှတ်ချက်များ သို့မဟုတ် ကုန်ပစ္စည်း၏ အစိတ်အပိုင်းများသည် Supplier အပြောင်းအလဲနှင့် ကွဲပြားသော ထုတ်လုပ်မှုအဆင့်များကြောင့် ကွဲပြားနိုင်သည်၊ vivo သည် ကြိုတင်အသိပေးခြင်းမရှိဘဲ ဤစာမျက်နှာပေါ်ရှိ ဖော်ပြချက်များကို ပြုပြင်ပြောင်းလဲပေးနိုင်သည်။ အသုံးမပြုမီ ဤစာမျက်နှာကို သေချာဖတ်ပါ။
- ၅။ Pixel တန်ဖိုးသည် ကင်မရာပုံစံအမျိုးမျိုးနှင့် ကွဲပြားနိုင်ပြီး၊ အမှန်တကယ်အသုံးပြုမှုအပေါ် မူတည်သည်။