vivo မှ ကမ္ဘာ့ပထမဦးဆုံး ထုတ်လုပ်ရန် အသင့်ရှိနေသည့် In-Display Fingerprint စမတ်ဖုန်းကို CES 2018 တွင် ပွဲထုတ်မိတ်ဆက်ပေးခဲ့

Los Angeles, ယူနိုက်တက်ပြည်နယ်, ဇန္နဝါရီလ. 09, 2018

Synaptics ထံမှ နောက်ဆုံးပေါ် အလင်းရောင်သုံး လက်ဗွေ အာရုံခံကိရိယာဖြင့် ထုတ်လုပ်မှု နယ်ပယ်အတွင်း မိုလ်ဘိုင်းဖုန်းအတွေ့အကြုံ နောက်တစ်ဆင့်ကို သုံးစွဲသူများအတွက် ယူဆောင်လာခဲ့ပြီ

ယနေ့တွင် CES 2018 မှာ၊ ထွန်းသစ်စ စမတ်ဖုန်း တံဆိပ်ဖြစ်သည့် vivo မှနေပြီး ကမ္ဘာ့ပထမဦးဆုံး ထုတ်လုပ်ရန် အသင့်ရှိနေသည့် မြင်ကွင်းတွင်း လက်ဗွေ စကင်ဖတ်မှု စမတ်ဖုန်းကို ပွဲထုတ် မိတ်ဆက်ပေးလိုက်ရာ၊ တစ်ကမ္ဘာလုံးမှ ပရိသတ်ထုက အာရုံစိုက်နေကြရပါသည်။ ထင်ရှားလှသည့် ဆန်းသစ် ထိုးဖောက်မှုများဖြင့် ထိပ်ဆုံးမှပြေးနေသည့် vivo ၏ ကမ္ဘာ့ပထမဆုံး In-display fingerprint (မျက်နှာပြင်တွင်း လက်ဗွေဖတ်စနစ်) စမတ်ဖုန်းက မကြုံစဖူး မိုဘိုင်း အသုံးပြုနည်းကို ကမ်းလှမ်းလိုက်ပြီး မိုဘိုင်းအသုံးချမှု ခေတ်သစ်ကို စတင်လိုက်ပါသည်။

ကမ္ဘာ့ပထမဦးဆုံ in-display fingerprint စမတ်ဖုန်းကို အလုံးအရင်းဖြင့် ထုတ်လုပ်ရန် အသင့်ရှိနေပြီ

CES 2018 တွင် vivo သည် မြင်ကွင်းတွင်း လက်ဗွေ စကင်ဖတ်မှု နည်းပညာကို သုံးထားသည့် ကမ္ဘာ့ပထမဦးဆုံး ထုတ်လုပ်ရန် အသင့်ရှိနေသည့် စမတ်ဖုန်းကို ပွဲထုတ်ပြသလိုက်ခြင်းဖြင့် သုံးစွဲသူတို့အတွက် ထူးကဲသည့် အသုံးပြုနည်းများ မိတ်ဆက်ပေးမှုကို ဆက်လိုက်ခြင်း ဖြစ်ပါသည်။ လက်ရှိနောက်ဆုံးပေါ် လက်ဗွေ စကင်ဖတ်မှု နည်းပညာမှ လုံးဝအသစ်ဖြစ်သည့် မိုဘိုင်းသုံးနည်းကို မိတ်ဆက်ပေးလိုက်ရာ သုံးစွဲသူတို့သည် စမတ်ဖုန်း မျက်နှာပြင်ပေါ်တွင် တိုက်ရိုက် တစ်ချက်ထိရုံနှင့် လက်ဗွေ စကင်ဖတ်မှု ခွင့် လုပ်နိုင်ကြလျက် အနာဂတ် စမတ်ဖုန်းများထဲတွင် ပိုအဆင်ပြေမည့် လက်ဗွေ စိစစ်မှု နည်းလမ်းရှာကြံရေး ပြဿနာကို ဖြေရှင်းပေးလိုက်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ စိစစ်ခွဲခြမ်းစိတ်ဖြာခြင်း အကြံပြုမှုများ၏ အချက်အလက်များအရ စမတ်ဖုန်းရောင်းချသူများသည် ၂၀၁၇၏ ပထမသုံးလပတ်အတွင်း မျက်နှာပြင်ပြည့် စမတ်ဖုန်းအလုံးရေ ၇ သိန်း တင်ပို့ခဲ့ရပြီး ဒုတိယသုံးလပတ်မှာတော့ ၂၂ သန်းအထိ မြင့်တက်သွားခဲ့ကြောင်း သိရပါသည်။ UBI သုတေသနအရ bezel-less display များသည် ၂၀၁၇ ခုနှစ်အတွင်း၌ ဈေးကွက်ဝေစု၏ ၂၀% တိုးတက်ရယူလာပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ ၅၀% အထိ ကြီးထွားလာမည်ဟု ခန့်မှန်းခဲ့ပါသည်။ လက်ဗွေအသိအမှတ်ပြုမှုသည် ဇီဝစနစ်ကို အသုံးပြုပြီး စမတ်ဖုန်းများ၏ လုံခြုံရေးကိုလုပ်ဆောင်ခဲ့သည်မှာ ကာလကြာရှည်ခဲ့ပြီ ဖြစ်ပါသည်။ ထုတ်လုပ်သူများက မျက်နှာပြင်ပြည့် စမတ်ဖုန်းခေတ်သစ်ကို စတင်လာချိန်မှာလည်း လက်ဗွေစနစ်ကို စွန့်လွှတ်ခြင်းမရှိဘဲ ပို၍လိုက်လျောညီထွေဖြစ်အောင်သာ ကြံဆောင်နေကြသည်ကို တွေ့ရပါသည်။

“သုံးစွဲသူတို့ကို အထူးတလည် အာရုံပြု လေ့လာခဲ့ပြီး R&D ရေရှည် ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်လာခဲ့လို့ vivo ဟာ fingerprint နည်းပညာကို အခိုင်အမာ ရှေ့ဆောင် လုပ်ပြနိုင်ပါတယ်။ အသံလွန် အာရုံခံကိရိယာကို အခြေခံထားတဲ့ လက်ဗွေ စကင်ဖတ်မှု ရှေ့ပြေးပုံစံကို MWC Shanghai 2017 မှာ ကျွန်တော်တို့ကပဲ တင်ဆက်ပေးခဲ့ကြပြီး အနာဂတ် စမတ်ဖုန်းများဆိုင်ရာ ကျွန်ုပ်တို့ရဲ့ အမြင်ကို ဇောက်ချ ရုပ်လုံးဖေါ်သွားကြမှာပါ”လို့ vivo ၏ ဒုတိယ ဥက္ကဌ Alex Feng မှ မိန့်ကြားခဲ့ပါသည်။ “ဒီနေ့မှာ အလင်းရောင်သုံး လက်ဗွေ အာရုံခံကိရိယာ ပါရှိတဲ့ မြင်ကွင်းတွင်း လက်ဗွေ စကင်ဖတ်မှု စမတ်ဖုန်းကို ပွဲထုတ် မိတ်ဆက် ပေးလိုက်ခြင်းဟာဖြင့် သုံးစွဲသူတို့ ကြာရှည်စွာ စောင့်မျှော်လာခဲ့ကြတဲ့ အနာဂတ်သို့ ရှေ့ရှုနေတဲ့ မိုဘိုင်း အသုံးပြုနည်းဆီသို့ ဧရာမ ခုန်ပျံလိုက်မှုပါ။ သုံးစွဲသူတို့ မကြာမီမှာ အဲဒါကို သုံးစွဲနိုင်ဖို့ကျွန်ုပ်တို့ တက်ကြွစွာ အားထုတ်နေကြပါတယ်။”

သုံးစွဲသူတို့အတွက် သုံးပုံသုံးနည်း အဆင့်သစ်ကို ဖွင့်လိုက်သည့် ဆန်းသစ်တီထွင်မှု

vivo မှ စတင်ထုတ်လုပ်တော့မည့် စမတ်ဖုန်းထဲတွင် အပြည်ပြည့်ဆိုင်ရာ စီးပွားဖက်ဖြစ်သူ Synaptics ထံမှ ပံ့ပိုးထားသည့် ထိပ်ဆုံး တီထွင်မှုဖြစ်သော ကမ္ဘာ့ပထမဦးဆုံး In-display fingerprint ကို တပ်ဆင်ထားပါသည်။

vivo ၏ In-display fingerprint နည်းပညာမှာ စမတ်ဖုန်းကို unlock လုပ်ရုံသာမက သုံးပုံသုံးနည်း အမျိုးမျိုးကို ပံ့ပိုးထားပြီး လိုအပ်မှသာ ဖွင့်သုံးနိုင်ပါသည်။ မျက်နှာပြင် ပိတ်ထားခြင်း၊ ဆော့ဝဲကို သော့ဖွင့်ရန် လိုအပ်ခြင်း သို့မဟုတ် မိုဘိုင်း ငွေပေးချေမှုကို စိစစ်ခံမှု ကဲ့သို့သော လက်ဗွေကို သိမှတ်ရန် လိုအပ်သည့် အသုံးပြုနည်း မှန်သမျှအတွက် Graphical UI ပေါ်လာပါမည်။ သုံးစွဲသူတို့သည် သော့ဖွင့်ခြင်း၊ ငွေပေးချေခြင်းနှင့် အခြား လုပ်ကိုင်မှုများအတွက် မျက်နှာပြင်ပေါ်ရှိ လက်ဗွေ ဂရပ်ပုံ နေရာကို နှိပ်နိုင်ပါသည်။ လက်ဗွေကို သိမှတ်ရန် မလိုအပ်လျှင်၊ UI ကို မြင်ရမှာ မဟုတ်၍ မြင်ကွင်းအပြည့် ကြည့်ရှုရန် အနှောင့်အယှက် မဖြစ်နိုင်ပါ။

vivo ၏ In-display fingerprint နည်းပညာသည် မျက်နှာပြင်အပြည့် စမတ်ဖုန်းများထဲရှိ စိစစ်ခံမှု ဖြေရှင်းနည်းများထက် အဖက်ဖက်မှ သာလွန်ပါသည်။ စမတ်ဖုန်းများ၏ ကျောဖက်မှာ ရှိတတ်သည့် လက်ဗွေ အာရုံခံကိရိယာနှင့် ယှဉ်ကြည့်ပါက vivo ၏ In-display fingerprint နည်းပညာမှာ စမတ်ဖုန်းများ၏ သားနားသည့် ဒီဇိုင်းပုံများကို မထိခိုက်စေမည့် အဆင်ပြေသည့် နည်းလမ်းကို ကမ်းလှမ်းပေးပါသည်။ ထို့အပြင် စိစစ်ရမှုကို ပိုမြန်ဆန်စွာနှင့် လုံခြုံစွာ လုပ်ပေးနိုင်မှာပါ။

စခရင်အပြည့် မြင်ကွင်းများနှင့်ဆိုလျှင် အပြန်အလှန် ထိတွေ့လုပ်ကိုင်ရန် လိုအပ်သည့် အရာများကို မြင်ကွင်းပေါ်မှာ စုစည်းပြထားမှာမို့ သုံးစွဲသူတို့အား ပိုနစ်မြှုပ်သွားသလို ခံစားစေပါမည်။ vivo ၏ မြင်ကွင်းတွင်း လက်ဗွေဖတ်မှု နည်းပညာက လက်ဗွေ ရယူရေး ခလုတ်ကို မျက်နှာပြင်ပေါ်ကို တင်ပေးလိုက်ခြင်းဖြင့် တကယ့်ကို နစ်မြှပ်မှု ခံစားချက်အတွက် အုတ်မြစ်ကို ချမှတ်ပေးလိုက်ပါသည်။

အလုံးအရင်းဖြင့် ထုတ်လုပ်ရန် အသင့်ရှိနေသည့် ကမ္ဘာ့ပထမဦးဆုံး In-display fingerprint နည်းပညာ ပါရှိသည့် စမတ်ဖုန်းကို ပွဲထုတ် မိတ်ဆက်ပေးလိုက်ခြင်းသည် စမတ်ဖုန်း စက်မှုလုပ်ငန်းအတွက် ထင်ရှားသည့် ခုန်ကျော်မှု ဖြစ်ပြီး သုံးစွဲသူတို့အား အသုံးပြုမှု အဆင့်သစ်သို့ တွန်းတင်ပေးပါမည်။ vivo ၏ ပထမဦးဆုံး မြင်ကွင်းတွင်း လက်ဗွေ စကင်ဖတ်မှု ပါရှိမည့် စမတ်ဖုန်း စသုံးနိုင်မည့် နေ့ရက်ကို ၂၀၁၈ ခုနှစ် အစောပိုင်းတွင် ကြေညာပေးပါမည်။