vivo သည် Tencent Games နှင့် PUBG ကော်ပိုရေးရှင်းတို့က ကြီးမှူးကျင်းပသည့် ကမ္ဘာ့အကြီးမားဆုံး မိုဘိုင်းဂိမ်းပြိုင်ပွဲကြီးများအနက် တစ်ခု အပါအဝင်ဖြစ်သော PUBG MOBILE Club Open 2019 (PMCO 2019) ၏ တရားဝင် အဓိက ပံ့ပိုးကူညီသူဖြစ်ပါသည်။ vivo သည် ပြိုင်ပွဲတွင် အလွန်တရာ ချောမွေ့သွက်လက်သည့် ဂိမ်းများကို ကစား၍ ကစားသမားများ အနိုင်ရရှိနိုင်စေရန် တရားဝင် စမတ်ဖုန်းများကို ပံ့ပိုးပေးပါသည်။ PMCO 2019 မှာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံဆယ်နိုင်ငံမှ ကစားသမားများသည် ဆုကြေးငွေပေါင်း $2.5M USD ကိုပိုင်ဆိုင်နိုင်ရန်အတွက် နွေဦးရာသီနှင့် ဆောင်းဦးရာသီ ပြိုင်ပွဲစဉ်တစ်လျှောက် အစွမ်းကုန် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ PMCO သည် ယခုနှစ် ဇူလိုင်လတွင် ပြိုင်ပွဲ၏ အထွတ်အထိပ်ဖြစ်သော ဗိုလ်လုပွဲကို ကျင်းပမည်ဖြစ်ကာ ထိပ်တန်း 16 သင်းသည် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ နွေဦးရာသီ နိုင်ငံတကာ ဗိုလ်လုပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါသည်။ နောက်ထပ် ဆောင်းဦးရာသီ ပွဲစဉ်ကို ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားပါသည်။

Multi-Turbo

စွမ်းဆောင်ရည်ကို အကောင်းဆုံးချိန်ညှိထားသည့်အတွက် ဂိမ်းဆော့ရာတွင် ပို၍ ချောမွေ့သည့် အတွေ့အကြုံကို ပေးစွမ်းသည်။ vivo က ပံ့ပိုးပေးထားသည့် အသစ်စက်စက် Multi-Turbo သည် Dual-Turbo ကို အဆင့်မြှင့်ထားသည့် အကောင်းဆုံးချိန်ညှိမှုများစွာပါဝင်သည့် နည်းပညာတစ်ခု ဖြစ်သည်။ ဂိမ်းကစားနေစဉ်အတွင်း လိုင်းနှေးသွားခြင်းနှင့် ကြုံရသည့်အခါ သို့မဟုတ် Wi-Fi လိုင်းမကောင်းသည့်အခါ ဂိမ်းကစားမှု အဆက်ပြတ်မသွားကြောင်း သေချာစေရန် Net Turbo က သင့်မိုဘိုင်းဒေတာသို့ အလိုအလျောက် ပြောင်းနိုင်သည်။ နောက်ခံတွင် အပလီကေးရှင်းများစွာ တစ်ပြိုင်တည်း လုပ်ဆောင်နေသ့် (သည့်) အခါ CPU နှင့် စက်တွင်း သိုလှောင်ခန်းအတွက် အရင်းအမြစ်များ ခွဲဝေသတ်မှတ်ရာတွင် ဂိမ်းများကို ဦးစားပေးရန် Center Turbo ကို ဒီဇိုင်းရေးဆွဲထားသည်။ ယင်းက ဖရိန်ဆုံးရှုံးမှုကို 78.05% ထိ တိုးမြှင့် ကာကွယ်ပေးနိုင်ပါတယ်။ Game Turbo သည် ဂိမ်းစွမ်းဆောင်ရည် SDK နှင့် ချိတ်ဆက်ပြီး အကောင်းဆုံး ချိန်ညှိမှုများကို လုပ်ဆောင်နိုင်စေသည်။ အသစ်စက်စက် vivo Multi-Turbo ကြောင့် ရရှိလာသည့် စွမ်းဆောင်ရည် အကောင်းဆုံး ချိန်ညှိမှု များစွာ၏ ကျေးဇူးကြောင့် PUBG Mobile တွင် အနိုင်ရရှိရန်မှာ အရင်ကထက် များစွာ လွယ်ကူလာပါသည်။ (Net Turbo သည် V15Pro နှင့်သာ သက်ဆိုင်ပါသည်။)

Ultra Game စနစ်

ပြန်လည်ဆန်းသစ်ထားသည့် Ultra Game စနစ်တွင် အများအားဖြင့် သိထားသည့် အသိပေးချက်များ ပိတ်ခြင်းအပြင် ဂိမ်းအကူအညီမှစ၍ မျက်နှာပြင် ပိတ်ထားစဉ် အော်တိုဂိမ်းကစားခြင်း စနစ်၊ နောက်ခံတွင် ဖုန်းခေါ်ဆိုခြင်းနှင့် ဂိမ်းကစားခြင်းအတွက် မပါမဖြစ် ဖြစ်သော ဂိမ်းများအတွက် ဝင်းဒိုးအကြီးတစ်ခုပေါ်တွင် ဝင်းဒိုးအသေးတစ်ခု ထပ်၍ပြသခြင်းတို့အထိ စုံလင်သော ဂိမ်းလုပ်ဆောင်ချက် များစွာ ထည့်သွင်းထားပါသည်။ Ultra Game စနစ်သည် သံချပ်ကာအပြည့်အစုံဖြင့် တစ်သားတည်း စီးမျောခံစားနိုင်စေသည့် ရတနာသေတ္တာတစ်လုံးကဲ့သို့ပင်ဖြစ်သည်။

Ultra FullView™ Display

V15Pro သည် အချိုး 19.5:9 ရှိသော 6.39 လက်မ* Super AMOLED မျက်နှာပြင်ကို ထည့်သွင်းပေါင်းစပ်ထားသည့် FullViewTM စခရင်ကို အသုံးပြုထားသောကြောင့် ပြသချက်များ အထူးပြီးပြည့်စုံနေသည့်အပြင် မြင်ကွင်းများမှာလည်း ရင်သပ်ရှုမောဖွယ် ကောင်းသည်။ မျက်နှာပြင်နှင့် ကိုယ်ထည် အချိုး 91.64% ရှိသည့်အတွက် မြင်ကွင်း ပိတ်ဆို့ခြင်း မရှိဘဲ ဂိမ်းများအတွက် ပိုမိုကျယ်ပြန့်သော မြင်ကွင်းများ ရရှိစေသည့်အတွက် အကောင်းဆုံး မြင်ကွင်း အတွေ့အကြုံတစ်ခု ပေးစွမ်းသည်။

အရွယ်အစားအားဖြင့် 6.39 လက်မရှိသည်ဆိုသည်မှာ ထောင့်မှန်ကျသော ထောင့်များပါရှိသ်ည့ (သည့်) စခရင်၏ ထောင့်ဖြတ်အလျားကို ရည်ညွှန်းပြီး 6.17 လက်မအရွယ်အစား ဆိုသည်မှာ ထောင့်ကွေးများပါသည့် မျက်နှာပြင်၏ ထောင့်ဖြတ်အလျားကို ရည်ညွှန်းပါသည်။
  • FullView™ display
  • Super AMOLED
  • Screen-to-body Ratio

မှတ်ချက်

1. ပြသထားသော ထုတ်ကုန် ရုပ်ပုံများသည် ကိုးကားရန်အတွက်သာ ဖြစ်သည်။ ပြသချက် မျက်နှာပြင်တွင် ပြသထားသော ရုပ်ပုံများသည် အသွင်ယူ ပြသချက်သာဖြစ်ပြီး သရုပ်ပြရန်အတွက်သာ ဖြစ်သည်။ အမှန်တကယ် ထုတ်ကုန်များသည် စံနှုန်းအတိုင်းသာ ဖြစ်ပါသည်။ ဤစာမျက်နှာတွင် ပြသထားသော နှိုင်းယှဉ်ချက်အားလုံးသည် vivo ထုတ်ကုန်များကိုသာ ရည်ညွှန်းပါသည်။

2. ဒေတာအားလုံးသည် ကျွန်ုပ်တို့၏ နည်းပညာ ဒီဇိုင်း သတ်မှတ်ချက်ဘောင်များ၊ လက်တွေ့စမ်းသပ်ခန်း စမ်းသပ်ချက် ရလဒ်များနှင့် ပံ့ပိုးသူများ၏ စစ်ဆေးချက် ဒေတာများအပေါ် အခြေခံထားပါသည်။ ဆော့ဖ်ဝဲဗားရှင်း၊ တိကျသော စမ်းသပ်မှု ပတ်ဝန်းကျင်နှင့် ဖုန်းအမျိုးအစားပေါ် မူတည်ပြီး အမှန်တကယ် စွမ်းဆောင်ရည် ကွဲပြားနိုင်ပါသည်။

3. vivo သည် ဤသတ်မှတ်ချက်များနှင့် ဖော်ပြချက်များကို ပြင်ဆင်ရန်နှင့် ကြိုတင် သတိမပေးဘဲ ဖော်ပြထားသည့် ထုတ်ကုန်ကို ပြောင်းလဲပြင်ဆင်ရန် လုပ်ပိုင်ခွင့်အားလုံးကို လက်ဝယ်ထားရှိပါသည်။