


- Watch the Product Video
-

-
-
V7+ ရဲ့ တစ်ခေတ်ဆန်း FullViewTM Display ဟာ အံ့သြဖွယ်ရာ အသက်ရှူရပ်သွားလောက်တဲ့ မြင်ကွင်းကို ရရှိစေမှာ ဖြစ်ပါတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာပြင်နဲ့ ကျဉ်းမြောင်းတဲ့ ဘောင်တွေပါဝင်တဲ့အတွက် မျက်နှာပြင်ပိုကျယ်သွားပေမယ့် လက်ထဲမှာ ကိုင်ပြီး အသုံးပြုရတာ အကောင်းဆုံး သဘောကျမှုကို ပေးစွမ်းမှာပါ။












- ပိုကျယ်သောမြင်ကွင်းနှင့် သက်သောင့်သက်သာ ကိုင်တွယ်နိုင်ခြင်း
-
V7+ ဟာ သင့်လက်ထဲမှာ V5ကို ကိုင်ထားတဲ့ ခံစားချက်နဲ့ တူညီမှာဖြစ်ပေမယ့်လည်း 5.99 လက်မ FullViewTM Display ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ကဲ အခုဆိုရင် ဂိမ်းတွေ၊ ဗီဒီယိုကြည့်တာတွေမှာ အကောင်းဆုံး နစ်မြောခံစားနိုင်ပြီပေါ့။

- ဓာတ်ပုံအတွက် မြင်ကွင်းကျယ်


- ဗီဒီယိုအတွက် မြင်ကွင်းကျယ်




- စာဖတ်ခြင်းအတွက် မြင်ကွင်းကျယ်


- ပါးလျသောဘေးဘောင်နှင့် အကောင်းဆုံးသော မြင်ကွင်း
-
V7+ ရဲ့ 84.4% အထင်ကြီးဖွယ်ရာ ကိုယ်ထည်မှ မျက်နှာပြင်အချိုးကို 2.5mm ပါးလျလွန်းတဲ့ ဘောင်တွေနဲ့ ပေါင်းစပ်ထားခြင်းက အများအကြားမှာ ထင်ရှားနေမှာပါ။ ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းက အစဉ်အလာဟောင်းတွေကို ချိုးဖျက်ပြီး သင့်ရဲ့စမတ်ဖုန်းကို သတိထားမိစေတဲ့ ပုံစံကို ပေးစွမ်းမှာပါ။







- အနှောင့်အယှက်မရှိ ပျော်ရွှင်စွာ ဂိမ်းကစားခြင်း
-
18:9 FullViewTM Display ဟာ 12.5% ပိုကြီးတဲ့ ဖန်သားပြင် (သမားရိုးကျ 16:9 ဖန်သားပြင်တွေနဲ့ နှိုင်းယှဉ်ရင်) ကို အသုံးပြုထားပြီး လုံးဝတစ်ခေတ်ဆန်းစေမယ့် ဂိမ်းအတွေ့အကြုံကို ပေးစွမ်းသွားမှာပါ။
* အချို့ app တွေကတော့ FullViewTM Display နဲ့ Game Mode ကို မထောက်ပံ့နိုင်ပါဘူး။



- Game Mode
-
Vivo ရဲ့ Game Mode ဟာ သင် ဂိမ်းကစားနေတဲ့အချိန်မှာ အဝင်ခေါ်ဆိုမှုတွေနဲ့ စာတိုတွေကြောင့် အနှောင့်အယှက်မဖြစ်အောင် ကာကွယ်ပေးဦးမှာပါ။

- Watch the V7+ Features
-

- အရှေ့ကင်မရာ
-


V7+ ဟာ ပြီးပြည့်စုံတဲ့ Selfie ရိုက်ကူးမှု ပုံရိပ်တွေကို ပေးစွမ်းနိုင်ဖို့အတွက် အစဉ်အလာအတိုင်း ဖုန်းကင်မရာ နည်းပညာကို ဆက်လက်ပြောင်းလဲ ထားပါတယ်။ ကြည်လင်ပြတ်သားမှု အားကောင်းတဲ့ 24MP ကင်မရာနဲ့ Vivo ရဲ့ အထူးသီးသန့် မျက်နှာအလှ ပြုပြင်နည်းစနစ်တို့ ပေါင်းစပ်ထားတဲ့အတွက် ကြည်လင်တောက်ပတဲ့ ဓာတ်ပုံတွေ၊ သဘာဝကျတဲ့ မျက်နှာအလှပုံတွေကို ပေးအပ်ပါလိမ့်မယ်။ နောက်ခံဝေဝါးပေးတဲ့ စနစ်က လှပစွာဝေဝါးနေတဲ့ နောက်ခံနဲ့အတူ သင့်ရဲ့ အကောင်းဆုံး Selfie ပုံကို ရိုက်ယူနိုင်ပါတယ်။
- 24MP အရှေ့ကင်မရာ ပိုမိုကြည်လင်သော Selfie ပုံများ
-
အရှေ့ကင်မရာမှာ တပ်ဆင်ထားတဲ့ 24MP အာရုံခံကိရိယာဟာ ဈေးကွက်တွင်းထိပ်တန်းဖြစ်ပြီး pixel ပမာဏ ပိုများတာကြောင့် ပိုမိုကြည်လင်ပြတ်သားပြီး ထင်ရှားပေါ်လွင်တဲ့ Selfie ပုံတွေကို ရိုက်ယူစေနိုင်မှာပါ။ နောက်ခံရှုခင်းကလည်း အသက်ဝင်တဲ့ အရောင်အသွေးစိုပြေမှုတွေကြောင့် ပိုပြီးကြည်လင်ကောင်းမွန်တဲ့ ပုံတစ်ပုံ ရပြီပေါ့။

- မျက်နှာအလှ ပြုပြင်စနစ် 7.0 သဘာဝအတိုင်း လှပသော ရိုက်ချက်များ
-
လူကြိုက်များနေတဲ့ မျက်နှာအလှပြုပြင်စနစ် 6.0 ကို မွမ်းမံပြီးအဆင့်မြှင့်တင်လိုက်ပါပြီ။ မျက်နှာအလှပြုပြင်စနစ် 7.0 မှာ algorithm သစ်တစ်ခုကို အသုံးပြုပြီး အလင်းရောင်မြှင့်တင်ပေးတဲ့အတွက် သင့် Selfie ပုံတွေကို ပိုမိုရုပ်လုံးကြွစေဦးမှာပါ။ အလင်းရောင်အားနည်းတဲ့ နေရာတွေမှာ ရိုက်ကူးထားရင်တောင် သဘာဝကျပြီး ပိုမိုလှပတဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာပါ။

- Video ဖုန်းခေါ်ဆိုမှုအတွက် မျက်နှာအလှ ပြုပြင်စနစ်
-
V7+ ရဲ့ ပိုမိုလှပစေတဲ့စနစ်က Selfie ပုံတွေကို လှပစွာ ရိုက်ရုံသာမကဘဲ Video ဖုန်းခေါ်တဲ့ app တွေ အသုံးပြုနေတုန်းမှာလည်း ပူးတွဲအသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ စိတ်ကြိုက် မျက်နှာအလှဆင်မှုပုံစံကို အလွယ်တကူရွေးချယ်ပြီး ဆက်သွယ်ပြောဆိုနေချိန်မှာ အလှဆုံး ဖြစ်နေပါစေ။ မှောင်တဲ့ပတ်ဝန်းကျင်အနေအထားမှာ selfie အလင်းရောင်စနစ် အလိုလျောက်အလုပ်လုပ်ပြီး သင့်အလှတွေ ပိုပြီးတိုးပွားစေမယ့် အလင်းရောင်ကို ထုတ်လွှတ်ပေးသွားမှာပါ။
WhatsApp, Line, Facebook Messenger, Zalo, Viber Messenger and BBM တွေမှာ အသုံးပြုနိုင်ပြီး တခြား app တွေကို အသုံးပြုနိုင်အောင်လည်း နောက်ပိုင်းမှာ ဆက်လက်ဖြည့်စွက်သွားပါမယ်။

- နောက်ခံဝေဝါးပေးတဲ့စနစ်
-
V7+ ရဲ့ နောက်ခံဝေဝါးပေးတဲ့စနစ်နဲ့ သင့်ရဲ့ Selfie ပုံတွေမှာ ထင်ရှားစွာ နေရာယူလိုက်ပါ။ ဓာတ်ပုံမှာ ပိုမိုပြတ်သားထင်ရှားစေဖို့နဲ့ အမြင်အာရုံဆွဲဆောင်မှု ပိုမြင့်စေဖို့ နောက်ခံကို ဝေဝါးပေးတဲ့ လုပ်ဆောင်ချက်ကို အသုံးပြုထားပါတယ်။ DSLR ကင်မရာလိုမျိုး အလင်းဝင်ပေါက်ကြီးတဲ့ ကင်မရာနဲ့ စတိုင်ကျတဲ့ Selfie ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။

- အနောက်ကင်မရာ
-


- 16MP အနောက်ကင်မရာ
-
အရည်အသွေးမြင့် 16MP အနောက်ကင်မရာနဲ့ PDAF နည်းပညာ၊ အဆင့်မြင့် algorithm တို့ ပေါင်းစပ်ပြီး ပိုမိုရှင်းလင်းတောက်ပပြီး အနုစိတ်ကျတဲ့ ဓာတ်ပုံတွေကို ရိုက်ယူနိုင်ဦးမှာပါ။



- 64MP Ultra HD ဓာတ်ပုံများ
-
အနောက်ကင်မရာရဲ့ 64MP Ultra HD လုပ်ဆောင်ချက်က frame လေးခုကို တစ်ခုတည်းအဖြစ်ပေါင်းပြီး အလွန်တရာ အနုစိတ်ကျတဲ့ ဓာတ်ပုံတွေကို ဖန်တီးပေးနိုင်ပါတယ်။
- အားကောင်းသော စွမ်းဆောင်ရည်
-
V7+ ရဲ့ Qualcomm Octa-core CPU နဲ့ 4GB RAM တွေကြောင့် အားကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်မှာပါ။ 64GB ROM (256GB အထိ ထပ်တိုးနိုင်ပါတယ်) လည်း ပါဝင်တဲ့အတွက် သင့်စိတ်ကြိုက် ဓာတ်ပုံတွေ၊ တေးသီချင်းတွေနဲ့ ဗီဒီယိုတွေကို အများအပြား သိမ်းဆည်းထားဖို့ လုံလောက်စေပါတယ်။ နောက်ပြီး Android 7.1 ပေါ်မှာ အခြေခံထားတဲ့ Funtouch OS 3.2 က ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံနဲ့ အသိဉာဏ်ရှိတဲ့ စွမ်းအင်ချွေတာရေး စနစ်တွေကို ပံ့ပိုးပေးဦးမှာပါ။
- Hi-Fi Music
-
ဂီတဟာ အလွန်အရေးပါပြီး လူသားအားလုံးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဂီတက ကျွန်တော်တို့ရဲ့ ဘဝအတွက် ရသသစ်တွေ ပေးစွမ်းနိုင်ပါတယ်။ ကျွန်တော်တို့ကို ယုံကြည်ချက်တွေ ရရှိစေသလို၊ စိတ်ခွန်အားလည်း ပေးနိုင်ပါတယ်။ ဒါကြောင့် V7+ ရဲ့ အဆင့်မြင့် AK4376A Hi-Fi audio chip က မိုလ်ဘိုင်းဖုန်း အသံထွက်နည်းပညာကို ပိုမြင့်တဲ့အဆင့်အတန်းသစ် တစ်ခုဆီ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ စုံလင်တဲ့ သံစဉ်တွေကို စည်းချက်လေး တစ်ခုတောင်မှ လွတ်မသွားစေဘဲ ပြည့်ပြည့်၀၀ နားဆင်ကြည်နူးရမှာပါ။


- သာလွန်ကောင်းမွန်တဲ့ စနစ်များ
-



Vivo ဟာ ဆန်းသစ်ပြီး သုံးစွဲသူအတွက် အလေးထားတဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးနိုင်မှုအတွက် အမြဲ ဂုဏ်ယူခဲ့ပါတယ်။ နောက်ဆုံးပေါ် V7+ မှာ အလိုအလျောက် မျက်နှာပြင်ပိုင်းခြားစနစ် 3.0၊ App ပုံတူပွားစနစ်နဲ့ Face Access တွေအပြင်၊ အခြား လုပ်ဆောင်ချက်တွေလည်း အများအပြား ပါဝင်နေပါတယ်။
- အလိုအလျောက် မျက်နှာပြင်ပိုင်းခြားစနစ် 3.0
-
အဆင့်မြှင့်တင်ထားတဲ့ အလိုအလျောက် မျက်နှာပြင်ပိုင်းခြားစနစ် 3.0 မှာ ကိစ္စအများအပြားကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်ပါပြီ။ ဗီဒီယိုကြည့်နေချိန်မှာ စာတိုတစ်စောင်ဝင်လာရင် စာကိုတစ်ချက်နှိပ်ရုံနဲ့ မျက်နှာပြင်ကို နှစ်ခြမ်းခွဲပေးပြီး ပြသပေးမှာဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်မှာ လက်သုံးချောင်းနဲ့ ဆွဲချလိုက်ရုံနဲ့ ဗီဒီယိုကို ရပ်ဖို့မလိုဘဲ မျက်နှာပြင်ကို ပိုင်းပြီး အခြား application တွေကို အသုံးပြုနိုင်ပါတယ်။
-
Video streaming, Facebook, Line, Messages, Viber, WeChat, WhatsApp, BBM, Play Movies & TV, YouTube, Video, MX Player, VLC for Android စတာတွေကို အသုံးပြုနိုင်ပြီး တခြား app တွေကို အသုံးပြုနိုင်အောင်လည်း နောက်ပိုင်းမှာ ဆက်ပြီးဖြည့်စွက်သွားပါမယ်။
-
-
Video streaming, Facebook, Line, Messages, Viber, WeChat, WhatsApp, BBM, Play Movies & TV, YouTube, Video, MX Player, VLC for Android စတာတွေကို အသုံးပြုနိုင်ပြီး တခြား app တွေကို အသုံးပြုနိုင်အောင်လည်း နောက်ပိုင်းမှာ ဆက်ပြီးဖြည့်စွက်သွားပါမယ်။


- App ပုံတူပွားစနစ်
-
App ပုံတူပွားစနစ်ဟာ app ကို တစ်ခုကနေ နှစ်ခုဖြစ်အောင်ပြုလုပ်ပြီး လူမှုကွန်ယက်သုံးအကောင့်တွေမှာ သင့်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ လုပ်ငန်းသုံးကို သီးခြားစီ တစ်ပြိုင်နက်တည်း အသုံးပြုနိုင်မှာပါ။
* WhatsApp, Line, BBM, WeChat, Zalo and Viber တွေကို အသုံးပြုနိုင်ပြီး တခြား app တွေကို အသုံးပြုနိုင်အောင်လည်း နောက်ပိုင်းမှာ ဆက်ပြီးဖြည့်စွက်သွားပါမယ်။

-
App ပုံတူပွားစနစ်ဟာ app ကို တစ်ခုကနေ နှစ်ခုဖြစ်အောင်ပြုလုပ်ပြီး လူမှုကွန်ယက်သုံးအကောင့်တွေမှာ သင့်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ လုပ်ငန်းသုံးကို သီးခြားစီ တစ်ပြိုင်နက်တည်း အသုံးပြုနိုင်မှာပါ။
* WhatsApp, Line, BBM, WeChat, Zalo and Viber တွေကို အသုံးပြုနိုင်ပြီး တခြား app တွေကို အသုံးပြုနိုင်အောင်လည်း နောက်ပိုင်းမှာ ဆက်ပြီးဖြည့်စွက်သွားပါမယ်။
- Face Access ပိုအဆင့်မြင့်သော lock ဖွင့်စနစ်
-
Vivo ရဲ့ Face Access စနစ်သစ်ဟာ မျက်နှာရဲ့နေရာအမျိုးမျိုးကို ဖတ်ရှုမှာဖြစ်ပြီး တူညီတဲ့ သွင်ပြင်လက္ခဏာတွေကိုတွေ့ရှိတဲ့အခါ lock ဖွင့်ပေးမှာဖြစ်ပါတယ်။ အသုံးပြုရတာလည်း အရမ်းလွယ်ကူပါတယ်။ ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ ဖန်သားပြင်က လင်းလာမှာဖြစ်သလို ချက်ချင်းပဲ Face Access က ဖတ်ရှုပြီး lock ဖွင့်ပေးမှာ ဖြစ်ပါတယ်။


-
Vivo ရဲ့ Face Access စနစ်သစ်ဟာ မျက်နှာရဲ့နေရာအမျိုးမျိုးကို ဖတ်ရှုမှာဖြစ်ပြီး တူညီတဲ့ သွင်ပြင်လက္ခဏာတွေကိုတွေ့ရှိတဲ့အခါ lock ဖွင့်ပေးမှာဖြစ်ပါတယ်။ အသုံးပြုရတာလည်း အရမ်းလွယ်ကူပါတယ်။ ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ ဖန်သားပြင်က လင်းလာမှာဖြစ်သလို ချက်ချင်းပဲ Face Access က ဖတ်ရှုပြီး lock ဖွင့်ပေးမှာ ဖြစ်ပါတယ်။
မှတ်ချက်
- ထုတ်ကုန်ဓာတ်ပုံများမှာ ကိုးကားရည်ညွှန်းပြရန် အတွက်သာ ထည့်ပေးထားခြင်းဖြစ်ပြီး ဖန်သားပြင်ပေါ်တွင် ပြသမည့်ပုံများကို သရုပ်ပြရန်အတွက် ဖန်တီးထားခြင်းသာ ဖြစ်ပါသည်။ ထုတ်ကုန်၏ အမှန်တကယ်ပြသမှုကိုသာ စံအဖြစ်သတ်မှတ်ပါ။
- အချက်အလက်အားလုံးသည် ကျွန်ုပ်တို့၏ နည်းပညာဆိုင်ရာ ဒီဇိုင်းပုံစံ အတိုင်းအတာများ၊ အချက်အလက်များ၊ စမ်းသပ်ခန်းမှ ရလဒ်များနှင့် ပစ္စည်းထောက်ပံ့သူ၏ စမ်းသပ်ချက် အချက်အလက်များအပေါ်တွင် အခြေခံခြင်း ဖြစ်ပါသည်။ လက်တွေ့စွမ်းဆောင်ရည်မှာ ဆော့ဖ်ဝဲဗားရှင်း၊ စမ်းသပ်သော ပတ်ဝန်းကျင်နှင့် ဖုန်းမော်ဒယ်တို့အလိုက် အပြောင်းအလဲရှိနိုင်ပါသည်။
- ဤအသေးစိတ် အချက်အလက်များနှင့် ဖော်ပြချက်များကို Vivo မှ ပြင်ဆင်ခွင့်ရှိပြီး ဖော်ပြထားသော ထုတ်ကုန်များကို ကြိုတင်အသိမပေးဘဲ ပြောင်းလဲပြင်ဆင်နိုင်ပါသည်။