အဓိကအကြောင်းအရာသို့ သွားမည်

FAQs

မျက်နှာပြင်ပိုင်းခြားစနစ်က multi-tasking တွေကို ပေါ့ပေါ့ပါးပါးလေးဆောင်ရွက်ပေးသွားနိုင်ပါတယ်။ တစ်ကယ်လို့ video ကြည့်နေတဲ့အချိန်မှာ message ဝင်လာပြီဆိုပါစို့၊ ခလုတ်တစ်ချက်လေးနှိပ်လိုက်တာနဲ့ မျက်နှာပြင် နှစ်ခြမ်းပိုင်းပေးသွားမှာဖြစ်ပါတယ်။
Setting ကိုသွားပါ- (Smart Split) -- မျက်နှာပြင်ပိုင်းခြားစနစ်- ထဲမှာ အသုံးပြုချင်တဲ့ App ကိုရွေးချယ်ပေးပါ။
မျက်နှာပြင် အပြည့် အသုံးပြုရတဲ့ app တွေအသုံးပြုနေချိန်မှာ Message ဝင်လာရင် floating icon လေးနဲ့ ပြပေးနေမှာဖြစ်ပါတယ်။ အဲ့ icon လေးကိုနှိပ်လိုက်တာနဲ့ မျက်နှာပြင်နှစ်ခြမ်းကွဲသွားမှာပါ။

i Theme ကိုဖွင့်ပါ၊ Local lock screen ထဲမှာ ပြောင်းချင်တဲ့ ပုံစံကိုရွေးပေးလိုက်ပါ။ တစ်ခြားသော Lock screen တွေကိုလဲ i Theme ထဲမှာ download ဆွဲလို့ရပါသေးတယ်။ ရိုးရိုးလေးပဲ download ဆိုတာလေးကို နှိပ်ပါ ပြီးရင် အဲ့ theme လေးကိုရွေးပြီး လန်းလိုက်တော့။

Camera ထဲကိုသွားပါ။ ညာဘက်အပေါ်ထောင့်က ခလုတ်လေးကိုနှိပ်ပါ ပြီးရင် Geographic location ကိုနှိပ်လိုက်ပါ။

Home ခလုတ်နဲ့ ပါဝါခလုတ်ကို တပြိုင်ထဲ တွဲနှိပ်လိုက်ပါ။ ပြီးရင် Album ထဲက Screenshot ထဲမှာ သွားကြည့်ပြီး edit လဲလုပ်လို့ရပါသေးတယ်။
Control center ကိုဖွင့်ပြီး (Home ခလုတ်ကနေ အပေါ်ကိုတွန်းလိုက်ရင် control center ကိုဖွင့်ပေးပါလိမ့်မယ်) အထဲမှာ S-capture ကိုနှိပ်လိုက်ပါ၊ Screen Recording, Long Screenshot, Funny Screenshot & Rectangular Screenshot တို့လည်းထပ်မံပါဝင်ပါသေးတယ်။

နည်းလမ်းတွေအများကြီးရှိပါတယ်။
1. မလိုအပ်တဲ့အချိန်မှာ Bluetooth, wifi တို့ကိုပိတ်ထားပေးပါ။
2. Low power mode ကိုဖွင့်လိုက်ပါ။ (Home ခလုတ်ကနေ အပေါ်ကိုတွန်းတင်ပြီ့း low power consumption ကိုဖွင့်လိုက်ပါ။
3. နောက်ကွယ်မှာ run နေတဲ့ app တွေကိုရှင်းပေးပါ။
5. ဘက္ထရီသက်တမ်းကို ပိုမိုရှည်စေရန် ringtone အသုံးပြုနေချိန်မှာ vibration ကိုပိတ်ထားပေးပါ။
6. ဓာတ်ပုံတွေ ဗွီဒီယိုတွေ ဂိမ်းတွေကို နောက်ကွယ်မှာ RUN မနေပါစေနဲ့။
အပေါ်မှာပြောထားတဲ့အတိုင်း ပြုလုပ်ပြီး ဘက္ထရီအားအကုန်မြန်နေတုန်းပဲဆိုရင်တော့ ဘက္ထရီသာလဲလိုက်ပါတော့။

ဖြစ်နိုင်ခြေရှိတာတွေကတော့ အများကြီးပဲ ကဲဖြစ်နိုင်ခြေတွေနဲ့ ဖြေရှင်းနည်းတွေကို အောက်မှာတစ်ချက်ကြည့်လိုက်ပါ။
1. Wifi လိုင်းအရမ်းနှေးနေတဲ့အချိန်မှာ wifi signal လေးပျောက်နေတက်ပါတယ်။ လိုင်းကောင်းမကောင်းအရင်စစ်ပါ။
2. Connection ကို ပိတ်ပင်ထားတာပါ။ (ဥပမာ router က MAC/IP filtering တွေက ချိတ်ဆက်လို့မရအောင် လုပ်ထားတာပါ။ အောက်ကနည်းလမ်းတွေအတိုင်း connection ပိတ်ထားတာကို ဖြေရှင်းလို့ရပါတယ်။
3. Firmware ကြောင်နေလို့ လိုင်းကျတာဖြစ်နိုင်ပါတယ်။ update frimwate ကို vivo official website မှာဒေါင်းလို့ရပါတယ်။