FullView™ Display အသစ်စက်စက် နောက်တစ်ဆင့်ပိုမြင့်သွားတဲ့ FullView™

ပိုကျယ်တဲ့မြင်ကွင်းအတွက်အဆင်သင့်ပဲလား။ Y85 က သင်အမြဲတမ်း လိုချင်နေတဲ့ မြင်ကွင်းကျယ်ကျယ်ကို အရည်အသွေးမြင့် 19:9 အချိုး FullViewTM Display နဲ့အတူယူဆောင်လာခဲ့ပါပြီ။ 6.22 လက်မ မျက်နှာပြင်က ထူးကဲတဲ့ 88% ကိုယ်ထည်မှ မျက်နှာပြင်အချိုးကိုဖြစ်ပေါ်စေပြီး၊ ကြည့်မြင်နိုင်တဲ့ ဧရိယာဟာ 16:9 နဲ့ နှိုင်းယှဉ်မယ်ဆိုရင် 15.5% ပိုပြီးများလာတာကိုတွေ့ရပါတယ်။ ဒါပေမယ့်လည်း လက်တစ်ဘက်တည်းနဲ့ သက်သောင့်သက်သာ ကိုင်တွယ်အသုံးပြုလို့ရပါတယ်။

ွဲမက်စရာ ပြေပြစ်လွန်းတဲ့ 2.5D နှစ်ဘက်ကွေးကောက်ကြောင်း

Y85 ရဲ့ 2.5D ကောက်ကြောင်းကွေးလေးတွေဟာ အရှေ့ရော အနောက်မှာပါ နှစ်သက်ဖွယ်ရှိနေပါတယ်။ မျက်နှာပြင် အလုပ်မလုပ်တဲ့အချိန်ဆို သူတို့ဟာ တစ်ဆက်တည်းလိုဖြစ်နေပြီး ခေတ်မီလွန်းတဲ့ ဒီဇိုင်းသွင်ပြင်ကို ကျေနပ်စွာ ခံစားနေရမှာပါ။ ပိုပြီး ကောင်းမွန်တဲ့ အမြင်အာရုံခံစားမှုအတွက် ချောမွတ်တောက်ပနေတဲ့ ကျောဘက်ကိုယ်ထည်ဟာ အမှောင်ထဲမှာတောင် ထည်ဝါနေပါလိမ့်မယ်။ ဒါကြောင့် လှုပ်ရှားလိုက်တိုင်းအနုပညာဆန်နေပါလိမ့်မယ်။

AI Face Beauty

AI Face Beauty အသစ်က အသက်အရွယ်၊ ကျား၊မ အမျိုးအစား၊ အသားအရေ၊ အသားအရောင် စတာတွေနဲ့ ပတ်ဝန်းကျင် အလင်းရောင်ကို ထောက်လှမ်းဖော်ထုတ်ပေးပါလိမ့်မယ်။ သင့်ရဲ့ သဘာဝမျက်နှာသွင်ပြင်ကို မူတည်ပြီး၊ လိုက်ဖက်မယ့် ပြုပြင်မှုတွေကို ပြုလုပ်ပေးတာကြောင့် သင်ဟာ သဘာဝကျကျနဲ့ ပိုပြီးလှပနေပါလိမ့်မယ်။

Portrait Mode (နောက်ခံဝေဝါးပေးတဲ့စနစ်)

နောက်ခံတွေကို ဝေဝါးပေးပြီး၊ အဓိက ဆုံချက်ကို ကြည်လင်ပြတ်သားနေစေတဲ့ နောက်ခံဝေဝါးပေးတဲ့စနစ်ကြောင့် သင်ဟာ ဓာတ်ပုံတိုင်းမှာ ပိုပြီး ထင်ရှားပေါ်လွင်နေပါလိမ့်မယ်။ိုက်ပြီးသား ဓာတ်ပုံတွေကိုလည်း Portrait lighting effect အသုံးပြုပြီး အချိန်တိုတိုအတွင်းမှာလွယ်လွယ်ကူကူနဲ့ ပိုပြီးဆွဲဆောင်မှုရှိအောင် ပြုလုပ်လို့ ရပါသေးတယ်။

13MP + 2MP အနောက်ကင်မရာ နှစ်လုံး

Y85 မှာ click တစ်ချက်နှိပ်လိုက်ရုံနဲ့တင် အံ့အားသင့်စရာ ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးရယူနိုင်ပါလိမ့်မယ်။ ကျောဘက်မှာ ကြည်လင်ပြတ်သားမှု အားကောင်းလွန်းတဲ့ 13MP အဓိက ကင်မရာနဲ့2MP ဒုတိယ ကင်မရာ တို့ကို တပ်ဆင်ထားတာကြောင့် depth-of-field ကို ပိုမိုကောင်းမွန်စွာ တွက်ချက်ဖမ်းယူနိုင်တဲ့အတွက် အဓိက ဆုံချက်ကကြည်လင်ပြတ်သားပြီး နောက်ခံတွေကို ဝေဝါးပေးနိုင်တဲ့ DSLR ကင်မရာတွေရဲ့ စွမ်းဆောင်ရည်အတိုင်းပဲ ရရှိမှာ ဖြစ်ပါတယ်။ PDAF နည်းပညာကြောင့် focus ဖြတ်ယူရာမှာ မြန်ဆန်လွန်းတဲ့အတွက် လျှပ်တစ်ပြက်ရိုက်ချက်တွေကို ကြည်လင်ပြတ်သားစွာနဲ့ ရိုက်ကူးနိုင်ပါလိမ့်မယ်။

52MP Ultra HD Photos

Y85 ဟာ frame ပေါင်းများစွာကို ပေါင်းစပ်ပြီး ဓာတ်ပုံကို ဖန်တီးတာဖြစ်တဲ့အတွက် အရောင်အသွေးစုံလင်စိုပြည်ပြီး အသေးစိတ်ကြည်လင်ပြတ်သားတဲ့ ရလဒ်ကို ယူဆောင်ပေးပါတယ်။

4GB RAM နဲ့ Octa-core တို့ရဲ့ စွမ်းဆောင်ရည်

12nm octa-core processor အသစ်နဲ့ 4GB RAM တို့ကို ပေါင်းစပ်ထားတာကြောင့် Y85 ဟာများပြားတဲ့ လုပ်ဆောင်ချက်တွေကို အဆင်ပြေချောမွေ့စွာနဲ့ လုပ်ဆောင်နေနိုင်ပါတယ်။ တစ်ခုထက်ပိုတဲ့ app တွေကို သာသာယာယာပဲ ဖွင့်ထားပြီး သုံးနေလို့ရပါတယ်။ ဂိမ်းကစားရင်း လူမှုကွန်ရက်ပြောင်းသုံးတာမျိုးကိုလည်း ညက်ညောစွာနဲ့ ပြုလုပ်လို့ရပါတယ်။ စိတ်မပူပါနဲ့ Y85 က သင်စိတ်သွားတိုင်းကိုယ်ပါဖြစ်အောင် တည်ဆောက်ထားတာပါ။

ကြာရှည် အသုံးခံတဲ့ ဘက်ထရီ

3260mAh ဘက်ထရီကို Android 8.1 OS နဲ့ အသုံးပြုရတာကြောင့် စွမ်းအင်ချွေတာနိုင်တဲ့အပြင်၊စွမ်းအင်သုံးစွဲမှုကို စီမံခန့်ခွဲထားတဲ့အတွက် ရလဒ်ကတော့ ဘက်ထရီအားကုန်မြန်မှာကို စိုးရိမ်နေစရာ မလိုတော့ပါဘူး။

Face Access

Y85 ဟာ လက်ဗွေစနစ်နဲ့ ဖုန်း lock ဖွင့်နိုင်သလို၊ မျက်နှာသွင်ပြင်ဆိုင်ရာ သိမှတ်ခြင်းကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ ဒီစနစ်ကို ဖွင့်ထားရင်တော့ သင့် မျက်နှာသွင်ပြင်ကို မှတ်ထားပြီး unlock ပြုလုပ်ပေးပါလိမ့်မယ်။ သင့်ဖုန်းကို အသုံးပြုရတာ လွယ်ကူလွန်းပြီး ပျော်ရွှင်ကျေနပ်မှုကို ပေးအပ်ပါလိမ့်မယ်။

Game Mode

Game Mode ကတော့ ဂိမ်းကစားနေတုန်း အနှောင့်အယှက်အဖြစ် ဝင်လာမယ့် စာတိုတွေ၊ ဖုန်းခေါ်ဆိုမှုတွေကို တားဆီးပေးပြီး အမှန်အကန် ဂိမ်းကစားရတဲ့ အတွေ့အကြုံကို ပေးအပ်ပါလိမ့်မယ်။ ဂိမ်းသမားတွေအတွက် နောက်ထပ် လုပ်ဆောင်ချက်အဖြစ် ထည့်သွင်းပေးထားတဲ့ Picture-in-Picture ကလည်း ကစားနေတုန်း လက်သုံးချောင်းနဲ့ ဆွဲချ၊ မျက်နှာပြင်ကို ပိုင်းခြားလိုက်ပြီး ဂိမ်းလည်းကစားရင်း တစ်ပြိုင်နက်၊ စာရိုက်ပြီး စကားလည်းပြောလို့ရပါတယ်။

Smart Split

လက်ချောင်းသုံးချောင်းနဲ့ အောက်ကိုဆွဲချလိုက်ပြီး မျက်နှာပြင်ကို နှစ်ပိုင်းခွဲလိုက်ပါ။ 6.22 လက်မ မျက်နှာပြင်ဆိုတော့ တစ်ဝက်စီဆိုပေမယ့် ကျယ်ကျယ်ပြန့်ပြန့် မြင်ရ၊ သုံးရပါတယ်။ ဗီဒီယိုကြည့်ရင်း မျက်နှာပြင်နှစ်ပိုင်းခွဲလိုက်မယ်ဆိုရင်လည်း chatting လုပ်ဖို့ နေရာကျယ်ကျယ်ရသလို၊ ဗီဒီယို ကြည့်ရတဲ့ မြင်ကွင်းကလည်း နေရာကျယ်ကျယ်နဲ့ ကျန်နေတာကို တွေ့ရပါလိမ့်မယ်။

(လက်ရှိအချိန်မှာ ထောက်ပံ့ပေးနိုင်တဲ့ video streaming တွေကတော့ Facebook, Line, Messages, Viber, WeChat, WhatsApp, BBM, Play Movies & TV, YouTube, Video, MX Player, VLC for Android, Chrome, Gmail တို့ဖြစ်ပါသည်။)

မှတ်ချက်:
  • ထုတ်ကုန်ဓာတ်ပုံများမှာ ကိုးကားရည်ညွှန်းပြရန် အတွက်သာ ထည့်ပေးထားခြင်းဖြစ်ပြီး ဖန်သားပြင်ပေါ်တွင် ပြသမည့်ပုံများကို သရုပ်ပြရန်အတွက် ဖန်တီးထားခြင်းသာ ဖြစ်ပါသည်။ ထုတ်ကုန်၏ အမှန်တကယ်ပြသမှုကိုသာ စံအဖြစ်သတ်မှတ်ပါရန်။
  • ယခု စာမျက်နှာတွင် နှိုင်းယှဉ်ပြသထား ခြင်းများသည် Vivo ထုတ်ကုန်ကိုသာ ရည်ညွှန်းထားခြင်း ဖြစ်ပါသည်။ အချက်အလက်အားလုံးသည် ကျွန်ုပ်တို့၏ နည်းပညာဆိုင်ရာ ဒီဇိုင်းပုံစံ အတိုင်းအတာများ၊ အချက်အလက်များ၊ စမ်းသပ်ခန်းမှ ရလဒ်များနှင့် ပစ္စည်းထောက်ပံ့သူ၏ စမ်းသပ်မှု အချက်အလက်များအပေါ်တွင် အခြေခံခြင်း ဖြစ်ပါသည်။
  • ဤအသေးစိတ် အချက်အလက်များနှင့် ဖော်ပြချက်များကို Vivo မှ ပြင်ဆင်ခွင့်ရှိပြီး ဖော်ပြထားသော ထုတ်ကုန်များကို ကြိုတင်အသိမပေးဘဲ ပြောင်းလဲပြင်ဆင်နိုင်ပါသည်။