6.35 လက်မ Halo FullView™ Display
6.35 လက်မ Halo FullView™ Display ပါဝင်တဲ့ Y17 ဟာ 19.3:9 aspect ratio နဲ့ ဖြစ်ပါတယ်။ Halo ကွင်းလေးဟာ မျက်နှာပြင်ရဲ့ ထိပ်ပိုင်းမှာ နေရာယူထားပုံက သူ့ရဲ့အနားသတ်တွေကို ပိုမိုသပ်ရပ်ကျော့ရှင်းစေပါတယ်။ ဒါ့အပြင်ကိုမှ screen-to-body ratio ဟာ 89% အထိရှိတာကြောင့် သူ့ရဲ့မြင်ကွင်းဟာ သင်အကြိုက်ဆုံး ဂိမ်းတွေ၊ ဗီဒီယိုတွေထဲမှာ စီးမျောဖို့အတွက် အသင့်တော်ဆုံးပါပဲ။
မှော်ဆန်သောအရောင်အတွဲအစပ်
အလှဆုံးဖုန်းတွေ ဖန်တီးဖို့ဆိုတာ vivo ရဲ့ အတောမသတ်နိုင်တဲ့ ဆန္ဒတစ်ခုဖြစ်ပြီး Y17 ရဲ့ အသွင်အပြင်ဟာဆိုရင်လည်း လုံးဝအသစ်ပါပဲ။ ရေနဲ့ အလင်းရောင်တို့ ထိတွေ့ပေါင်းစပ်ထားပုံနဲ့ ဖန်တီးထားတဲ့ ဒီဇိုင်းက Premium ဆန်တဲ့ အရောင်အသွေးတစ်ခုကို ပေးစွမ်းနိုင်ခဲ့ပြီဖြစ်သလို၊ ဖုန်းရဲ့အနောက်ဖက်က ခေတ်မီဆန်းပြားတဲ့ အရောင်ပြေးဒီဇိုင်းဟာ မျက်လှည့်ပြပွဲလေးတစ်ခုကို ကြည့်ရသလိုပါပဲ။
AI Triple Camera
ပိုပြီးအထာကျလာတဲ့ ဓာတ်ပုံများ
ကမ္ဘာကြီးကို AI Triple Camera ကနေတစ်ဆင့် ကြည့်ရှုရင်း အကောင်းစား ဓာတ်ပုံတွေကို ဖန်တီးရတာ အရင်ကထက် လွယ်ကူလာပါပြီ။ Y17 ရဲ့ Triple Camera အတွဲအစပ်မှာဆိုရင် 13MP Main Camera, 8MP အထူးမြင်ကွင်းကျယ် ကင်မရာ၊ 2MP Depth Camera တို့ တပ်ဆင်ပေးထားပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ ရှုခင်းပုံတွေအပြင် Portraits ပုံ လှလှလေးတွေအထိ ရိုက်ကူးဖို့ ဒီကင်မရာသုံးလုံးက သင့်ကို ကူညီပေးပါလိမ့်မယ်။
AI အထူးမြင်ကွင်းကျယ်ကင်မရာ
မိုးကုတ်စက်ဝိုင်းကို ချဲ့ထွင်လိုက်ပါ
AI အထူးမြင်ကွင်းကျယ် ကင်မရာနဲ့ဆိုရင် သင့်ရဲ့မြင်ကွင်းတွေကို 120 ဒီဂရီအထိ ချဲ့ထွင်နိုင်ပြီဖြစ်လို့ ပိုမိုကျုယ်ပြန့်တဲ့ရှုခင်းပုံတွေ၊ သူငယ်ချင်းများများ ပိုဆန့်တဲ့ပုံတွေ၊ အထင်ကြီးလောက်စရာ ဓာတ်ပုံတွေကို မှတ်တမ်းတင်နိုင်ပြီပဲ ဖြစ်ပါတယ်။
After
20MP အရှေ့ကင်မရာ
ပိုကြည်တယ်၊ ပိုလှတယ်
ကိုယ့်ကိုယ်ကို ရိုက်တဲ့ Portrait ဓာတ်ပုံတွေအတွက် Y17 မှာ ပါဝင်တဲ့ 20MP အရှေ့ကင်မရာက ပိုမိုတိကျပြတ်သားတဲ့ မျက်နှာပြင်ပုံစံတွေကို ဖမ်းယူနိုင်ပြီဖြစ်သလို ပိုမိုကြည်လင်ပြတ်သားတွေ ရလဒ်တွေကိုလည်း ဆောင်ကျဉ်းပေးဦးမှာပါ။ AI Face Beauty ဟာ ဆိုရင်လည်း သင့်အတွက် အလိုက်ဖက်ဆုံး မျက်နှာအသွင်အပြင်ကို ပေးစွမ်းနိုင်ဦးမှာဖြစ်လို့ ဓာတ်ပုံရိုက်ပြီးနောက် ပြန်လည်ပြုပြင်ရတဲ့ အချိန်တွေကို လျော့ပါး သက်သာသွားစေတော့မှာပါ။
5000mAh Battery: ကြာရှည်ခံစွမ်းအင်
Y17 မှာဆိုရင် ဈေးကွက်ရဲ့အကြီးမားဆုံး Battery အဖြစ် 5000mAh Battery ကိုတပ်ဆင်ပေးထားတာဖြစ်လို့ ကြာရှည်အသုံးခံသလို၊ ဂိမ်းဆော့တာတွေ၊ ဗီဒီယိုကြည့်တာတွေဟာ ပိုပြီးပျော်စရာကောင်းလာပါပြီ။ Y17 နဲ့ဆိုရင် အရင်တုန်းက Battery အားမရှိမှာစိုးရိမ်နေရတဲ့ ပြသနာတွေကို မေ့လိုက်လို့ရပါပြီ။
အားအမြန်သွင်းစနစ်
5,000mAh Battery အပြင်ကိုမှ Y17 မှာ vivo ရဲ့ သီးသန့် အားအမြန်သွင်းစနစ် ပါဝင်လာတာဖြစ်လို့ ဖုန်းအားကို မြန်မြန်ဆန်ဆန် ပြန်ဖြည့်နိုင်ပါပြီ။ ဒါ့အပြင် လုံခြုံရေးအလွှာ ၉ လွှာနဲ့ ကာကွယ်ပေးထားလို့ အားသွင်းစဉ် လုံခြုံစိတ်ချရမှုဟာလည်း အာမခံလို့ရပါတယ်။
4GB RAM + 128GB ROM
Y17 ဟာ octa-core processor ကိုမှ 12nm ဒီဇိုင်းနဲ့ဖြစ်ပြီး clock speed ကတော့ 2.3GHz အထိ ရှိပါတယ်။ သူ့မှာ ပါဝင်တဲ့ 4GB RAM နဲ့ 128GB ROM ဟာ app များစွာကို သွင်းထားပြီး အထစ်အငေါ့မရှိ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Y17 ဟာ vivo ရဲ့ Funtouch OS 9 ကို အသုံးပြုပေးထားပြီး Android 9.0 ပေါ် အခြေခံထားပါတယ်။ Y17 နဲ့ဆို အရာရာ လွယ်ကူသွားပါပြီ
Ultra Game Mode
Ultra Game Mode ဟာ ကျေနပ်ပျော်ရွှင်ရဆုံး ဂိမ်းသမားတစ်ဦးဖြစ်ဖို့ ဒီဇိုင်းဖန်တီးထားပါတယ်။ Competition Mode ကို အသုံးပြုပြီး ဂိမ်းလုပ်ဆောင်ချက်စနစ်တွေကို ဦးစားပေးထားမှုကြောင့် e-sports တွေကို Pro တစ်ဦးလို ဆော့ကစားနိုင်ပါလိမ့်မယ်။ ဒါ့အပြင် Dual-Turbo ဆိုတာ ဂိမ်းကစားသူတွေအတွက် လျှပ်စီးလို လျင်မြန်မှုတွေကို ပေးစွမ်းသွားဦးမှာဖြစ်ပြီး ဒီနှစ်ခုစလုံးဟာ ပေါ့ပါးသွက်လက်တဲ့ အတွေ့အကြုံနဲ့အတူ frame-drop ဖြစ်မှုကို လျှော့ချပေးမှာဖြစ်လို့ ကျေနပ်ရင်ခုန်စရာကောင်းတဲ့ Gaming အတွေ့အကြုံဟာ သင့်အတွက်ဖြစ်သွားပါပြီ။
မှတ်ချက်
1. ပိုမိုကောင်းမွန်သော ရုပ်ထွက်ရလဒ်နှင့် အသုံးပြုသူ အတွေ့အကြုံအတွက် ဓာတ်ပုံတွေရဲ့ မတူညီတဲ့ Pixel နံပါတ်တွေဟာ မတူညီတဲ့ အခြေအနေတွေပေါ် မူတည် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
2. ထုတ်ကုန်ဓာတ်ပုံများမှာ ကိုးကားရည်ညွှန်းပြရန် အတွက်သာ ထည့်ပေးထားခြင်းဖြစ်ပြီး ဖန်သားပြင်ပေါ်တွင် ပြသမည့်ပုံများကို သရုပ်ပြရန်အတွက် ဖန်တီးထားခြင်းသာ ဖြစ်ပါသည်။ ထုတ်ကုန်၏ အမှန်တကယ်ပြသမှုကိုသာ စံအဖြစ်သတ်မှတ်ပါ။
3. အချက်အလက်အားလုံးသည် ကျွန်ုပ်တို့၏ နည်းပညာဆိုင်ရာ ဒီဇိုင်းပုံစံ အတိုင်းအတာများ၊ အချက်အလက်များ၊ စမ်းသပ်ခန်းမှ ရလဒ်များနှင့် ပစ္စည်းထောက်ပံ့သူ၏ စမ်းသပ်ချက် အချက်အလက်များအပေါ်တွင် အခြေခံခြင်း ဖြစ်ပါသည်။ လက်တွေ့စွမ်းဆောင်ရည်မှာ ဆော့ဖ်ဝဲဗားရှင်း၊ စမ်းသပ်သော ပတ်ဝန်းကျင်နှင့် ဖုန်းမော်ဒယ်တို့အလိုက် အပြောင်းအလဲရှိနိုင်ပါသည်။
4. ဤအသေးစိတ် အချက်အလက်များနှင့် ဖော်ပြချက်များကို vivo မှ ပြင်ဆင်ခွင့်ရှိပြီး ဖော်ပြထားသော ထုတ်ကုန်များကို ကြိုတင်အသိမပေးဘဲ ပြောင်းလဲပြင်ဆင်နိုင်ပါသည်။
5. မျက်နှာပြင်ကို ထောင့်ဖြတ်တိုင်းတာသည့်ခါ ထောင့်မှန်စတုဂံအတိုင်း တိုင်းတာပါက 6.35 လက်မရှိပြီး ထောင့်အလုံးများကိုပါ ထည့်သွင်းတွက်ချက်ပါက 6.2 လက်မ ရှိပါသည်။