Halo FullView™ Display
အကန့်အသတ်မရှိ မြင်ကွင်းပုံရိပ်

Halo FullView™ Display နဲ့ ပြုလုပ်ထားတဲ့ S1 ဟာ ကျစ်လစ်ကျယ်ပြန့်တဲ့ မျက်နှာပြင် ရှိပါတယ်။ ဒါဟာ အကောင်းဆုံး မြင်ကွင်းကို ပေးစွမ်းနိုင်မယ့် ပြီးပြည့်စုံတဲ့ ခေါက်ချိုးညီ မျက်နှာပြင်ပါပဲ။ 6.38 inches ကိုမှ 19.5:9 aspect ratio Super AMOLED Display အပြင် 90% screen-to-body ratio နဲ့ဆိုတော့ ရင်သပ်ရှုမောဖွယ် ပုံရိပ်တွေကို အကန့်အသတ်မရှိ ထုတ်ပေးနိုင်တော့မှာပါ။

  • Halo FullView™ Display
  • Aspect Ratio
  • Screen-to-body ratio

Always On Display

Self-illuminating Super AMOLED display နဲ့ ပြုလုပ်ထားတဲ့ S1 က Always On Display ကို ထောက်ပံ့ပေးပြီး ဖုန်းအားလည်း ကြာရှည်စွာ အသုံးခံပါတယ်။ အချိန်ကို ကြည့်ချင်တာပဲဖြစ်ဖြစ်၊ အချက်ပေးထားမှုကို ကြည့်ချင်တာပဲဖြစ်ဖြစ် ဖုန်းကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သိရှိနိုင်ပါတယ်။ ဒါ့အပြင် သင့် style နဲ့ ကိုက်ညီမယ့် သင်နှစ်သက်ရာ ဆွဲဆောင်မှုရှိတဲ့ theme ကိုလည်း ထည့်သွင်းနိုင်ပါတယ်။

In-Display Fingerprint Scanning
အနာဂတ်ကို ဖွင့်လှစ်လိုက်ပါ

Vivo က မျက်နှာပြင်အောက်လက်ဗွေစနစ် ကို မိတ်ဆက်ပြီးတဲ့ အချိန်ကစပြီး အသုံးပြုသူတွေကို ပိုမို ကောင်းမွန်တဲ့ unlocking အတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့ ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။ S1 မျက်နှာပြင်အပေါ် တစ်ချက်ထိလိုက်ရုံနဲ့ မျက်နှာပြင်ဟာ မြန်မြန်ဆန်ဆန်ပဲ Unlock လုပ်ပေးမှာပါ။ လွယ်ကူလျင်မြန်တဲ့ unlocking ကို လုပ်ဆောင်ပေးမယ့် နည်းစနစ် အမျိုးမျိုးကိုလည်း ထည့်သွင်းထားပါသေးတယ်။

ရေပန်းစား နည်းပညာ
ကိုယ်ပိုင်မူဟန်အသွင်အပြင်

S1 ကို အဆင့်မြင့် design နဲ့ လက်ရာမြောက်အောင် diamond pattern design ပြုလုပ်ထားပြီး အပြာက ခရမ်းကို ချောချောမွေ့မွေ့ ပြောင်းလဲသွားတဲ့ ပုံစံနဲ့ ထုတ်လုပ်ထားပါတယ်။ အနက်ရောင်နဲ့ ကွပ်ထားပြီး တောက်ပတဲ့ diamond pattern လေးတွေက ညအချိန်မှာ ထွန်းလင်းနေတဲ့ ကြယ်လေးတွေနဲ့တောင် ဆင်တူနေမှာပါ။

32MP အရှေ့ကင်မရာ
Capture A Clearer You

S1 မှာဆိုရင် ဈေးကွက်ကို ဦးဆောင်နေတဲ့ 32MP အရှေ့ကင်မရာ ပါဝင်ပါတယ်။ ရုပ်ထွက်ကြည်လင်မှုနှုန်းဟာ Ultra HD ရှိတာကြောင့် ပိုမိုကြည်လင်ပြတ်သားပြီး တိကျတဲ့ Selfie ပုံရိပ်တွေကို ဖမ်းယူနိုင်ပါလိမ့်မယ်။ ဒါ့အပြင် မတူညီတဲ့ Selfie Modes တွေဖြစ်တဲ့ AI Face Beauty, Selfie Front Light, AR Stickers, AI Filter အစရှိတာတွေကိုလည်း ရွေးချယ်နိုင်ဦးမှာဖြစ်လို့ Selfie ရိုက်ရတာဟာ ပိုမိုပျော်စရာ ကောင်းလာမှာ အမှန်ပါပဲ။

AI Triple Camera
ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ဦးရဲ့ အရသာ

Sony IMX499 Camera Sensor နဲ့ ဖန်တီးထားတဲ့ S1 က သင့်ကို တိကျပြတ်သားတဲ့ ရိုက်ချက်တွေကို ပေးစွမ်းနိုင်မှာပါ။ AI Portrait Framing က သင့်ရဲ့ ဓာတ်ပုံကို ပြီးပြည့်စုံတဲ့ အချိုးအစား ရရှိအောင် ကူညီပေးပြီး သင့်ဘဝအချိန်တွေရဲ့ ရိုက်ချက်တစ်ခုချင်းစီကို ပျော်ရွှင်မှုတွေ ယူဆောင်လာပေးမှာပါ။

AI Super Wide-Angle Camera
အလှအပတွေကို ပိုမို ဖော်ထုတ်လိုက်ပါ။

AI Super Wide-Angle Camera က သင့်ရဲ့ မြင်ကွင်းကို 120° အထိ ချဲ့ယူရိုက်ကူးနိုင်တာကြောင့် သဘာဝအလှအပတွေ၊ သင့်သူငယ်ချင်းတွေနဲ့ ကမ္ဘာကြီးရဲ့ အလှအပတွေကို ပိုမို မြင်ကွင်းကျယ်ကျယ် ရိုက်ကူးနိုင်မှာပါ။ အုပ်စုဓာတ်ပုံတွေ ရိုက်တဲ့အခါ ကင်မရာက အလိုအလျောက် Super Wide-Angle ကို ပြောင်းပေးတာကြောင့် ပိုမို ကျယ်ပြန့်တဲ့ ရိုက်ချက်တွေ ရရှိနိုင်ပြီပေါ့။

*ပုံအနေအထား ပျက်ယွင်းမှုတွေကိုပါ ထည့်တွက်မယ်ဆိုရင် ကင်မရာဟာ 108° အထိ ချဲ့လို့ရနိုင်မှာ ဖြစ်ပါတယ်။

After

Before After

Powerful Performance
အတိုင်းထက်အလွန် ချောမွေ့တဲ့ အတွေ့အကြုံတစ်ခုအတွက်

S1 က octa-core processor နဲ့ ပြုလုပ်ထားပြီး 2.0GHz အထိ မြန်ဆန်ပါတယ်။ S1 ကို 6GB RAM ၊ 128GB ROM တို့နဲ့ ဖန်တီးထားတဲ့အတွက် အမြန်နှုန်းကို မြှင့်တင်နိုင်တဲ့အပြင် များပြားတဲ့ apps တွေနဲ့ mobile games တွေရဲ့ စွမ်းဆောင်ရည်ကို ချောမွေ့ပြေပြစ်စေပါတယ်။

  • 6 GB

    RAM

  • 4500 mAh

    Battery

  • 128 GB

    ROM

မျှော်လင့်မထားတဲ့ ကြာရှည်ခံစွမ်းအား

S1 မှာ Vivo ရဲ့ ထူးခြားတဲ့ နည်းပညာဖြစ်တဲ့ Dual-Engine Fast Charging ထည့်သွင်းထားပြီး 4,500mAh Battery ပါဝင်ပါတယ်။ သင့်ရဲ့ power bank ကို အိမ်မှာထားခဲ့ပြီး တစ်နေ့တာကို အကောင်းဆုံး ဖြတ်သန်းလိုက်ပါ။

ပိုမို သာလွန်တဲ့ ဂိမ်းစနစ်

ဂိမ်းဆော့ရာမှာ ပျော်ပျော်ရွှင်ရွှင် ဆော့နိုင်ဖို့ ပိုမိုသာလွန်တဲ့ ဂိမ်းစနစ်ကို ထည့်သွင်းထားပါတယ်။ အသစ်ထည့်သွင်းထားတဲ့ Game Countdown က ဂိမ်းမစတင်ခင် window စောင့်ဖို့ ကျန်ရှိတဲ့အချိန်ကို သတိပေးတဲ့အတွက် ဂိမ်းဆော့ဖို့ စောင့်ဆိုင်းနေစဉ်အတွင်းမှာ အခြားအရာတွေ လုပ်ဆောင်နိုင်ပါတယ်။

Jovi
Smarter AI

Vivo ရဲ့ AI စနစ်က နောက်ထပ် ဦးဆောင်ခြေလှမ်းတစ်ခုကို စတင်ခဲ့ပြီးပါပြီ။ စွမ်းရည်ပြည့်ဝတဲ့ Jovi ဟာ သင့်ရဲ့လိုအပ်ချက်နဲ့ လိုအင်ဆန္ဒတွေကို နားလည်သိရှိနိုင်မှာပါ။ Smart Button နဲ့ Jovi Image Recognizer အပြင်ကိုမှ S1 ဟာ ပိုမိုအသိဉာဏ်ပြည့်ဝတဲ့ Google Assistant စနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။

Smart Button

သူ့ရဲ့အသိဉာဏ်အတွက် တစ်ချက်လောက် နှိပ်လိုက်ရုံပါပဲ။ အသစ်ထည့်သွင်းထားတဲ့ Smart Button ကိုတစ်ချက်နှိပ်လိုက်တဲ့အခါ Google Assistant ပွင့်လာမှာဖြစ်ပြီး၊ နှစ်ချက်ဆက်တိုက် နှိပ်လိုက်တဲ့အခါ Jovi Image Recognizer ပွင့်လာမှာပါ။ ရိုးရိုးရှင်းရှင်း၊ လွယ်လွယ်ကူကူပါပဲ။

The Google Assistant

S1 မှာဆိုရင် ပိုမိုကောင်းမွန်အောင် ပြုပြင်ထားတဲ့ Voice Commands ပါဝင်ပါတယ်။ AI Face Beauty ကို အလျင်အမြန် အသုံးပြုလိုတဲ့အခါမျိုး၊ Phone Memory တွေကို ရှင်းလင်းချင်တဲ့အခါမျိုး ဒါမှမဟုတ် Album ထဲက အစားအသောက်ပုံတွေ ရှာချင်တာလား? S1 ကို အသံလေးပြုလုပ်ရုံပါပဲ။

Jovi Image Recognizer

Jovi Image Recognizer နဲ့ဆိုရင် ခေတ်ပေါ် e-commerce platforms တွေထဲက ထုတ်ကုန်ပေါင်း ဘီလီယံဝက်လောက်အထိ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ ခေတ်လွန် AI Shopping ကို အတူတူခံစားကြည့်ရအောင်။

Disclaimer:

1. မျက်နှာပြင်အရွယ်အစားကို ထောင့်ဖြတ်တိုင်းမည် ဆိုပါက ထောင့်မှန်စတုဂံအတိုင်းတိုင်းလျှင် 6.38 လက်မရှိမှာဖြစ်ပြီး၊ ထောင့်အဝိုင်းလေးအတိုင်းတိုင်းပါက 6.16 လက်မရှိမှာ ဖြစ်ပါသည်။

2. Battery Life ဟာဆိုရင် စမ်းသပ်ခန်းထဲမှာ နေ့စဉ်အကြိမ်ကြိမ် စမ်းသပ်ထားတဲ့ ရလဒ်ပေါ်မှာ အခြေခံထားခြင်း ဖြစ်သည်။

3. ထုတ်ကုန်ဓာတ်ပုံများမှာ ကိုးကားရည်ညွှန်းပြရန် အတွက်သာ ထည့်ပေးထားခြင်းဖြစ်ပြီး ဖန်သားပြင်ပေါ်တွင် ပြသမည့်ပုံများကို သရုပ်ပြရန်အတွက် ဖန်တီးထားခြင်းသာ ဖြစ်ပါသည်။ ထုတ်ကုန်၏ အမှန်တကယ်ပြသမှုကိုသာ စံအဖြစ်သတ်မှတ်ပါ။

4. အချက်အလက်အားလုံးသည် ကျွန်ုပ်တို့၏ နည်းပညာဆိုင်ရာ ဒီဇိုင်းပုံစံ အတိုင်းအတာများ၊ အချက်အလက်များ၊ စမ်းသပ်ခန်းမှ ရလဒ်များနှင့် ပစ္စည်းထောက်ပံ့သူ၏ စမ်းသပ်ချက် အချက်အလက်များအပေါ်တွင် အခြေခံခြင်း ဖြစ်ပါသည်။ လက်တွေ့စွမ်းဆောင်ရည်မှာ ဆော့ဖ်ဝဲဗားရှင်း၊ စမ်းသပ်သော ပတ်ဝန်းကျင်နှင့် ဖုန်းမော်ဒယ်တို့အလိုက် အပြောင်းအလဲရှိနိုင်ပါသည်။

5. ဖုန်းမှန်ကပ်တွေဟာ မျက်နှာပြင်အောက် လက်ဗွေစနစ် အနှောက်အယှက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လက်ဗွေအတွက် အထူးပြုလုပ်ထားတဲ့ Vivo ရဲ့တရားဝင် မှန်ကပ်ဖြစ်ကြောင်း သေချာပါစေ။

6. ဒီစာမျက်နှာတွင်ဖော်ပြထားသည့် Google trademarks တွေဟာ Google ကသာ ပိုင်ဆိုင်ပါသည်။

7. ဤအသေးစိတ် အချက်အလက်များနှင့် ဖော်ပြချက်များကို Vivo မှ ပြင်ဆင်ခွင့်ရှိပြီး ဖော်ပြထားသော ထုတ်ကုန်များကို ကြိုတင်အသိမပေးဘဲ ပြောင်းလဲပြင်ဆင်နိုင်ပါသည်။