vivo က ဝယ်ယူအားပေးသူများအတွက် အာမခံကာလ တိုးမြင့်သတ်မှတ်

၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၀ ရက်

လက်ရှိကာလတွင် ဖြစ်ပွားလျက်ရှိသည့် COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါနှင့် ပတ်သက်ပြီး vivo သုံးစွဲသူနှင့် ဝယ်ယူအားပေးသူများ၏ ကျန်းမာရေးကို vivo မှ အစဉ်အမြဲ ဂရုစိုက်သည့်အပြင် နိုင်ငံတော် အစိုးရမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအရ vivo ၏ Customer Service Center (ဝန်ဆောင်မှုစင်တာ)ကို ဧပြီလ ၂၁ ရက်နေ့အထိ ခေတ္တ ပိတ်ထားမည် ဖြစ်ပါသည်။

ထို့ကြောင့် vivo ၏ သုံးစွဲဝယ်ယူအားပေးသူများအား အလေးထားသောအားဖြင့် အာမခံသက်တမ်းကို ၂၀၂၀ ဧပြီလ ၁ ရက်မှမေလ ၃၁ ရက်အထိ ပြန်လည် တိုးမြှင့်ပေးသွားမည် ဖြစ်ပါသည်။ ထိုသို့ အာမခံ သက်တမ်းတိုးပြုလုပ်ခြင်းသည် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁ ရက် မှ ၂၀၂၀ ခုနှစ်၊ မေလ ၃၁ ရက်အထိ မြန်မာနိုင်ငံ၌ ရောင်းချသော vivo စမတ်ဖုန်းအားလုံးအတွက် သက်ရောက်မှု ရှိပါသည်။

သုံးစွဲသူ ပြည်သူများ၏ ဘေးကင်းလုံခြုံရေးသည် vivo ၏ နံပါတ် ၁ ဦးစားပေး ဖြစ်သည့်အလျောက် ဝန်ဆောင်မှုစင်တာများ ယာယီ ပိတ်ထားမည် ဖြစ်သော်လည်း အောက်ပါဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာများသို့ တိုက်ရိုက်နှိပ်၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Hotline numbers: 09-424257300 (Mon-Fri 8:30-17:30, Sat 8:30-12:00)

Facebook page: https://www.facebook.com/vivoServiceCenterMM  

Email: vivomyanmar.customercare@mm.vivo.com 

vivo ၏ ဝန်ဆောင်မှု စင်တာများအကြောင်းနှင့် စည်းကမ်းချက်များအကြောင်း အသေးစိတ် သိရှိလိုပါက https://www.vivo.com/in/support/serviceCenter နှင့် https://www.vivo.com/in/index/warrantyTerms သို့ အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါသည်။

#stayhomestaysafe #vivocares