MYANMAR/မြန်မာ-

ဥပဒေရေးရာ အသိပေးချက်များ

ဤဝက်ဘ်ဆိုက်ကို ဝင်ရောက် သုံးစွဲခြင်း၊ ကြည့်ရှုခြင်း၊ မှတ်သားခြင်း၊ မျှဝေခြင်း နှင့်/သို့မဟုတ် အသုံးပြုခြင်းဖြင့် သင်သည် အောက်ပါ စည်းမျဉ်းများကို ဖတ်ရှု၍ နားလည်သဘောပေါက်ပြီးဖြစ်ကာ ၎င်း၏ သတ်မှတ်ပြဋ္ဌာန်းချက်နှင့် သက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းအားလုံးကို လိုက်နာမည်ဖြစ်ကြောင်း သဘောတူရာ ရောက်ပါသည်။


1. အငြင်းပွားမှု ဖြေရှင်းရေး


§ 36 VSBG (ဂျာမန် သုံးစွဲသူ အငြင်းပွားမှု ဖြေရှင်းရေး အက်ဥပဒေ) အရ အချက်အ်များ(ဂျာမနီအတွက်သာ သက်ဆိုင်ပါသည်) အရ အချက်အလက်များ-

ကျွန်ုပ်တို့တွင် သုံးစွဲသူ စီရင်ဆုံးဖြတ်မှု ဘုတ်အဖွဲ့ရှေ့မှောက်၌ အငြင်းပွားမှု ဖြေရှင်းရေးကိစ္စရပ်များတွင် ပါဝင်လိုစိတ် သို့မဟုတ် ပါဝင်ရမည့်တာဝန် မရှိပါ။

EU အငြင်းပွားမှု ဖြေရှင်းရေး(EU နိုင်ငံများနှင့်သာ သက်ဆိုင်ပါသည်)-

EU ကော်မရှင်က အွန်လိုင်းမှ ဝယ်ယူသည့်ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရောင်းသူ၊ ဝယ်သူအကြား အငြင်းပွားမှုများကို သမာသမတ်ကျသော အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ အကူအညီဖြင့် ဖြေရှင်းနိုင်စေမည့် ပလက်ဖောင်းတစ်ခုကို ပံ့ပိုးပေးထားပါသည်-

https://ec.europa.eu/consumers/odr

ကျွန်ုပ်တို့၏ အီးမေးလ်လိပ်စာ- info@vivo.com

ကျွန်ုပ်တို့တွင် သုံးစွဲသူ စီရင်ဆုံးဖြတ်မှု ဘုတ်အဖွဲ့ရှေ့မှောက်၌ အငြင်းပွားမှု ဖြေရှင်းရေးကိစ္စရပ်များတွင် ပါဝင်လိုစိတ် သို့မဟုတ် ပါဝင်ရမည့်တာဝန် မရှိပါ။


2. မသက်ဆိုင်ကြောင်း ရှင်းလင်းချက်


ဝက်ဘ်ဆိုက်များရှိ အကြောင်းအရာများ

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များရှိ အကြောင်းအရာများကို အထူးဂရုတစိုက်ဖြင့် ရေးသားထားပါသည်။ သို့သော်လည်း အကြောင်းအရာများ၏ မှန်ကန်တိကျမှု၊ ပြီးပြည့်စုံမှုနှင့် အပ်ဒိတ်ဖြစ်မှုကိုမူ အာမ မခံနိုင်ပါ။ ဤစာမျက်နှာများရှိ အချက်အလက်များနှင့် အသေးစိတ်သည် အာမခံမှု သို့မဟုတ် စိတ်ချသေချာရမှုကို အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကိုယ်စားပြု ဖော်ပြခြင်းမဟုတ်ပါ။ အထူးသဖြင့် ၎င်းတို့သည် အခြေအနေတစ်ရပ်၊ ကုန်သွယ်နိုင်မှု၊ ရည်ရွယ်ချက် အချို့အတွက် သင့်လျော်မှု သို့မဟုတ် ဥပဒေနှင့် မူပိုင်ခွင့်များကို မချိုးဖောက်မှုတို့အတွက် ဖွင့်ဟမပြောဘဲ ထားထားသည့် ကတိပြုချက် သို့မဟုတ် အာမခံချက်ကို ကိုယ်စားပြုခြင်း မဟုတ်ပါ။

ဤဝက်ဘ်ဆိုက်တွင် ပြသထားသည့် ထုတ်ကုန်များသည် vivo မှ ရရှိနိုင်သော ထုတ်ကုန် နမူနာများ ဖြစ်ပါသည်။ စာမျက်နှာတစ်ခုချင်းစီအတွက် နောက်ဆုံး တည်းဖြတ်ရမည့် ရက်စွဲနောက်ပိုင်းတွင် ထိုထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ အပြောင်းအလဲ ရှိလာနိုင်ပါသည်။ ထုတ်ကုန်၏ လုပ်ဆောင်ချက်များနှင့် စီစဉ်သတ်မှတ်မှု အပါအဝင် အကန့်အသတ်မရှိဘဲ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများအကြောင်း ဖော်ပြချက်များသည် နိုင်ငံ၊ ဒေသအလိုက် ကွဲပြားမှု ရှိနိုင်ပါသည်။ ဤနေရာတွင် ပြသထားသည့် ကုန်အမှတ်တံဆိပ်များ သို့မဟုတ် ထုတ်ကုန်များကို သင့်နိုင်ငံတွင် ရရှိနိုင်မည်ဟု ကျွန်ုပ်တို့က အာမ မခံပါ။ကျွန်ုပ်တို့အနေဖြင့် ဒီဇိုင်း သို့မဟုတ် ပုံပန်းသဏ္ဌာန် အပြောင်းအလဲများ၊ နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်များတွင် အပြောင်းအလဲများ၊ အရောင်ပိုင်းတွင် ကွဲပြားမှုများနှင့် ပို့ဆောင်မှု သို့မဟုတ် ဝန်ဆောင်မှု အတိုင်းအတာပိုင်းတွင် ပြောင်းလဲမှုများ ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါသည်။ သရုပ်ပြရုပ်ပုံများတွင် ဆက်စပ်ပစ္စည်းများ၊ အထူး ပစ္စည်းကိရိယာများ သို့မဟုတ် ပုံမှန် စံတစ်ခုအနေဖြင့် ပို့ဆောင်ရာတွင် သို့မဟုတ် ဝန်ဆောင်မှုပေးရာတွင် မပါဝင်သော အခြားအရာများလည်း ပါဝင်နေနိုင်ပါသည်။ အရောင်ပိုင်းတွင် ကွဲပြားမှုများသည် နည်းပညာကြောင့် ဖြစ်ပါသည်။ စာမျက်နှာတစ်ခုချင်းစီတွင် နိုင်ငံတစ်ခုချင်းစီ၌ ပံ့ပိုးပေးမထားသည့် အမျိုးအစားများနှင့် ဝန်ဆောင်မှုများလည်း ပါဝင်နိုင်ပါသည်။

ဖော်ပြထားသော ဈေးနှုန်းများသည် အကြံပြုထားသော လက်လီဈေးနှုန်းများ ဖြစ်ပြီး ရောင်းချရာတွင် ကွဲပြားမှု ရှိနိုင်ပါသည်။

လင့်ခ်များ

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တွင် အခြားစာမျက်နှာများထံ အင်တာနက်မှတစ်ဆင့် သွားရောက်နိုင်သည့် လင့်ခ်များကိုလည်း တွေ့နိုင်ပါသည်။ လင့်ခ်များကို ပေးထားသည့် ထိုဝက်ဘ်ဆိုက်များ၏ ဒီဇိုင်းနှင့် အကြောင်းအရာများအပေါ် ကျွန်ုပ်တို့၏ လွှမ်းမိုးမှု တစ်စုံတစ်ရာမရှိကြောင်းကိုလည်း ထောက်ပြချင်ပါသည်။ ထိုအတွက်ကြောင့် ထိုဝက်ဘ်ဆိုက်များတွင် ပေးထားသည့် အချက်အလက်များ၏ အပ်ဒိတ်ဖြစ်မှု၊ မှန်ကန်မှု၊ ပြည့်စုံမှု သို့မဟုတ် အရည်အသွေးကိုလည်း ကျွန်ုပ်တို့က အာမခံခြင်း မရှိပါ။ ဤနောက်ခံနှင့် စပ်လျဉ်းပြီး ကျွန်ုပ်တို့သည် ဤဝက်ဘ်ဆိုက်များ၏ အကြောင်းအရာအားလုံးနှင့် လုံးလုံးလျားလျား မသက်ဆိုင်ကြောင်း ဤတွင် ဖော်ပြအပ်ပါသည်။ ဤကြေညာချက်သည် ပြင်ပဝက်ဘ်ဆိုက်များအတွက် လင့်ခ်အားလုံးအပြင် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များရှိ ၎င်းတို့၏ အကြောင်းအရာများအပေါ် သက်ဆိုင်မှု ရှိပါသည်။ ချိတ်ဆက်ထားသည့် ဝက်ဘ်ဆိုက်များတွင် ဥပဒေချိုးဖောက်မှု တစ်စုံတစ်ရာကို ကျွန်ုပ်တို့ သတိမူမိလျှင် ထိုလင့်ခ်များကို ချက်ချင်း ဖယ်ရှားပါမည်။

ဝက်ဘ်ဆိုက်တွင် ပြောင်းလဲမှုများ

ကျွန်ုပ်တို့သည် ကြိုတင် အသိမပေးဘဲ ဝက်ဘ်ဆိုက်ရှိ အချက်အလက်များ၊ ဝန်ဆောင်မှုများ၊ ထုတ်ကုန်များနှင့် အခြားအကြောင်းအရာများကို အချိန်မရွေး ပြောင်းလဲပိုင်ခွင့်၊ ပိုမိုတိုးတက်အောင် လုပ်ဆောင်ခွင့် ရှိပါသည်။


3. ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များ


မူပိုင်ခွင့်

စာသား၊ ရုပ်ပုံ၊ ပုံ၊ အသံ၊ ဗီဒီယိုနှင့် အန်နီမေးရှင်းဖိုင်အားလုံးအပြင် ၎င်းတို့၏ အစီအစဉ်များ၊ အခြေခံ ဆော့ဖ်ဝဲကုဒ်အပါအဝင် ဝက်ဘ်ဆိုက်များအား တင်ဆက်မှုနှင့် စီစဉ်ထားမှုများတွင် မူပိုင်ခွင့်ရှိပြီး ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို ကာကွယ်ပေးသည့် အခြားဥပဒေများဖြင့် ကာကွယ်ထားသည်။ ကြိုတင်ခွင့်ပြုစာမရှိဘဲ ၎င်းတို့ကို မူပိုင်ခွင့်ဥပဒေ၏ ကန့်သတ်ချက်ထက် ကျော်လွန်ပြီး မည်သည့်ပုံစံဖြင့်မဆို ပြန်လည်ထုတ်ဝေခြင်း၊ တည်းဖြတ်ခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် အသုံးပြုခြင်း မပြုလုပ်ရ။ ဤဝက်ဘ်ဆိုက်၏ ဒေါင်းလုဒ်များနှင့် မိတ္တူများကို လုပ်ငန်းအတွက်မဟုတ်ဘဲ ကိုယ်ပိုင်ကိစ္စအတွက် သုံးရန်သာ ခွင့်ပြုထားပါသည်။

ကုန်ပစ္စည်းအမှတ်တံဆိပ်များ

ဤဝက်ဘ်ဆိုက်များတွင် ပြသထားသည့်၊ ဖော်ပြထားသည့် သို့မဟုတ် တစ်နည်းနည်းဖြင့် အသုံးပြုထားသည့် အမှတ်အသားအားလုံးအတွက် တစ်နည်းနည်းဖြင့် ဖော်ပြမထားလျှင် vivoMobile Communication Co.၊ Ltd.၊ တရုတ် (“vivo”) ၏ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်များ ရရှိထားပါသည်။ ဤအချက်သည် အထူးသဖြင့် vivo မော်ဒယ်အမည်များနှင့် လိုဂိုများနှင့် သက်ဆိုင်ပါသည်။ vivo ၏ ကြိုတင် ခွင့်ပြုချက်စာမရှိဘဲ ၎င်းတို့ကို အခြားတစ်နည်းနည်းဖြင့် ကူးယူခြင်း၊ တည်းဖြတ်ခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အသုံးပြုခြင်း မပြုရ။


4. ဒေတာ ကာကွယ်ခြင်း


သင့်ကိုယ်ရေး ဒေတာများ လုံခြုံရေးသည် ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။ ကျွန်ုပ်တို့၏ ကုမ္ပဏီသည် ဒေတာ ကာကွယ်ရေး မူဝါဒကို အခြေခံပြီး သက်ဆိုင်ရာ ဒေတာနှင့် ကာကွယ်ရေး ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နည်းပညာနှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာ အစီအမံများ ဆောင်ရွက်ထားရှိပါသည်။

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များကို အသုံးပြုစဉ် စုစည်းရယူထားသည့် ကိုယ်ရေး ဒေတာအကြောင်း အချက်အလက်များနှင့် စီမံဆောင်ရွက်သည့် ရည်ရွယ်ချက်များကို ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု အသိပေးချက်နှင့် အထူးသဖြင့် ကွတ်ကီးများ အသုံးပြုမှုအကြောင်း ရှင်းပြချက်ထဲတွင် တွေ့နိုင်ပါသည်။

အင်တာနက်သုံးပြီး ဒေတာများ ထုတ်လွှင့်ရာတွင် လုံခြုံရေး အားနည်းချက်များ ရှိနိုင်သည်ကိုလည်း ကျွန်ုပ်တို့က ထောက်ပြလိုပါသည်။ ဒေတာများကို ပြင်ပ အဖွဲ့အစည်းများ၏ ဝင်ရောက် သုံးစွဲမှုမှ အပြည့်အဝ ကာကွယ်ရန်မှာ မဖြစ်နိုင်ပေ။


5. ပေးရန်တာဝန် ကန့်သတ်ခြင်း


vivo က ထိုပျက်စီးဆုံးရှုံးမှုမျိုးကို အသိပေးထားပြီးဖြစ်သည့်တိုင် ဤတွင် ထည့်သွင်းထားသော အကြောင်းအရာများအပေါ် မှီခိုအားထားမှု သို့မဟုတ် ဤဝက်ဘ်ဆိုက်ကို အသုံးမပြုနိုင်မှု သို့မဟုတ် အသုံးပြုမှုကြောင့် အကျိုးအမြတ် သို့မဟုတ် ဝင်ငွေ ဆုံးရှုံးမှု၊ ဒေတာ ဆုံးရှုံးမှု နှင့်/သို့မဟုတ် လုပ်ငန်းဆုံးရှုံးမှုတို့ အပါအဝင် အကန့်အသတ်မရှိသော တိုက်ရိုက်ဖြစ်သော၊ သွယ်ဝိုက်သော၊ အထူးဖြစ်သော၊ မတော်တဆဖြစ်သော၊ နောက်ဆက်တွဲဖြစ်သော၊ ပြင်းထန်သော နှင့်/သို့မဟုတ် အခြားပျက်စီးဆုံးရှုံးမှုများအတွက် vivo သို့မဟုတ် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ၊ ကုမ္ပဏီခွဲများ၊ ဒါရိုက်တာများ၊ အေးဂျင့်များ၊ ဝန်ထမ်းများ သို့မဟုတ် အခြား ကိုယ်စားလှယ်များတွင် တာဝန်မရှိပါ။