*V11 ဖုန်းတွင်သာ In-Display Fingerprint ပါဝင်သည်။

FullView™ Display ရဲ့ တိုးတက်လာမှုနှုန်းကိုဖွင့်ဟကြည့်ခြင်း

မှန်မျက်နှာပြင်အောက်မှာ ဖွက်ပြီးထည့်ထားတဲ့ V11 ရဲ့ In-Display Fingerprint Scanning နည်းပညာက သင်ဘယ်သူလဲဆိုတာကို တိတိကျကျ ဝေခွဲဆုံးဖြတ်နိုင်ပါတယ်။ ကိုင်တွယ်မြင်တွေ့လို့ရတဲ့ လက်ဗွေဖတ်နေရာကို နည်းပညာအမြင့်တွေနဲ့ အသာလေး ဖယ်ရှားခဲ့လိုက်နိုင်လို့ နည်းပညာအမြင့်တွေကို ကိုင်တွယ်ရတဲ့ ခံစားမှုမျိုးကိုခံစားရမှာပါ။

ခေတ်ရှေ့ပြေးတဲ့ဒီဇိုင်း

Vivo က ခေတ်ရှေ့ပြေးပြီး အကောင်းဆုံးဆိုတဲ့ဖုန်းတွေ ထုတ်လုပ်ဖို့ ခပ်သွက်သွက် လှုပ်ရှားခဲ့ပါတယ်။ ကဲ.. အခုဆိုရင် 19.5:9 aspect ratio Halo FullViewTM Display ပါဝင်တဲ့ V11 ကိုယူဆောင်လာခဲ့ပါပြီ။ Super AMOLED မျက်နှာပြင်က တောက်ပရွှန်းစို ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကိုဖေါ်ပြပေးပါတယ်။ နောက်ကျောဘတ်မှာဆိုရင် ဆန်းသစ်တဲ့ 3D ကာဗာအသုံးပြုထားပြီး ပိုမိုလှပဆန်းပြားတဲ့ fusion color အရောင်ပေါင်းစပ် ဖွဲ့စည်းခြင်းဖြင့် ရွှန်းစိုတဲ့ အရောင်လေးဖြစ်နေပါတယ်။ ဖုန်းရဲ့အရှေ့ဘက်ရော၊ အနောက်ဘက်ပါ မြင့်မားတဲ့ quality နဲ့ အဆင့်အတန်းကို ဖေါ်ပြနေပြီးသားပါ။

  • 6.41inchမျက်နှာပြင်ဆိုဒ်
  • 19.5:9Super AMOLED
  • 91.27%မျက်နှာပြင်ပါဝင်မှုအချိုး
  • 1.76mmဘယ်နှင့်ညာ ဘေးသား
AI အနောက်ကင်မရာ နှစ်လုံး

12MP (24 သန်းကျော် ဓာတ်ပုံအာရုံခံ ကိရိယာများ) + 5MP တို့ပေါင်းစပ်ထားတဲ့ အနောက်ကင်မရာနှစ်ခု ကိုပေါင်းစပ်ပြီး V11 ကင်မရာစနစ်ကိုဖွဲ့စည်းထားပါတယ်။ အဓိကကင်မရာ ပုံရိပ်တွေဖမ်းယူဖို့အတွက် ကြီးမားတဲ့ f/1.8 apature နဲ့ 1.28 µm pixels တို့ပါဝင်ပါတယ်။ ဒီအချက်က အလင်းအမှောင်ကို အကောင်းဆုံး အခြေအနေဖြစ်အောင် မြှင့်တင်ပေးပါတယ်။ Dual Pixel Autofocus နည်းပညာက focus လုပ်တာကို ပိုမိုမြန်ဆန်စေပါတယ်။ ကဲ သာမန်လူတွေကို professional ဓာတ်ပုံဆရာတစ်ယောက်ဖြစ်သွားစေတော့မှာပေါ့။

25MP အရှေ့ကင်မရာ
ကြည်လင်တယ်၊ လှပတယ်၊ သဘာဝကျတယ်။

အလွန်ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေရရှိဖို့အတွက် အရှေ့ကင်မရာကို ရုပ်ထွက်အားကောင်းပြီး မြင့်မားတဲ့ 25MP super high resolution sensor ကိုအသုံးပြုထားပါတယ်။ ကျွန်တော်တို့ရဲ့ နည်းပညာအသစ် AI Face Shaping နည်းပညာက သင့်မျက်နှာသွင်ပြင်ကို အသေအချာဖတ်ရှုပြီး ပိုမိုလှပ၊ ကြည်လင်ပြတ်သားတဲ့ပုံလေးတွေကို သဘာဝအတိုင်းရရှိစေပါတယ်။

  • 25MPHD sensor
အားကောင်းတဲ့စွမ်းဆောင်ရည်

V11 ရဲ့အရေးပါတဲ့အစိတ်အပိုင်း နှလုံးသား လေးက Qualcomm ကထုတ်လုပ်တဲ့ စွမ်းဆောင်ရည်မြင့် octa-core Snapdragon 660AIE ပဲဖြစ်ပါတယ်။ Chip ရဲ့စွမ်းဆောင်နိုင်စွမ်းနဲ့ ချိန်ညှိပြီးတော့ V11 ကို မြင့်မားတဲ့ 6GB RAM နဲ့ 126GB storage space ကိုတပ်ဆင်အသုံးပြုထားပါတယ်။ တစ်ဆက်ထဲမှာပဲ Android 8.1 အပေါ်မှာ အခြေခံထားတဲ့ နောက်ဆုံး version Funtouch OS 4.5 ရယ် Jovi AI Engine ရယ်က CPU စွမ်းဆောင်နိုင်စွမ်းရယ် memory ရယ်ကို ထိထိရောက်ရောက် အသုံးချနိုင်မှာဖြစ်ပါတယ်။ မြင့်မားတဲ့ game တွေဆော့ရင်တောင်မှ အေးအေးဆေးဆေးစွမ်းဆောင်နိုင်ပါတယ်။

  • 660AIE Qualcomm Snapdragon
  • 6GBများပြားတဲ့ သိုလှောင်စွမ်းရည်
  • 128GBများပြားတဲ့ memory
  • Android8.1နောက်ဆုံးပေါ်စွမ်းဆောင်ရည်စနစ်
Dual-Engine အားအမြန်သွင်းစနစ်
အားသွင်းမြန်စနစ်က လုံခြုံစေတယ်

ဘယ်သူကမှ အားအကြာကြီးသွင်းရတာကို မကြိုက်ပါဘူး၊ V11မှာ Dual-Engine အားအမြန်သွင်းစနစ်ပါဝင်တဲ့အတွက် ကြီးမားတဲ့ 3400mAh battery ကိုတောင် အမြန်ဆုံးအားပြန်ဖြည့်ပေးနိုင်ပါတယ်။ အားအမြန်သွင်းနေချိန်မှာတောင် လုံခြုံမှုအပြည့်အဝပေးပြီး အပြိုင် ဆက်သွယ်ထားတဲ့ charging chip နှစ်ခုက အလုံခြုံဆုံးနဲ့ စိတ်အချရဆုံးဖြစ်စေပါတယ်။

Jovi –
Your AI Assistant

Jovi ဆိုတာ “Enjoy Vivo’s AI” ကနေလာတာပါ။ ဆိုလိုတာကတော့ Vivo ရဲ့ AI assistant ပေါ့။ Jovi ကသင့်အကြောင်းကို သင့်ထက်တောင် ပိုနားလည်ပါသေးတယ်။ သင့်ရဲ့နေ့စဉ်ဘဝကို ပိုမိုလွယ်ကူအဆင်ပြေအောင်ကူညီပေးမှာပါ။

ရှင်းလင်းချက်:

  • For better image results and user experience, pictures of different pixel numbers will be outputted in different modes.
  • ထုတ်ကုန်ဓာတ်ပုံများမှာ ကိုးကားရည်ညွှန်းပြရန် အတွက်သာ ထည့်ပေးထားခြင်းဖြစ်ပြီး ဖန်သားပြင်ပေါ်တွင် ပြသမည့်ပုံများကို သရုပ်ပြရန်အတွက် ဖန်တီးထားခြင်းသာ ဖြစ်ပါသည်။ ထုတ်ကုန်၏ အမှန်တကယ်ပြသမှုကိုသာ စံအဖြစ်သတ်မှတ်ပါ။
  • အချက်အလက်အားလုံးသည် ကျွန်ုပ်တို့၏ နည်းပညာဆိုင်ရာ ဒီဇိုင်းပုံစံ အတိုင်းအတာများ၊ အချက်အလက်များ၊ စမ်းသပ်ခန်းမှ ရလဒ်များနှင့် ပစ္စည်းထောက်ပံ့သူ၏ စမ်းသပ်ချက် အချက်အလက်များအပေါ်တွင် အခြေခံခြင်း ဖြစ်ပါသည်။ လက်တွေ့စွမ်းဆောင်ရည်မှာ ဆော့ဖ်ဝဲဗားရှင်း၊ စမ်းသပ်သော ပတ်ဝန်းကျင်နှင့် ဖုန်းမော်ဒယ်တို့အလိုက် အပြောင်းအလဲရှိနိုင်ပါသည်။
  • ပြသထားတဲ့ လက်ဗွေဖတ်စနစ် effect တွေက ပိုမိုသိသာထင်ရှားစေရန် နမူနာထည့်သွင်းထားခြင်းဖြစ်ပါသည်။ ထုတ်ကုန်မှာ ပါဝင်လာသည့် ပုံစံကိုသာ standard အဖြစ်သတ်မှတ်ပါ။
  • တစ်ခြားသော ဖုန်းမှန်ကပ်များသည် V11 လက်ဗွေဖတ်စနစ်ရဲ့တိကျမှုကို ထိခိုက်စေနိုင်ပါသည်။ Vivo ရဲ့ official In-Display Fingerprint Scanning screen protector ကိုပဲ အမြဲအသုံးပြုပါ။
  • ဤအသေးစိတ် အချက်အလက်များနှင့် ဖော်ပြချက်များကို Vivo မှ ပြင်ဆင်ခွင့်ရှိပြီး ဖော်ပြထားသော ထုတ်ကုန်များကို ကြိုတင်အသိမပေးဘဲ ပြောင်းလဲပြင်ဆင်နိုင်ပါသည်။