




- အကန့်အသတ်မဲ့ပျော်ရွှင်မှုအတွက် FullView™ Display အသစ်စက်စက်
-













-
24MP အရှေ့ကင်မရာ
Clear and Stylish Selfies -
-
V9 ရဲ့ မြင့်မားတဲ့ 24MP အရှေ့ကင်မရာဟာ selfie တိုင်းကို အနုပညာမြောက်အောင် ပြုလုပ်နိုင်ပါတယ်။ အလင်းရောင် အားနည်းလွန်းနေချိန်မှာတောင် ထူးကဲတဲ့ တောက်ပမှု၊ အရောင်အသွေးစိုပြည်မှု၊ ကြည်လင်ပြတ်သားမှု၊ dynamic range တွေကို ရရှိမှာပါ။ လိုအပ်တဲ့ ဘယ်အချိန်မဆို သင့်ရဲ့ V9 က သင်နဲ့အတူ ရှိနေပြီး အနုစိတ် ကြည်လင်ပြတ်သားတဲ့ အခိုက်တန့်တိုင်းကို ဖမ်းယူပေးနေမှာပါ။ သင့်ရဲ့ Selfie ပုံတိုင်းကို လက်ရာအမြောက်ဆုံးအဖြစ် ပြောင်းလဲပေးနေပါလိမ့်မယ်။
-
AI Bokeh အနောက်ကင်မရာနှစ်လုံး
အပြောင်မြောက်ဆုံးတွေ ဖန်တီးမယ် -
V9 ဟာ ကျောဘက်မှာ AI Bokeh algorithm ထောက်ပံ့ထားတဲ့ 16MP အဓိကကင်မရာနဲ့ 5MP ဒုတိယ ကင်မရာ တို့ကို တပ်ဆင်ထားပါတယ်။ ဒီကင်မရာနှစ်လုံးရဲ့ အံ့အားသင့်ဖွယ် bokeh ရိုက်ချက်တွေကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ DSLR ကင်မရာတစ်လုံးနဲ့ ယှဉ်ပြိုင်နိုင်လောက်တဲ့ ရလဒ်တွေကိုဖြစ်ပေါ်စေပြီး သင့်ရဲ့ ဓာတ်ပုံတိုင်းက အပြောင်မြောက်ဆုံးရိုက်ချက်တွေ ဖြစ်နေမှာ အမှန်ပါပဲ။ သင့်အနေနဲ့ အမြန်အဆန် ဓာတ်ပုံရိုက်လိုက်ပြီးမှ လက်ရာမြောက်သွားစေမယ့် အဓိက focus ကို ပြန်ပြီးသတ်မှတ် ချိန်ညှိလို့ရပါတယ်။


- စွမ်းရည်မြင့် စွမ်းဆောင်ရည်
-
-
-
သင့်ရဲ့ V9 ကို Qualcomm Snapdragon 626 octa-core processor အသုံးပြုထားကြောင့်၊ စွမ်းဆောင်ရည်ပိုင်းအတွက် စိတ်ကျေနပ်ရမှာဖြစ်ပြီး 4GB RAM နဲ့ 64GB ROM ကလည်း လုံလောက်တဲ့ မှတ်ဉာဏ်နဲ့ သိုလှောင်မှုစွမ်းရည်ကို ပေးအပ်ပါလိမ့်မယ်။ ဂိမ်းကစားတဲ့အချိန်တွေမှာ၊ လူမှုကွန်ယက်တွေ သုံးတဲ့အချိန်တွေမှာ အံ့အားသင့်စရာ ဒီစွမ်းဆောင်ရည်ကို လက်တွေ့ခံစားရမှာပါ။ ဒါဟာ နောက်ဆုံးပေါ် Android 8.1 feature ဖြစ်ပြီး ဘက်ထရီသက်တမ်း၊ လုပ်ဆောင်မှုအမြန်နှုန်း၊ လုံခြုံမှု စတာတွေကို မြှင့်တင်ပေးထားပါတယ်။
-
AI Face Access
Unlock လုပ်ဖို့အတွက် အထာကျတဲ့နည်းလမ်းသစ် -
-
AI Face Access နည်းပညာသစ်နဲ့ V9 က သင့်ရဲ့ မျက်နှာသွင်ပြင်ဆိုင်ရာကို ဖတ်ထားပြီး ဒီစနစ်ကို ဖွင့်ထားမယ်ဆိုရင်တော့ သင့်ဖုန်းကို ချက်ချင်းဆိုသလို unlock လုပ်ပေးမှာပါ။ ဒါတင်မကသေးဘဲ သဘာဝ အသားအရည်၊ မျက်နှာလှုပ်ရှားမှု စတာတွေရဲ့ တုံ့ပြန်မှုတွေကို ထောက်လှမ်းနိုင်တဲ့အတွက် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေပြသတဲ့အခါ အခန့်မသင့်ဘဲ unlock ဖြစ်သွားတာမျိုးကို တားမြစ်ပါလိမ့်မယ်။


- နောက်ဆုံးပေါ် Game Mode
-
-
Game Mode မှာ စာတိုတွေ၊ အဝင်ခေါ်ဆိုမှုတွေ၊ ဂိမ်းကစားနေတုန်း သတိပေးချက်တွေဝင်လာပြီး အနှောင့်အယှက်ဖြစ်တာတွေ အားလုံးကို ဟန့်တားထားလို့ရပါတယ်။ အထူးသဖြင့် ကိုယ်သတ်မှတ်ခွင့်ပြုထားတဲ့ နံပါတ်ကိုပဲ display မှာပေါ်လာအောင် လုပ်နိုင်တာပါ။ ဂိမ်းကစားနေတုန်းမှာ ဖုန်းဝင်လာရင် ကိုင်လိုက်တာပဲဖြစ်ဖြစ်၊ မကိုင်ဘဲ ထားတာဖြစ်ဖြစ်၊ လုံးဝကို မကိုင်ဘဲ reject လုပ်လိုက်တာပဲဖြစ်ဖြစ် စိတ်ကြိုက် ဆုံးဖြတ်လို့ရပြီပေါ့။ ကိုယ့်စိတ်တိုင်းကျ ပျော်ပျော်ကြီး ဂိမ်းကစားလို့ရတာပေါ့။


- သင့်ရဲ့ အိတ်ဆောင် ကာရာအိုကေဘား
-
-
သီချင်းတိုင်းကို ဆရာကျကျသီဆိုရင်း နားကြပ်ကနေတစ်ဆင့် သင့်ရဲ့ အသံကို ကြားနိုင်ဖို့ အိတ်ဆောင်ကာရာအိုကေအဖြစ် ပြောင်းလဲလိုက်ပါ။ သင်နဲ့လိုက်ဖက်မယ့် အသံအမျိုးအစားတွေ ရွေးချယ်ပြီး ပေါ့စတားတစ်ယောက်လို သင့်နှလုံးသားထဲမှာ ကိန်းဝပ်နေတာတွေကို ထုတ်ဖော်လိုက်ပါ။ (ယခုလက်ရှိအချိန်မှာတော့ WeSing နဲ့တွဲဖက်ပြီး အကောင်းဆုံး အသုံးပြုလို့ရပါတယ်။ မကြာခင်မှာ တခြားသော app တွေနဲ့လည်း သုံးလို့ရလာပါလိမ့်မယ်။)
ရှင်းလင်းချက်
- ပိုကောင်းသည့် ပုံထွက်နှင့် အသုံးပြုမှု အတွေ့အကြုံအတွက် ကွဲပြားသော mode များအလိုက် မတူညီသည့် Pixel အရေအတွက် ထုတ်ပေးပါလိမ့်မည်။
- ထုတ်ကုန်ဓာတ်ပုံများမှာ ကိုးကားရည်ညွှန်းပြရန် အတွက်သာ ထည့်ပေးထားခြင်းဖြစ်ပြီး ဖန်သားပြင်ပေါ်တွင် ပြသမည့်ပုံများကို သရုပ်ပြရန်အတွက် ဖန်တီးထားခြင်းသာ ဖြစ်ပါသည်။ ထုတ်ကုန်၏ အမှန်တကယ်ပြသမှုကိုသာ စံအဖြစ်သတ်မှတ်ပါရန်။ ယခု စာမျက်နှာတွင် နှိုင်းယှဉ်ပြသထား ခြင်းများသည် Vivo ထုတ်ကုန်ကိုသာ ရည်ညွှန်းထားခြင်း ဖြစ်ပါသည်။
- အချက်အလက်အားလုံးသည် ကျွန်ုပ်တို့၏ နည်းပညာဆိုင်ရာ ဒီဇိုင်းပုံစံ အတိုင်းအတာများ၊ အချက်အလက်များ၊ စမ်းသပ်ခန်းမှ ရလဒ်များနှင့် ပစ္စည်းထောက်ပံ့သူ၏ စမ်းသပ်မှု အချက်အလက်များအပေါ်တွင် အခြေခံခြင်း ဖြစ်ပါသည်။ လက်တွေ့စွမ်းဆောင်ရည်မှာ ဆော့ဖ်ဝဲဗားရှင်း၊ စမ်းသပ်သော ပတ်ဝန်းကျင်နှင့် ဖုန်းမော်ဒယ်တို့အလိုက် အပြောင်းအလဲရှိနိုင်ပါသည်။
- ဤအသေးစိတ် အချက်အလက်များနှင့် ဖော်ပြချက်များကို Vivo မှ ပြင်ဆင်ခွင့်ရှိပြီး ဖော်ပြထားသော ထုတ်ကုန်များကို ကြိုတင်အသိမပေးဘဲ ပြောင်းလဲပြင်ဆင်နိုင်ပါသည်။
- 90% ကိုယ်ထည်မှ မျက်နှာပြင်အချိုး
-
V9 ဟာ 19:9 အချိုးနဲ့ FullView™ Display အသစ်စက်စက်ဖြစ်ပြီး Screen-to-body အချိုး ကတော့ 90% ဖြစ်ပါတယ်။ အစဉ်အလာတွေကို ကျော်ဖြတ်ပြီး ဒီဇိုင်းပိုင်းမှာလည်း ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားတဲ့အတွက် နောက်ဆုံးပေါ် အမြင်အာရုံ ခံစားမှုအတွေ့အကြုံသစ်တွေကို ရယူနိုင်ပါလိမ့်မယ်။ စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်မှာ ဦးဆောင်နေတဲ့ ဒီဇိုင်းဟာ နောက်ဆုံးပေါ် အမြင်အာရုံတွေကို ပိုပြီး ကြီးမားစွာနဲ့ တွေ့ကြုံခံစားနိုင်ဖို့ ပြုလုပ်ထားပါတယ်။


- ပိုပါးလျတဲ့ ဘောင်နဲ့ ပိုပြီးရှုစားလိုက်ပါ
-
V9 ဟာ ပုံမှန် 5.5 လက်မ ဖုန်းအရွယ်အစားအတိုင်းဆိုပေမယ့် ဘေး bezel ဟာ 1.75mm သာ ရှိနေပြီး၊ မျက်နှာပြင်ကတော့ 6.3 လက်မအထိ မယုံကြည်နိုင်စရာ ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ဖုန်းရဲ့ အသွင်အပြင်ကို ဘယ်အချိန်ဖြစ်ဖြစ် စိတ်ကျေနပ်နေရမှာ အမှန်ပါပဲ။



သမားရိုးကျ ဖန်သားပြင်


FullView™ Display
- သက်သောင့်သက်သာ ကိုင်တွယ်နိုင်ခြင်း
-
ကျောဘက်ကို ကြည့်လိုက်ရင်တော့ စွဲမက်စရာ3D ကွေးလေးတွေနဲ့ ပြုလုပ်ထားတဲ့ ကိုယ်ထည်ကိုတွေ့နိုင်သလို ပေါ့ပါးအောင်လည်း ဂရုစိုက်ထားတဲ့ ဒီဖုန်းဟာ သင့်လက်ထဲမှာ တစ်သားတည်းလိုဖြစ်နေပြီး ကိုင်တွယ်ရတာ လုံးဝကိုအဆင်ပြေချောမွေ့နေပါလိမ့်မယ်။
- AI Face Beauty
-
AI Face Beauty ရဲ့ အကောင်းဆုံးအချက်က smart mobile photography လို့ ဆိုရမှာပါ။ ကမ္ဘာအနှံ့က မျက်နှာသွင်ပြင်ပေါင်း တစ်သန်းနီးပါးရဲ့ အချက်အလက်တွေကို အခြေခံထားတဲ့ နည်းစနစ်ကို သုံးထားတာကြောင့် သင့်ရဲ့ အသက်အရွယ်၊ လိင်၊ အသားအရေ၊ အသားအရောင်၊ ပတ်ဝန်းကျင်ရဲ့ အလင်းအမှောင် စတာတွေကို ဖော်ထုတ်ခွဲခြားပြီး အံ့သြဖွယ်ရာ ကြည်လင်လှပတဲ့ Selfie ပုံတွေကို ဖန်တီးပေးပါလိမ့်မယ်။
သင့်ရဲ့ အသုံးပြုနေကျ setting တွေကို မှတ်ထားပြီး သင်ဓာတ်ပုံရိုက်တိုင်း အလိုအလျောက် ဦးစားပေး ရွေးချယ်စေပါလိမ့်မယ်။ ရိုက်ချက်တိုင်းမှာ သဘာဝကျကျနဲ့ ပြီးပြည့်စုံတဲ့ အလှရရှိအောင် ပြုလုပ်ပေးမယ့် သင့်ကိုယ်ပိုင် မိတ်ကပ်ဆရာတစ်ယောက်လို့သာ မှတ်ထားလိုက်ပါတော့။


- AR Sticker
-
အတော်လေးကို များပြားတဲ့ Stickers နဲ့အတူ သင့်ရဲ့ ချစ်စရာ ဟန်ပန်ကို ပိုပြီး နှစ်လိုဖွယ်ကောင်းအောင် ပြသလို့ရပါတယ်။ သင့်ရဲ့ ပုံကို လုံးဝချစ်စရာ ပုံစံလုပ်မလား၊ ရယ်စရာပုံစံ လုပ်မလား၊ ဒါမှမဟုတ် နောက်ပြောင်တဲ့ ပုံစံလုပ်မလား ကြိုက်သလိုလုပ်ဖို့ ခလုတ်လေးတစ်ချက်ပဲ နှိပ်လိုက်ရမှာပါ။ အတည်ကြီးဖြစ်နေတဲ့ ပုံတွေကို အပျော်သဘောဖြစ်သွားအောင် ပြောင်းလဲလိုက်ဖို့ အဆင်သင့်ပဲလား။

- AI Selfie Lighting
-
V9 ရဲ့ algorithm ဟာ မူလ 2D ဓာတ်ပုံကို 3D ပုံစံအဖြစ် ပြောင်းလဲပေးပါလိမ့်မယ်။ သင့်အနေနဲ့ model-style ပုံတွေဖန်တီးတဲ့နေရာမှာ အလင်းပေးတဲ့ အနေအထားကို လိုသလို ရွေးချယ်နိုင်ပါတယ်။ ဘယ်လို ပတ်ဝန်းကျင်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ပိုင် ပရော်ဖက်ရှင်နယ် စတူဒီယိုအဖြစ် ပြောင်းလဲလိုက်လို့ရပါတယ်။

- သဘာဝ အလင်း
- စတူဒီယို အလင်း
- မိုနိုခရုမ်း နောက်ခံ
- AI HDR
-
AI HDR ကတော့ စူးရှပြင်းထန်တဲ့ နောက်ခံအလင်းရောင်တွေကြောင့် စိတ်ရှုပ်ရတာမျိုး ဘယ်တော့မှ မကြုံစေမယ့် Vivo ရဲ့ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုပဲ ဖြစ်ပါတယ်။ အချိန်တိုင်းလို သဘာဝကျကျ အရောင်အသွေးတွေနဲ့ စိုပြည်လှပနေပါလိမ့်မယ်။ စူးရှပြင်းထန်တဲ့ နောက်ခံအလင်းရောင်ကိုတောင် အကောင်းဆုံးအထောက်အပံ့အဖြစ် ပြောင်းလဲလိုက်နိုင်တာကြောင့် သင့်စိတ်ထဲရှိတဲ့ အနုပညာ ခံစားချက်အပြည့်နဲ့သာ ရိုက်လိုက်ပါ။

- App-Lock
-
App-Lock အတွက် AI Face Access ကလည်း သင်တစ်ယောက်တည်း သီးသန့်သုံးချင်တဲ့ application တွေ၊ အချက်အလက်တွေကို ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။

- Attention Sensing
-
ဒါနဲ့တင် မပြီးသေးဘူးနော်။ V9 ရဲ့ AI Attention Sensing က သင့်ရဲ့ အသုံးပြုမှုအတွေ့အကြုံကို ပိုပြီး ကောင်းမွန်စေဦးမှာပါ။ ဖုန်းမျက်နှာပြင်ကို သင်ကြည့်နေတဲ့အချိန်မှာ အဝင်ခေါ်ဆိုမှုတွေ၊ နှိုးစက်တွေ၊ စာတိုဝင်ရောက်မှုတွေအတွက် Ring tone အသံတွေကို အလိုအလျောက် တိုးပေးပြီး အနှောင့်အယှက်မဖြစ်အောင် လုပ်ပေးပါလိမ့်မယ်။




- Picture in Picture
-
Picture-in-picture စနစ် က ဂိမ်းကစားနေချိန်မှာ message ပို့ချင်ရင် ကစားတာရပ်စရာမလိုဘဲ ပို့လို့ရအောင် ထောက်ပံ့ပေးပါတယ်။ ဂိမ်းကစားနေတုန်းမှာ လက်သုံးချောင်းနဲ့ ဆွဲချလိုက်တာနဲ့ မျက်နှာပြင်ကို နှစ်ပိုင်းခွဲခြားပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ဂိမ်းကစားတာမပျက်ဘဲ ကိုယ့်မိတ်ဆွေ၊ ကိုယ့်မိသားစုနဲ့လည်း ဆက်သွယ်နေလို့ ရတာပေါ့။
သတ်မှတ်ထားတဲ့ app များသာ

- Gaming Keyboard
-
ဂိမ်းကစားနေတုန်း စာရိုက်ရင် မျက်နှာပြင်က keyboard ကြောင့်ကွယ်နေမှာကို စိုးရိမ်နေလား?
V9 ရဲ့ ဒီ keyboard က ဂိမ်းကစားသူတွေအတွက် သီးသန့် design ထုတ်ထားလို့ ဖုန်းမျက်နှာပြင်မှာ နေရာကျဉ်းကျဉ်းလေးပဲယူသလို သုံးရတာလည်း ချောမွေ့ပါတယ်။
