6.53-inch FHD+ Halo FullView™ Display
6.53-inch FHD+ Halo FullView™ Display က ဘေးဘောင် ပတ်ပတ်လည်ကို အကန့်အသတ်မရှိ ချဲ့ထွင်ပေးနိုင်ပြီး အရှေ့ကင်မရာတပ်ဆင်ထားတဲ့ notch က ကျော့ရှင်းပြီး လှပစွာ တည်ရှိနေသည်။ screen-to-body ratio 90.3% နဲ့ 1080 x 2340 super resolution က ဖုန်းထဲမှာ ကြည့်ရှုနေတဲ့ အရာတွေကို လက်တွေ့ မြင်နေရတဲ့အတိုင်း အံ့သြစရာကောင်းတဲ့ ရသကို ပေးစွမ်းစေမှာပါ။
-
2340x1080
super resolution
-
6.53-inch
Halo FullView™ Display
-
90.3%
screen-to-body ratio
တလက်လက် လင်းလက်နေတဲ့ အရောင် ဒီဇိုင်း
Y19 ကိုယ်ထည်ကို သဘာဝရဲ့ မှော်ဆန်လှတဲ့ အရောင်တွေနဲ့ စိတ်ကူးပုံဖော်ထားပါတယ်။ ရှုထောင့်တစ်ခုချင်းစီက မတူညီတဲ့ အရောင်ပြေးလေးတွေနဲ့ လင်းလက်တောက်ပမှုလေးတွေကို မြင်တွေ့နိုင်ပါတယ်။ 3D ကိုယ်ထည်ရဲ့ သိမ်သိမ်မွေ့မွေ့ ကောက်ကြောင်းလေးတွေက တင့်တယ်မှုတွေကို ချဲ့ထွင်ပေးနိုင်ပြီး ကိုင်ရတဲ့အခါ သက်သောင့်သက်သာ ဖြစ်နေစေမှာ ဖြစ်ပါတယ်။
AI Multi-Scenario Photography
အမျိုးမျိုးသော ဖြစ်နိုင်ချေ
Y19 AI Triple ကင်မရာစနစ်ကို ပင်မကင်မရာ 16MP, 2MP macro ကင်မရာနဲ့ bokeh လုပ်ဆောင်မှုနဲ့အတူ 8MP super wide-angle ကင်မရာတို့နဲ့ ပေါင်းစပ်ထားပါတယ်။ သင့်ရဲ့ နေ့စဉ်ဘဝမှာ လိုအပ်နေတဲ့ ပုံရိပ်တိုင်းအတွက် ဓာတ်ပုံ features တွေက ဖြည့်ဆည်းပေးဖို့ အသင့်ပါပဲ။ ဘယ်လို နေရာဒေသမျိုးပဲ ဖြစ်ဖြစ် အလှပဆုံး ပုံရိပ်တွေကို ခလုတ်လေးတစ်ချက်နှိပ်ရုံနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
-
16 MP
main camera
-
8 MP
Super wide-angle Camera
-
2 MP
Super Macro Camera
Super Macro
ကမ္ဘာကြီးကို အနီးကပ် ရှုစားလိုက်ပါ
ကမ္ဘာကြီးရဲ့ သေးငယ်တဲ့ အရာဝတ္ထုလေးတွေရဲ့ လျို့ဝှက်ချက်လေးတွေကို Super Macro နဲ့ ခံစားလိုက်ပါ။ Y19 က ဘဝရဲ့ အစိတ်အပိုင်း သေးသေးလေးတွေကို ကြည်လင်ပြတ်သားတဲ့ အမြင် ပေးစွမ်းနိုင်ပါတယ်။ ပန်းပွင့်လေးတွေရဲ့ သွေးကြောလေးတွေနဲ့ ပိုးကောင်သေးလေးတွေကစလို့ အသေးစား အရာဝတ္ထုလေးတွေနဲ့ ပုံစံငယ်လေးတွေကို ရှုစားနိုင်ဖို့ သင့်ကို စောင့်ကြိုနေပါတယ်။
(Super Macro Camera ၏ အနိမ့်ဆုံး နီးကပ်နိုင်သည့် အကွာအဝေးသည် ၄ စင်တီမီတာ ဖြစ်သည်။)
AI Face Beauty နဲ့ 16MP အရှေ့ကင်မရာ
ပုံကျလွန်းတဲ့ selfie ပုံတွေရဲ့ လှပမှု
AI Face Beauty ပါဝင်တဲ့ 16MP အရှေ့ကင်မရာက သင့်ဘဝရဲ့ တောက်ပလွန်းတဲ့ အချိန်တွေကို အားစိုက်ထုတ်စရာမလိုဘဲ ရရှိအောင် ကူညီပေးနိုင်ပါတယ်။
သင့်မျက်နှာရဲ့ အလှတရားကို AI Face Beauty နဲ့ ချဲ့ထွင်လိုက်ပါ။ မျက်နှာသွင်ပြင်ကစလို့ အသားအရောင်အထိ ခလုတ်လေးတစ်ချက်နှိပ်ရုံနဲ့ ရရှိနိုင်လို့ သင်လိုချင်တဲ့ အနေအထားကို စိတ်ကြိုက်ပြောင်းလဲလိုက်ပါ။
Pose Master
သင့်ရဲ့ ကိုးရိုးကားယား ဓာတ်ပုံတွေကို တောက်ပလာအောင် လုပ်ဖို့ အချိန် ရောက်ရှိလာပါပြီ။ လူအများကြားမှာ စတိုင်မိုက်မိုက်ပုံတွေ ရိုက်ကူးနိုင်ဖို့ လမ်းညွှန်မှုအတိုင်းသာ လုပ်ဆောင်လိုက်ပါ။
AI Makeup
အမျိုးမျိုးသော သွင်ပြင်တွေ ရရှိဖို့အတွက် မိတ်ကပ်အသစ်တွေကို ချက်ချင်း ခြယ်သလိုက်ပါ။ သင့်အတွက် လှပမှုတွေ ဖန်တီးပေးမယ့် စတိုင်အမျိုးမျိုးကို ထည့်သွင်းထားပါတယ်။
(Album ဓာတ်ပုံများအတွက် After-effects ကိုသာ ထည့်သွင်းပေးထားသည်)
5000mAh ဘက်ထရီ
သင့်ရဲ့ Y19 ကို ကြာရှည် အသုံးခံစေဖို့ လက်ရှိ ဈေးကွက်ထဲမှာ ဦးဆောင်နေတဲ့ 5000mAh ဘက်ထရီကို smart energy management နည်းပညာတွေနဲ့ ထောက်ပံ့ပေးထားသည်။ Y19 နဲ့ ဆိုရင် အတိတ်က ဘက်ထရီနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်စေမှုတွေကို လျှော့ချနိုင်မှာပါ။
Dual-Engine အားအမြန်သွင်းစနစ်
vivo ရဲ့ Dual-Engine အားအမြန်သွင်းစနစ်က များပြားတဲ့ ဘက်ထရီပမာဏကို အမြန်ဆုံး အားပြည့်စေတဲ့အပြင် 9 layer တောင်ပါရှိတဲ့အတွက် အပူမြင့်လာမှာတွေကို စိတ်ပူစရာမလိုဘဲ လုံခြုံမှုကို ပေးစွမ်းနိုင်ပါတယ်။
ပြောင်းပြန်အားသွင်းမှုစနစ်
Y19 ကို Mobile Power Bank အနေနဲ့ လည်း ပြောင်းလဲအသုံးပြုနိုင်ပါသေးတယ်။ သင့်သူငယ်ချင်းနဲ့ အပြင်သွားတဲ့အခါ သူတို့ရဲ့ ဘက်ထရီတွေ အားမခံရင် အခြား အားပြင်သွင်းဖို့ သင့်ရဲ့ Y19 ကို အသုံးပြုလိုက်ပါ (OTG Cable လိုအပ်သည်)
6GB RAM + 128GB ROM
ဂိမ်းဆော့မလား၊ Video တွေ ကြည့်မလား၊ ဒါမှမဟုတ် သင့်ရဲ့ ဆိုရှယ်ကမ္ဘာကြီးမှာ အထစ်အငေါ့မရှိ ပျော်ရွှင်မလား၊ memory အပြည့်အဝက သင့်ရဲ့ အနောက်မှာ အသင့်ရှိနေပါတယ်။ သင်လိုအပ်တဲ့ ဓာတ်ပုံ၊ ရုပ်ရှင်နဲ့ သီချင်းတွေကို ထည့်သွင်းလိုက်ပါ။ သင့်ရဲ့ ရွေးချယ်မှုတွေအတွက် အမြဲ နေရာ ရှိပါတယ်။
-
LPDDR4X
Dual channel memory
-
128GB
ROM
-
6GB
RAM
Ultra Game Mode
Ultra Game Mode မှာ ဂိမ်းမာတွေအတွက် အထူးဖန်တီးထားတဲ့ features အမျိုးမျိုး ပါဝင်ပါတယ်။ ဂိမ်းဆော့နေစဉ်အတွင်း ဝင်ရောက်လာမယ့်စာတွေ message တွေကိုလည်း မဝင်အောင် တားဆီးထားနိုင်တဲ့အတွက် ဂိမ်းမှာ ဆရာတစ်ဆူဖြစ်အောင် အာရုံစိုက်ကစားနိုင်ပါတယ်။
Voice Changer
Team ကလူတွေနဲ့ chat တဲ့အခါ သင့်ရဲ့အသံကို ပြောင်းလဲနိုင်ပါသေးတယ်။ ဒါဆို သင့်ရဲ့ လုံခြုံရေးကိုလည်း မထိခိုက်အောင် ကာကွယ်နိုင်ပြီပေါ့။
Funtouch OS 9.2
နောက်ဆုံး Funtouch OS 9.2 က Android 9 ကို အခြေခံထားပြီး အသစ်ဖန်တီးထားတဲ့ GUI က hi-tech နဲ့ hi-speed ကို ထောက်ပံ့ပေးထားပါတယ်။
Octa-core processor, များပြားတဲ့ memory နဲ့ Dark Mode တို့လို feature တွေက ချောမွေ့တဲ့ အထိအတွေ့တွေကို ပေးစွမ်းနိုင်ပါတယ်။
မှတ်ချက်
- 1. ပိုမိုကောင်းမွန်သည့် ဓာတ်ပုံရလဒ်များနှင့် အသုံးပြုမှု အတွေ့အကြုံအတွက် ဓာတ်ပုံများ၏ အမျိုးမျိုးသော pixel numbers သည် modes အမျိုးမျိုးတွင် အသုံးပြုမည် ဖြစ်သည်။
- 2. ယခု ပါဝင်သော ပုံသည် ကိုးကားရန်အတွက်သာ ဖြစ်ပြီး display screen ပေါ်တွင် ပြထားသည့် ဓာတ်ပုံသည် ပုံဖော်ပြသရန် ရည်ရွယ်၍ ကိုယ်တိုင် တီထွင်ထားသည့် ဓာတ်ပုံ ဖြစ်ပါသည်။ စံထားရှိထားသည့် ပြင်ပဓာတ်ပုံများကို ရယူနိုင်ပါသည်။ ယခု စာမျက်နှာတွင် ပြသထားသည့် နှိုင်းယှဉ်ထားသော အချက်အလက်များသည် vivo ထုတ်ကုန်များကိုသာ ရည်ညွှန်းပါသည်။
- 3. ယခု ဖော်ပြထားသည့် အချက်အလက်အားလုံးသည် ဒီဇိုင်းပညာရှင် တိုင်းတာသူများ၊ သုသေသန စမ်းသပ်စစ်ဆေးချက် ရလဒ်များနှင့် supplier များ စမ်းသပ်စစ်ဆေးထားသည့် အချက်အလက်များကို အခြေခံပြီး ဖော်ပြထားခြင်း ဖြစ်ပါသည်။ လက်တွေ့ စွမ်းဆောင်ရည်သည် software version ၊ specific test environment နှင့် phone model များအပေါ် မူတည်ပြီး ကွဲလွဲသွားနိုင်ပါသည်။
- 4. specifications များနှင့် ဖော်ပြချက်များသည် vivo မှ ပိုမိုကောင်းမွန်စေရန် အချိန်မရွေး ပြန်လည် ပြင်ဆင်နိုင်မည်ဖြစ်ပြီး အဆိုပါ ပြန်လည်ပြင်ဆင်ချက်များကို ကြိုတင်အသိပေး အကြောင်းကြားခြင်း မပြုလုပ်ပါ။
- 5. Screen size မှာ ထောင့်ဖြတ် တိုင်းတာထားခြင်း ဖြစ်သည့်အတွက် ထောင့်မှန်အပြည့်မှာ 6.53 လက်မဖြစ်ပြီး ထောင့်ချိုးအကွေးများ ထည့်သွင်းတိုင်းတာပါက 6.32 လက်မရှိသည်။
- 6. ထိရောက်သော display ၏ ratio သည် display ၏ 90.3% ဧရိယာအထိ ဖြစ်သည်။