ခေတ်ရှေ့ပြေးတဲ့ Design

V15 နဲ့အတူ သာမန်ထက် ထူးကဲသာလွန်တဲ့ မြင်ကွင်းတစ်ခုဆီသို့ သွားကြရအောင်။ သူ့ရဲ့ Ultra FullView™ Display ဟာ screen-to-body ration 90.95% အထိရှိပြီး အနှောင့်ယှက်တွေကို ဖယ်ရှားကာ အကန့်အသတ်မရှိတဲ့ မြင်ကွင်းတွေကို ဖန်တီးပေးပါလိမ့်မယ်။ ဖုန်းရဲ့ နောက်ကျောဘက်မှာဆိုရင်လည်း အံ့သြလောက်စရာ အရောင်ပြေးလေးကို ထည့်သွင်းထားပြီး 3D curve တွေ၊ ရောင်စဉ်လှိုင်းဂယက် ဒီဇိုင်းတွေရဲ့ ပေါင်းစပ်ထားမှုက စမတ်ဖုန်းဒီဇိုင်းတွေရဲ့ ကန့်သတ်မှုတွေကို ချိုးဖျက်မယ်ဆိုတဲ့ vivo ရဲ့ ကတိစကားကို ပုံဖော်နေသလိုပါပဲ။

  • Screen occupation ratio
  • Zero screen

မြင့်တက်ပွင့်ထွက်လာမယ့်
အရှေ့ကင်မရာ

ပြီးပြည့်စုံ ကောင်းမွန်တဲ့ ဓာတ်ပုံရိုက်ကူးရေးစနစ်များ

စွမ်းအားပြည့်စွမ်းဆောင်ရည်

V15 ဟာ 2.1GHz octa-core CPU ပါဝင်ပြီး RAM 6GB နဲ့ Storage 64GB ပါဝင်ပါတယ်။ ဒါ့ကြောင့် ဂိမ်းဆော့တဲ့နေရာမှာလည်း ပြေပြစ်ချောမွေ့နေမှာဖြစ်သလို၊ apps အများအပြားကိုလည်း တစ်ပြိုင်နက် run ထားနိုင်မှာပါ။ အဲ့ဒီအပြင်ကိုမှ Android 9.0 နဲ့ Funtouch OS 9 တို့ရဲ့ ပေါင်းစပ်မှုကြောင့် စွမ်းအင်အသုံးပြုမှုကိုလည်း ပိုမိုကောင်းမွန်စေပြီး ဖုန်းအသုံးပြုနိုင်ချိန်ကိုလည်း ပိုမိုကြာရှည်စေမှာအမှန်ပါ။

  • Eight-core processor
  • Running memory
  • Storage space

အထင်ကြီးလောက်စရာ AI စွမ်းရည်

မှတ်ချက်

1. ထုတ်ကုန်ဓာတ်ပုံများမှာ ကိုးကားရည်ညွှန်းပြရန် အတွက်သာ ထည့်ပေးထားခြင်းဖြစ်ပြီး ဖန်သားပြင်ပေါ်တွင် ပြသမည့်ပုံများကို သရုပ်ပြရန်အတွက် ဖန်တီးထားခြင်းသာ ဖြစ်ပါသည်။ ထုတ်ကုန်၏ အမှန်တကယ်ပြသမှုကိုသာ စံအဖြစ်သတ်မှတ်ပါ။

2. အချက်အလက်အားလုံးသည် ကျွန်ုပ်တို့၏ နည်းပညာဆိုင်ရာ ဒီဇိုင်းပုံစံ အတိုင်းအတာများ၊ အချက်အလက်များ၊ စမ်းသပ်ခန်းမှ ရလဒ်များနှင့် ပစ္စည်းထောက်ပံ့သူ၏ စမ်းသပ်ချက် အချက်အလက်များအပေါ်တွင် အခြေခံခြင်း ဖြစ်ပါသည်။ လက်တွေ့စွမ်းဆောင်ရည်မှာ ဆော့ဖ်ဝဲဗားရှင်း၊ စမ်းသပ်သော ပတ်ဝန်းကျင်နှင့် ဖုန်းမော်ဒယ်တို့အလိုက် အပြောင်းအလဲရှိနိုင်ပါသည်။

3. ဤအသေးစိတ် အချက်အလက်များနှင့် ဖော်ပြချက်များကို vivo မှ ပြင်ဆင်ခွင့်ရှိပြီး ဖော်ပြထားသော ထုတ်ကုန်များကို ကြိုတင်အသိမပေးဘဲ ပြောင်းလဲပြင်ဆင်နိုင်ပါသည်။

4. 5MP Depth Camera က 3.2MP စွမ်းဆောင်ရည်ထွက်ခြင်းသည် တိကျသေချာကောင်းမွန်တဲ့ ပုံကောင်းတစ်ပုံထွက်ရှိလာစေရန်ရည်ရွယ်ပါသည်။

5. မျက်နှာပြင်အရွယ်အစားကို ထောင့်ဖြတ်တိုင်းမည် ဆိုပါက ထောင့်မှန်စတုဂံအတိုင်းတိုင်းလျှင် 6.53 လက်မရှိမှာဖြစ်ပြီး၊ ထောင့်အဝိုင်းလေးအတိုင်းတိုင်းပါက 6.34 လက်မရှိမှာ ဖြစ်ပါသည်။

6. Legal: Google is a trademark of Google LLC.

အကန့်အသတ်တွေမရှိတဲ့
Ultra FullView™

Ultra FullView™ Display ကို Screen-to-body ratio 90.95 %၊ 6.53 လက်မ မျက်နှာပြင်နဲ့ 1080 x 2340 resolution ဆိုတဲ့ အချက်အလက်တွေက ထပ်မံထောက်ပံ့ပေးထားကြပါတယ်။ ဒါ့အပြင် fifth-generation Corning Gorilla Glass ဟာ ထင်ရှားပြတ်သားပြီး သဘာဝဆန်တဲ့ ခံစားမှုတွေကို ပေးစွမ်းဦးမှာဖြစ်သလို Game ကစားခြင်းနဲ့ Video ကြည့်ခြင်းတွေအတွက် ပိုမိုစွဲမက် ရင်ခုန်စရာဖြစ်စေမှာပါ။

  • Screen resolution
  • Fifth-generation Glass

ကန့်သတ်မှုတွေမရှိတဲ့ Style

V15 ဟာ ခေတ်မီဆန်းပြားတဲ့ အရောင်ပြေးပုံစံပါဝင်လာပြီး ရောင်စဉ်ဖြာလှိုင်း ဂယက်ဒီဇိုင်းကိုမှ အပြာ/အနက် အရောင်နဲ့အတူ နန်းဆန်တဲ့ အနက်/အနီ အငွေ့အသက်လေး ရောပေးထားပါတယ်။ ဒီလိုခပ်ရဲရဲပေါင်းစပ်မှုဟာ ငြိမ့်ညောင်းခြင်းဆိုတဲ့ ခံစားချက်တစ်ရပ်ကို ပေးစွမ်းသလို 3D Curves ကြောင့်လဲ လက်ထဲမှာကိုင်ထားရတာက သက်သောင့်သက်သာရှိနေမှာပါ။ V15 ဟာ လှပတင့်တယ်မှုတွေနဲ့အတူ အဆင့်အတန်းမြင့် စမတ်ဖုန်းတစ်လုံးရဲ့ ဒီဇိုင်းကို ပုံဖော်နေတယ်ဆိုတာ အသေအချာပါပဲ။

အများကြီး မျှော်လင့်လိုက်ပါ

ခလုတ်လေးတစ်ချက် နှိပ်လိုက်ရုံနဲ့ မြင့်တက်ပွင့်ထွက်လာမယ့် အရှေ့ကင်မရာကြောင့် Selfie ရိုက်ဖို့ အဆင်သင့်ဖြစ်စေမှာပါ။ ဖုန်းကွယ်ထားတဲ့ မော်တာလေးဟာ သင့်ရဲ့စေခိုင်းမှုနဲ့အတူ အရှေ့ကင်မရာကို မြင့်တက်လာစေဖို့ လက်တွေ့လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ Pressure Test နဲ့ Drop Test အကြိမ်ရေများစွာ ပြုလုပ်ပြီးနောက် ရရှိလာတဲ့ ရလဒ်အရတော့ သူ့ရဲ့ကြာရှည်ခံနိုင်မှုနဲ့ စွမ်းဆောင်ရည်တွေဟာ သင့်ကို စိတ်အေးစေနိုင်မယ်ဆိုတာ သေချာပါတယ်။

32MP Selfies ပိုမိုကြည်လင်ပြတ်သားမှုအတွက်

32 Million Pixel ပါဝင်တဲ့ အရှေ့ကင်မရာဟာ ပိုမိုလှပပြီး ကြည်လင်တဲ့ သင်မျက်နှာလေးကို ဖမ်းယူပေးဦးမှာပါ။ စွမ်းဆောင်ရည်ပြည့်ဝပြီး၊ အသုံးပြုရလွယ်ကူတဲ့ AI မျက်နှာအလှပြုပြင်စနစ်ဟာ သင့်မျက်နှာကို သွယ်လျအောင် ကူညီပေးမှာဖြစ်သလို၊ အသားအရည်ကိုလည်း ပိုမိုချောမွေ့အောင် လုပ်ဆောင်ပေးမှာဖြစ်ပြီး Portrait Lighting Effects တွေကြောင့်လည်း အနုပညာမြောက်တဲ့ ပုံဖော်မှုတွေကို ဖြည့်စွက်ပေးဦးမှာပါ။ ဓာတ်ပုံရိုက်ပြီးမှ ထပ်ပြီးပြင်ဆင်ပြုပြင်ဖို့တွေ ဘာလို့လိုဦးမှာလဲ? ပြီးပြည့်စုံတဲ့ Selfie တွေဟာ ခလုတ်တစ်ချက်နှိပ်လိုက်ရုံပါပဲ။

AI Triple Camera: Pro တစ်ယောက်လို ဓာတ်ပုံရိုက်ပါ။

V15 ရဲ့ အဓိကကင်မရာမှာ 24 million photosensitive unit တွေ တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် 1/2.8-inch sensor ကို f/1.78 aperture၊ 1.28um×1.28um pixels၊ Dual Pixel Focusing တွေနဲ့ ပေါင်းစပ်ပေးထားတာကြောင့် ထွက်ပေါ်လာတဲ့ ရလဒ်ဟာ အထူးရှင်းလင်း ကြည်တောက်နေမှာ အမှန်ပါပဲ။ ထပ်ဆင့်ပြီးတော့မှ 8MP AI အထူးမြင်ကွင်းကျယ်ကင်မရာနဲ့ 5MP Depth Camera တို့ရဲ့ အထောက်အပံ့ကြောင့်လည်း ရင်ခုန်စရာ အခိုက်အတန့်လေးတွေကို လှလှပပ မှတ်တမ်းတင်ထားနိုင်ပါပြီ။

  • 1.28um

    Pixels
  • 1/2.8-inch

    Sensor
  • f/1.78

    Aperture
  • 24 Million

    Photosensitive Units

AI အထူးမြင်ကွင်းကျယ်ကင်မရာ
ကျယ်ပြန့်သောမြင်ကွင်း

8MP AI အထူးမြင်ကွင်းကျယ်ကင်မရာဟာ သင့်ရဲ့မြင်ကွင်းတွေကို 120 degree အထိ ပိုမိုကျယ်ပြန့်သွားစေမှာပါ။ ဒါ့ကြောင့် သင့်ရဲ့ ရိုက်ချက်တွေထဲမှာ လူတွေပိုဆန့်လာမှာဖြစ်သလို၊ ရှုခင်းအလှအပတွေကိုလည်း ပိုမိုမှတ်တမ်းတင်နိုင်မှာဖြစ်ပြီး၊ ရင်သပ်ရှုမောဖွယ် ကမ္ဘာကြီးကို ပိုကျယ်တဲ့ ရှုထောင့်ကနေ ခံစားရတော့မှာပါ။

*AI အထူးမြင်ကွင်းကျယ်ကင်မရာဟာ Distortion ကိုထည့်တွက်ပြီးနောက်မှာတော့ 108 degree ဓာတ်ပုံတွေကို​ မှတ်တမ်းတင်နိုင်မှာပါ။
  • AI Super-Wide Angle
  • Super field of vision

AI Body Shaping
သင်တောင့်တတဲ့ ခန္ဓာကိုယ်အချိုးအစား

ဦးခေါင်းကနေ ခြေဖျားအထိ နန်းဆန်ကျော့ရှင်းတဲ့ အသွင်အပြင် ဖြစ်စေဖို့အတွက် တာဝန်ယူပါရစေ။ AI Body Shaping နဲ့အတူ သင့်ခန္ဓာကိုယ်ထက်က ရှုထောင့်အသွယ်သွယ်ရဲ့အလှကို အလိုအလျောက် အကြံပေးပြုပြင်ပေးသလို၊ သင့်စိတ်ကြိုက်ပုံစံကိုလည်း ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။ ခါးကိုသွယ်သွားအောင်၊ ရင်ကြီးအောင်၊ ခြေတံရှည်အောင် စသဖြင့် လိုသလိုပြုပြင်လို့ရပါတယ်။

ပိုမိုပေါ့ပါးသွက်လက်သွားတဲ့ Game အတွေ့အကြုံ

Mobile Game တွေဟာ အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒါ့ကြောင့် Game Mode 5.0 နဲ့အတူ ပိုမိုစိတ်ကျေနပ်အောင်ပြုလုပ်ပေးခဲ့ပါပြီ။ ဂိမ်းလုပ်ဆောင်ချက်စနစ်တွေကို ဦးစားပေးထားမှုကြောင့် e-sports တွေကို Pro တစ်ဦးလို ဆော့ကစားနိုင်ပါလိမ့်မယ်။ ဒါ့အပြင် Dual-Turbo ဆိုတာ ဂိမ်းကစားသူတွေအတွက် လျှပ်စီးလို လျင်မြန်မှုတွေကို ပေးစွမ်းသွားဦးမှာဖြစ်ပြီး ဒီနှစ်ခုစလုံးဟာ ပေါ့ပါးသွက်လက်တဲ့ အတွေ့အကြုံနဲ့အတူ frame-drop ဖြစ်မှုကို 300% အထိ လျှော့ချပေးမှာဖြစ်လို့ ကျေနပ်ရင်ခုန်စရာကောင်းတဲ့ Gaming အတွေ့အကြုံဟာ သင့်အတွက်ဖြစ်သွားပါပြီ။

အမြန်အားသွင်းစနစ်

4000mAh Battery နဲ့အတူ vivo ရဲ့ Dual-Engine အမြန်အားသွင်းစနစ်ဟာ အရင်ကထက်ပိုမိုမြန်ဆန်စွာ အားပြည့်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင်သူဟာ လုံခြုံမှုလည်းရှိပြီး မတူညီတဲ့ လုံခြုံရေးနည်းပညာ ၉ ခုက သူ့ရဲ့ Battery နဲ့ အားသွင်းစနစ် နှစ်ခုစလုံးကို ကာကွယ်ပေးထားပါတယ်။

Smart Button

အသိဥာဏ်ရှိတဲ့ စွမ်းအားတွေနဲ့အတူ အသစ်ပါဝင်လာတဲ့ Smart Button ကို V15 ရဲ့ ဘယ်ဘက်မှာ တပ်ဆင်ထားပါတယ်။ တစ်ချက်နှိပ်ရင် Google Assistant ပွင့်သွားမှာဖြစ်ပြီး၊ နှစ်ချက်ဆက်တိုက်နှိပ်ရင်တော့ Jovi Image Recognizer က ပွင့်လာမှာပါ။ လွယ်ကူပြီး၊ လျင်မြန်ပါတယ်။

The Google Assistant

V15 မှာဆိုရင် သူ့ရဲ့ကိုယ်ပိုင် Voice Command လုပ်ဆောင်ချက်တွေ ထပ်မံပါဝင်လာပါတယ်။ AI Face Beauty ဖွင့်ချင်တာမျိုး၊ Phone Memory ကို ရှင်းလင်းချင်တာမျိုး (သို့မဟုတ်) Album ထဲက အစားအသောက်ဓာတ်ပုံတွေ ရှာချင်တာမျိုးကို လျင်လျင်မြန်မြန်ပဲ လုပ်ဆောင်နိုင်မှာပါ။ Command လေးတစ်ချက် ပေးလိုက်ရုံပါပဲ၊ V15 ဟာ သင့်လိုအပ်ချက် မှန်သမျှကို ချက်ခြင်းဖြည့်ဆည်းပေးဖို့ အသင့်ပါပဲ။

Jovi Image
Recognizer

Jovi Image Recognizer ဟာ ထုတ်ကုန်ပမာဏ ဘီလီယံဝက်လောက်ရှိတဲ့ ခေတ်ပေါ် e-commerce platforms တွေထဲသို့ ဝင်ရောက်ရှာဖွေနိုင်သလို သင်လိုအပ်တဲ့ ထုတ်ကုန်ကိုလည်း ပြပေးမှာဖြစ်လို့ ကျေနပ်စရာကောင်းတဲ့ AI Shopping အတွေ့အကြုံကို ရရှိမှာပါ။

Smart Panel

သင်ဟာ ဘယ် App ကိုသုံးနေလည်းဆိုတာက ပြဿနာ မဟုတ်ပါဘူး။ Smart Panel ဟာ ထိပ်မှာအမြဲရှိနေမှာဖြစ်ပြီး သင်အသုံးပြုနေကျ apps တွေကို ညွှန်းပေးနေမှာပါ။ သတ်မှတ်ပေးထားတဲ့ App ဥပမာ WhatsApp လိုမျိုးဟာ picture-in-picture မျက်နှာပြင်မှာ ပေါ်နေမှာဖြစ်ပြီး သူငယ်ချင်းတွေ၊ မိသားစုတွေကို မြန်မြန်ဆန်ဆန် Reply လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Shortcut Tools များစွာဟာလည်း သင့်နေ့စဉ်လူနေမှုဘဝကို ပိုမိုသက်သောင့်သက်သာ ရှိနေစေတော့မှာ ဖြစ်ပါတယ်။

Video Editor

သင့်ရဲ့ Video တွေကို ပြုပြင်ဖို့အတွက် Album ထဲဝင်လိုက်ပါ။ အပိုင်းတွေဖြတ်မယ်၊ စာထည့်မယ်၊ နောက်ခံသီချင်းတွေထည့်မယ်၊ Filter တွေပေါင်းမယ် စသဖြင့် သင်လိုသလို ပြုပြင်ဖန်တီးနိုင်ပါတယ်။ သင့်ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေးလေးအလား တွေးကြည့်လိုက်ပါ။ သင့်အတွက် ပျော်စရာကောင်းပြီး လူကြိုက်များတဲ့ Video တွေ ရရှိဖန်တီးနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။