32MP Front Camera
အကြည်လင် အပြတ်သားဆုံး သင့်ပုံရိပ်

32MP အရှေ့ကင်မရာနဲ့ အလန်းဆုံး ဓာတ်ပုံတွေ ရိုက်ယူလိုက်ပါ။ တောက်ပလွန်းတဲ့ အသေးစိတ်ကျမှုတွေက သင့်ကို အချိန်တိုင်း အံ့သြမှုတွေနဲ့ အကြည်လင်ဆုံး ပုံရိပ်တွေ ပေးစွမ်းနိုင်မှာပါ။

Super Wide-Angle Selfie Camera
105 ဒီဂရီအထိ ချဲ့ထွင်ရိုက်ကူးလိုက်ပါ

အခုချိန်က Selfie ရှုထောင့်အသစ်နဲ့ ရိုက်ကူးရမယ့် အချိန်ကို ပြောင်းလဲလာပါပြီ။ V17 Pro ရဲ့ Dual Front Camera မှာ ပါရှိတဲ့ Wide-Angle Cameras က selfie တစ်ပုံချင်းစီကို ၁၀၅ ဒီဂရီအထိ ချဲ့ပေးနိုင်ပါတယ်။ သင့်ရဲ့ Selfie တစ်ပုံချင်းစီကို သူငယ်ချင်း၊ လှပတဲ့ ရှုခင်းတွေ၊ ပျော်စရာတွေနဲ့ ဆန်းသစ်လှပတဲ့ ပုံရိပ်တွေဖြစ်အောင် ဖန်တီးလိုက်ပါ။

Super Night Selfie (selfie soft light)
ညဘက်မှာ အစွမ်းကုန် တောက်ပလိုက်ပါ။

ဘယ်သူကများ ညကိုမှောင်မိုက်တယ်လို့ ပြောလိုက်ပါလိမ့်။ Night Selfie က frames တွေ ပေါင်းစပ်ပြီး ဓာတ်ပုံတွေရဲ့ အလင်းကို အကောင်းဆုံးနဲ့ အတောက်ပဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ Selfie soft light က ညအမှောင်ကို ထွန်းလင်းပေးပြီး အမှောင်ထုကို ဖြိုခွင်းကာ သင့်ရဲ့အလှကို ပိုမို တောက်ပနေစေပါလိမ့်မယ်။

48MP AI Quad Camera
သတ်မှတ်ချက်တွေကို ကျော်လွန်ပြီး မြင်ကွင်းတွေကို ရိုက်ယူလိုက်ပါ

အဝေးဆုံးမြင်ကွင်းကနေ ပန်းပွင့်လေးတွေရဲ့ သွေးကြောလေးတွေအထိ၊ ကြည်လင်တဲ့ ညကောင်းကင်ကနေ စည်ကားနေတဲ့ မြို့လယ်ခေါင်လမ်းတွေအထိ အသေးစိတ် ပုံဖော်မှုတွေအတွက် 48MP AI Quad Camera နဲ့ ရိုက်ကူးလိုက်ပါ။ အကြည်လင်ဆုံး အဓိက ကင်မရာ (super-clear main camera) ကို telephoto, macro နဲ့ wide-angle lens တို့က ထောက်ပံ့ပေးထားပြီး AI algorithms ကလည်း ဖြစ်နိုင်ချေ အသစ်သစ်တွေကို ယူဆောင်လာခဲ့ပါပြီ။ ကမ္ဘာကြီးက ကယ်လီဒိုစကုပ်တစ်ခုဆိုရင် အခု ကမ္ဘာကြီးရဲ့ အလှအပ တစ်ခုချင်းစီကို ရိုက်ကူးနိုင်ပြီပေါ့။

  • 8 MP

    Wide Angle
  • 48 MP

    HD Clarity
  • 2 MP

    Bokeh
  • 13 MP

    Optical Zoom

48MP Main Camera
တစ်ခုချင်းစီရဲ့ အသေးစိတ်

အနောက်ကင်မရာမှာ ပါဝင်တဲ့ 48MP ပင်မကင်မရာက 1/2” အရွယ်အစား၊ 0.8μm pixels နဲ့ large F/1.8 အလင်းဝင်ပေါက် ရှိတဲ့ Sony IMX582 ဆင်ဆာကို တပ်ဆင်ထားပါတယ်။ Pro ဆန်တဲ့ ဖန်တီးမှုတွေက Pro ဆန်တဲ့ ရလဒ်ကို ယူဆောင်ပေးမှာပါ။ ပုံရိပ်တိုင်းရဲ့ တိကျမှုက ကမ္ဘာကြီးရဲ့ အလှအပတွေနဲ့ ဘဝရဲ့ ပြီးပြည့်စုံတဲ့ အချိန်တွေကို ဖော်ဆောင်နိုင်မှာပါ။

Optical Zoom
ကမ္ဘာကြီးကို သင့်ဆီ ယူဆောင်လာပါပြီ

အကွာအဝေးတွေကို ငြင်းဆန်ပြီး အဝေးဆုံးက ရှုခင်းတွေကို ခံစားကြည့်လိုက်ပါ။ 13MP telephoto ကင်မရာက အရာဝတ္ထုတွေကို ချဲ့ယူကြည့်ရှုနိုင်ဖို့ 2x optical နဲ့ 10x digital ဆိုပြီး ရွေးချယ်စရာ zoom ၂ မျိုး ပေးထားပါတယ်။ အခုဆိုရင် ခမ်းနားလှပတဲ့ မြင်ကွင်းတွေအတွက် အကွာအဝေးတွေက မတားဆီးထားနိုင်တော့ပါဘူး။

Super Night Mode
ညကို အမိအရ ဖမ်းဆုပ်လိုက်ပါ

ကျွန်တော်တို့ရဲ့ Super Night Mode အသစ်နဲ့ဆိုရင် ရှုထောင့်အမျိုးမျိုးကနေပြီး မြင်ကွင်းအမျိုးမျိုးကို အတောက်ပဆုံး အလင်းရောင်နဲ့ ကြည်လင်ပြတ်သားဆုံးဖြစ်အောင် ရိုက်ယူနိုင်မှာပါ။ သင့်ရဲ့ နေ့အချိန် ကျော်လွန်လို့ နေဝင်သွားရင်တောင် ညအမှောင်မှာ အလှတရားက ဆက်လက်တည်ရှိနေမှာပါ။

Super Wide-Angle Camera
သင့်ရဲ့ အတွေးအမြင်တွေကို ချဲ့ထွင်လိုက်ပါ

သင့်ရဲ့ အုပ်စုဓာတ်ပုံတွေမှာ ပါဝင်တဲ့ အပြုံးတစ်ခုချင်းစီ အပါအဝင် သဘာဝ ရှုခင်းတွေရဲ့ မြင်ကွင်းကို အကျယ်ပြန့်ဆုံး ချဲ့ထွင်လိုက်ပါ။ ကျွန်တော်တို့ရဲ့ Super Wide-Angle Camera နဲ့ဆို သင့်ရဲ့ မပါမဖြစ် မြင်ကွင်းတွေကို မပါလာတော့မှာ စိုးရိမ်စရာ မလိုတော့ပါဘူး။

Super Macro
ကမ္ဘာကြီးကို အနီးကပ် ရှုစားလိုက်ပါ

ကမ္ဘာကြီးက အခုဆိုရင် သေးငယ်ပြီး သင့်လက်ထဲကို ရောက်ရှိလာပါပြီ။ 2.5 စင်တီမီတာက အနီးကပ်ရိုက်ကူးပြီး ကြည်လင်ပြတ်သားမှု အသေးစိတ်ကို ခံစားကြည့်လိုက်ပါ။ အခြားလူတွေ ကြည့်ရုံနဲ့ မမြင်နိုင်တဲ့ အရာတွေကို ဖယ်ရှားပြီး ကြည့်ရှုလိုက်ပါ။

အဆင့်မြင့် ဒီဇိုင်း
အနုစိတ် ဖန်သားလက်ရာ

Crystal Sky (အဖြူ) က အရမ်း နူးညံ့သိမ်မွေ့သလို Crystal Black (အနက်) ကလည်း အရမ်းကို လှပတင့်တယ်လွန်းပါတယ်။ vivo V17 Pro အထင်ရှား အကျော်ကြားဆုံးနေရာတွေက စိတ်ကူးပုံဖော် ဖန်တီးထားတာ ဖြစ်ပါတယ်။ သူက ဝင့်ကြွားတယ်။ ဒါပေမယ့် အဆင့်မြင့်တယ်။ လှပတယ်။ ဒါပေမယ့် ကြာရှည်ခံတယ်။ ချောမွတ်တယ်။ ဒါပေမယ့် နည်းပညာပိုင်း စနစ်ကျတယ်။ Corning Glass 6 က ပွန်းပဲ့မှုဒဏ်က ကာကွယ်နိုင်ဖို့အတွက် ခံနိုင်ရည်အား အရမ်းကောင်းပါတယ်။ V17 Pro ကို သင့် အပေါင်းအသင်းတွေကြားထဲ ယူဆောင်သွားပြီး လှပခြင်းများစွာနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လိုက်ပါ။

Ultra FullView™ Display
သတ်မှတ်ချက်တွေကို ကျော်လွန်ပြီး ကြည့်ရှုလိုက်ပါ

6.44 လက်မရှိတဲ့ မျက်နှာပြင်အပြည့် Ultra FullView™ က ဘောင်နံရံတွေကို ကျော်လွန်ပြီး မြင်ကွင်းကို ရှင်းလင်းပြတ်သားစွာ မြင်ရစေမှာ ဖြစ်ပါတယ်။ earpiece, အလင်းနဲ့ အနီးကပ်ဆင်ဆာ တို့ကို သေသပ်လှပစွာ တပ်ဆင်ထားပြီး ဘေးဘောင် 1.85mm၊ အောက်ဘက်ဘောင် 3.51mm က screen-to-body ratio 91.65% အထိ ရရှိစေနိုင်ပါတယ်။ ပတ်လည်ထောင့်တွေကို 6.5mm နဲ့ ဖန်တီးထားပြီး V17 Pro က ပြီးပြည့်စုံတဲ့ မြင်ကွင်းရရှိဖို့ အနုစိတ်ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

မျက်နှာပြင်အောက် လက်ဗွေစနစ်
မြန်ဆန်တဲ့ လက်ဗွေစနစ်၊ မြင့်မားတဲ့ လုံခြုံရေးစနစ်

vivo ကနေ စတင်ထုတ်လုပ်ခဲ့တဲ့ မျက်နှာပြင်အောက် လက်ဗွေစနစ် နည်းပညာကို အခု ထပ်မံ အဆင့်မြှင့်တင်လိုက်ပါပြီ။ ပိုမို မြင့်မားတဲ့ Fingerprint pixel သိပ်သည်းဆနဲ့ အကြိမ်ကြိမ် စမ်းသပ်စစ်ဆေးမှုတွေက ပိုမိုလုံခြုံစိတ်ချရပြီး စတိုင်ကျလှပမြန်ဆန်တဲ့ Unlocking အတွေ့အကြုံကို ရရှိစေမှာပါ။

New Super AMOLED Display
အမြင်ကို ဖမ်းစားစေနိုင်မှု

V17 Pro ကို သီးသန့် တီထွင်ထားတဲ့ 6.44 လက်မရှိ Super AMOLED Display နဲ့ ပြုလုပ်ထားပြီး aspect ratio 20:9 ရှိပါတယ်။
နောက်ဆုံးပေါ် E3 OLED က 100% DCI-P3 အရောင်ကို ပေးစွမ်းနိုင်မှုကြောင့် အတောက်ပဆုံးနဲ့ အစစ်မှန်ဆုံး အရောင်ကို သင့်ဘဝထဲကို ယူဆောင်လာမှာပါ။
V17 Pro မှာ ပါတဲ့ E2 OLED က သင့်ရဲ့ မျက်လုံး ပျက်စီးစေနိုင်မှုကို ကာကွယ်ပေးနိုင်ပြီး အပြာရောင် အလင်းကို 42% စစ်ထုတ်နိုင်တဲ့အပြင် TUV Rhineland အသိအမှတ်ပြုလက်မှတ်ကိုလည်း ရရှိထားခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Low Brightness Anti-Flicking နည်းပညာ ထည့်သွင်းထားတဲ့အတွက် ညအမှောင်မှာ ဖုန်းအသုံးပြုမှုကြောင့် မျက်လုံးပျက်စီးခြင်း ဖြစ်ပေါ်စေမှုကိုလည်း ကာကွယ်ပေးပါတယ်။

Super AMOLED E3 OLED

Other display

Elevating Camera
စက်ကိရိယာတစ်ခုရဲ့ အနုပညာ

vivo ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ မြင့်တက်ပွင့်ထွက်လာတဲ့ ကင်မရာကို အခုထပ်ပြီး မြှင့်တင်လိုက်ပါပြီ။ ဒီတစ်ခေါက်မှာတော့ အဆင့်မြင့် အရှေ့ကင်မရာ နှစ်လုံး၊ earpiece နဲ့ Selfie Softlight ကို ထိပ်ဘောင်လေးမှာ တပ်ဆင်ထားပါတယ်။ ယူနစ်တစ်ခုလုံးက အနုပညာလက်ရာမြောက် မြင့်တက်ပွင့်ထွက်လာတဲ့ စနစ်အသစ်နဲ့ သတ္ထုစပ် ဒီဇိုင်းဖြစ်အောင် ဖန်တီးထားပါတယ်။
အသုံးပြုသူတွေရဲ့ လက်ထဲ ယုံကြည်ရဆုံးနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေပဲ ပို့ဆောင်ပေးနိုင်ဖို့ သုသေသနပညာရှင်များကလည်း နေ့၊ ည အထပ်ထပ် စစ်ဆေးမှုတွေ ပြုလုပ်ထားပါတယ်။ သုသေသနက စစ်ဆေးပြီးတဲ့ အချိန်မှာလည်း vivo ရဲ့ မြင့်တက်ပွင့်ထွက်လာတဲ့ ကင်မရာကို အသုံးပြုသူတွေက စမ်းသပ်အသုံးပြုမှုတွေ ပြုလုပ်ပြီး အတည်ပြုခဲ့ကြပါတယ်။ အခုတော့ လှပဆန်းသစ်တဲ့ ဖုန်းတစ်လုံးကို ယူဆောင်နိုင်ခဲ့ပါပြီ။

အကောင်းဆုံး ဆိုတာထက် အကောင်းဆုံး လုပ်ဆောင်ရည်

A Qualcomm Snapdragon 675 AIE processor လုပ်ဆောင်ရည် အကောင်းဆုံးနဲ့ ထိရောက်တဲ့ စွမ်းအား ၂ မျိုးလုံးကို ပေးစွမ်းနိုင်ပါတယ်။ 8GB RAM နဲ့ 128GB ROM က ဖုန်းသုံးစွဲနေစဉ် အချိန်တိုင်းမှာ အချောမွေ့ဆုံး ဖြစ်အောင် လုပ်ဆောင်ပေးမှာပါ။

  • Qualcomm snapdragon
  • RAM
  • ROM

အားအမြန်သွင်းစနစ်နဲ့ 4100mAh Battery

V17 Pro မှာ 4100mAh ဘက်ထရီပါဝင်လာပြီး အားပြန်သွင်းချိန်မှာ vivo ရဲ့ သီးသန့် နည်းပညာဖြစ်တဲ့ အားအမြန်သွင်းစနစ်ကို ထည့်သွင်းထားတဲ့အတွက် ဖုန်းအားကို အမြန်ဆုံး ပြည့်စေမှာပါ။

အချောမွေ့ဆုံး Gaming

အကောင်းဆုံး Game Mode, အမိုက်ဆုံး Game အတွေ့အကြုံ
vivo ရဲ့ Multi-Turbo မြှင့်တင်တဲ့ နည်းပညာက OS ရဲ့ အောက်ဆုံးအလွှာအထိ ရောက်အောင် ပြုလုပ်ထားတဲ့အတွက် အမိုက်ဆုံး game လုပ်ဆောင်ချက်ကို ရရှိစေမှာ ဖြစ်ပါတယ်။
Multi-Turbo ဆိုတာ AI Turbo, Center Turbo, Game Turbo, Net Turbo နဲ့ Cooling Turbo တို့ကို ပေါင်းစပ်ပြုလုပ်ထားတဲ့အတွက် အောက်အလွှာရဲ့ လုပ်နိုင်စွမ်းရည်ကို တိုးမြှင့်ပေးပြီး V17 Pro ရဲ့ တုံ့ပြန်မှုစနစ်တွေကို အမြန်ဆုံးနဲ့ လုပ်ဆောင်ချက်ကို ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ Cold start speed ကို 25% တိုးမြှင့်ထားပြီး warm start speed ကို 9% တိုးမြှင့်ပေးထားတဲ့အတွက် V17 Pro က သင့်ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို မျက်တောင်တစ်ဖြတ်အတွင်းမှာ အထစ်အငေါ့မရှိ အားလုံး လုပ်ဆောင်ပေးနိုင်မယ်ဆိုတာ သေချာနေပါပြီ။

Funtouch OS 9.1 အသစ်
အချောမွေ့ဆုံး လုပ်ဆောင်ချက်

Android 9 မှာ အခြေခံထားတဲ့ နောက်ဆုံးပေါ် Funtouch OS 9.1 က အရင်ထက် သာလွန်ကောင်းမွန်ပြီး မြင့်မားတဲ့ နည်းပညာနဲ့ အဆင့်မြင့် ခံစားချက်ကို ခံစားနိုင်စေဖို့ ပြန်လည် ပြင်ဆင်ထားတဲ့ GUI နဲ့ လုပ်ဆောင်ထားပါတယ်။ V17 Pro မှာ Qualcomm 675AIE ကို အသုံးပြုထားပြီး ဒေတာ အများကြီးဆံ့နိုင်ဖို့ အထူးကြီးမားတဲ့ memory ကို ထည့်သွင်းပေးထားပါတယ်။ Dark Mode လို အချို့ လုပ်ဆောင်ချက်တွေမှာ ရရှိမယ့် ချောမွေ့လွန်းတဲ့ လုပ်ဆောင်ချက်တွေက သင့်ကို အကြိုက်တွေ့စေမှာ အမှန်ပါပဲ။

မှတ်ချက်:

1. Screen size မှာ ထောင့်ဖြတ် တိုင်းတာထားခြင်း ဖြစ်သည့်အတွက် ထောင့်မှန်အပြည့်မှာ 6.44 လက်မဖြစ်ပြီး ထောင့်ချိုးအကွေးများ ထည့်သွင်းတိုင်းတာပါက 6.22 လက်မရှိသည်။

2. V17 Pro တွင် ပါရှိသော 4100mAh ဘက်ထရီသည် ပုံမှန် ဘက်ထရီပမာဏ ဖြစ်သည်။

3. ယခု ပါဝင်သော ပုံသည် ကိုးကားရန်အတွက်သာ ဖြစ်ပြီး display screen ပေါ်တွင် ပြထားသည့် ဓာတ်ပုံသည် ပုံဖော်ပြသရန် ရည်ရွယ်၍ ကိုယ်တိုင် တီထွင်ထားသည့် ဓာတ်ပုံ ဖြစ်ပါသည်။ စံထားရှိထားသည့် ပြင်ပဓာတ်ပုံများကို ရယူနိုင်ပါသည်။ ယခု စာမျက်နှာတွင် ပြသထားသည့် နှိုင်းယှဉ်ထားသော အချက်အလက်များသည် vivo ထုတ်ကုန်များကိုသာ ရည်ညွှန်းပါသည်။

4. ယခု ဖော်ပြထားသည့် အချက်အလက်အားလုံးသည် ဒီဇိုင်းပညာရှင် တိုင်းတာသူများ၊ သုသေသန စမ်းသပ်စစ်ဆေးချက် ရလဒ်များနှင့် supplier များ စမ်းသပ်စစ်ဆေးထားသည့် အချက်အလက်များကို အခြေခံပြီး ဖော်ပြထားခြင်း ဖြစ်ပါသည်။ လက်တွေ့ စွမ်းဆောင်ရည်သည် software version ၊ specific test environment နှင့် phone model များအပေါ် မူတည်ပြီး ကွဲလွဲသွားနိုင်ပါသည်။

5. ဖုန်း screen များကို ကပ်ထားသည့် ဖုန်း မှန်ကပ်ပြားများသည် လက်ဗွေရာစနစ်ကို အနည်းငယ် သက်ရောက်မှု ရှိနိုင်ပါသည်။ ထို့ကြောင့် vivo မှ လက်ဗွေရာစနစ် အဆင်ပြေစေရန် သီးသန့်ထုတ်လုပ်ထားသည့် ဖုန်းမှန်ကပ်ပြားများကို အသုံးပြုရန် အကြုံပြုပါသည်။

6. ယခု စာမျက်နှာတွင် ဖော်ပြထားသည့် google အမှတ်အသားများသည် google မှ ပိုင်ဆိုင်ခြင်း ဖြစ်ပါသည်။

7. specifications များနှင့် ဖော်ပြချက်များသည် vivo မှ ပိုမိုကောင်းမွန်စေရန် အချိန်မရွေး ပြန်လည် ပြင်ဆင်နိုင်မည်ဖြစ်ပြီး အဆိုပါ ပြန်လည်ပြင်ဆင်ချက်များကို ကြိုတင်အသိပေး အကြောင်းကြားခြင်း မပြုလုပ်ပါ။

ဆရာကျလွန်းတဲ့ ကိုယ်ဟန်: သင်ကိုယ့်သင် မတူကွဲပြားလိုက်ပါ။

နောက်ခံ အမျိုးမျိုးနဲ့ ကိုက်ညီတဲ့ သဘာဝဆန်ဆန် လန်းဆန်းတဲ့ ကိုယ်ဟန်အနေအထားအတွက် အကြံပြုပေးနိုင်ပါတယ်။ in-frame မှာ ပါရှိတဲ့ box လေးက ဖတ်ပြီး လူအများနဲ့ မတူ ကွဲထွက်တဲ့ သင်နဲ့ အလိုက်ဖက်ဆုံး pose (ကိုယ်ဟန်အနေအထား) ကို ညွှန်ပြပေးမှာပါ။ မလှပတဲ့ ဓာတ်ပုံတွေကို တာ့တာ ပြပြီး ယုံကြည်မှုကို မြှင့်တင်လိုက်ပါ။

AI Makeup
အသင့် ပြောင်းလဲအလှဆင်ပေးခြင်း

ထပ်ခါထပ်ခါ ဓာတ်ပုံတွေ ပြင်ဆင်နေရတဲ့ အခက်အခဲကို AI ကို အသုံးပြုပြီး စွန့်လွှတ်လိုက်ကြရအောင်။ မူးမေ့သွားအောင် လှပလွန်းတဲ့ make-up schemes တွေနဲ့ စမတ်ကျကျ ကိုယ့်ကိုကိုယ် ခြယ်သလိုက်ရအောင်။

N.O.O (VN)

Show the world you’re a superstar. Crafted with vivo’s ambassador N.O.O, exclusive filters with superstar styling are provided just for you. Add some glam and join us on the frontier of fashion.

ဆရာကျလွန်းတဲ့ ကိုယ်ဟန်: သင်ကိုယ့်သင် မတူကွဲပြားလိုက်ပါ။

နောက်ခံ အမျိုးမျိုးနဲ့ ကိုက်ညီတဲ့ သဘာဝဆန်ဆန် လန်းဆန်းတဲ့ ကိုယ်ဟန်အနေအထားအတွက် အကြံပြုပေးနိုင်ပါတယ်။ in-frame မှာ ပါရှိတဲ့ box လေးက ဖတ်ပြီး လူအများနဲ့ မတူ ကွဲထွက်တဲ့ သင်နဲ့ အလိုက်ဖက်ဆုံး pose (ကိုယ်ဟန်အနေအထား) ကို ညွှန်ပြပေးမှာပါ။ မလှပတဲ့ ဓာတ်ပုံတွေကို တာ့တာ ပြပြီး ယုံကြည်မှုကို မြှင့်တင်လိုက်ပါ။

AI Makeup
အသင့် ပြောင်းလဲအလှဆင်ပေးခြင်း

ထပ်ခါထပ်ခါ ဓာတ်ပုံတွေ ပြင်ဆင်နေရတဲ့ အခက်အခဲကို AI ကို အသုံးပြုပြီး စွန့်လွှတ်လိုက်ကြရအောင်။ မူးမေ့သွားအောင် လှပလွန်းတဲ့ make-up schemes တွေနဲ့ စမတ်ကျကျ ကိုယ့်ကိုကိုယ် ခြယ်သလိုက်ရအောင်။

N.O.O (VN)

Show the world you’re a superstar. Crafted with vivo’s ambassador N.O.O, exclusive filters with superstar styling are provided just for you. Add some glam and join us on the frontier of fashion.

Light and shadow art
Simplicity but not simple

Classic simple black and white, after not simple deduction, bring light tone white deep black.Dreamlike silky cool touch and gradient blue merge sand ice blue

Game Center

Game Center က သင့်ရဲ့ ဂိမ်းဒေတာတွေကို တစ်နေရာထဲမှာ စုဆောင်းနိုင်ပြီး အမိုက်ဆုံး ဂိမ်းအတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် CPU မှာ အချက်အလက်တွေ၊ ဖုန်း အပူချိန်နဲ့ ဒေတာစုစည်းမှုတွေကိုလည်း လျင်လျင်မြန်မြန် စစ်ဆေးနိုင်ပါတယ်။ Ultra Game Mode လည်း ပါဝင်တော့ ဂိမ်းကစားနေတဲ့အချိန်မှာ ဝင်လာတဲ့ မက်ဆေ့ခ်ျတွေနဲ့ အကြောင်းကြားချက်တွေအားလုံး ပိတ်ထားနိုင်ပြီး ဂိမ်းအနိုင်ရရှိဖို့ကို အာရုံစိုက်နိုင်မှာပါ။

Voice Changer
ဂိမ်းဆော့နေရင်း ပျော်ရွှင်စရာ ပြောင်းလဲမှု

သင့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေကို ဖန်တီးပေးဖို့ ထူးခြားတဲ့ effect တွေက ကူညီပေးမှာပါ။ ဂိမ်းဆော့နေရင်းနဲ့ သင်ကြိုက်နှစ်သက်တဲ့ အသံကို Voice Changer အသုံးပြုပြီး ပြောင်းလဲနိုင်တဲ့အပြင် သင့်ရဲ့ လုံခြုံရေးကိုလည်း ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဂိမ်းဆော့နေရင်း Voice Changer ကို အသုံးပြုပြီး သင့်ရဲ့ သူငယ်ချင်းတွေကို အံ့အားသင့်သွားအောင် ပြုလုပ်ပြီး ပျော်ရွှင်စရာတွေ ဖန်တီးလိုက်ပါ။

ⓒ ANY PUBG MOBILE RELATED COPYRIGHTS, ALL RIGHTS RESERVED BY PUBG CORPORATION AND TENCENT.

Off-screen Autoplay

Lock your screen as you like, safe in the knowledge your games will run nicely in the background, so you can keep on earning game points.