6.35 လက်မ Halo FullView™ Display
6.35 လက်မရှိတဲ့ Halo FullView™ Display နဲ့ ပြုလုပ်ထားတဲ့ Y11 မှာ ဘေးဘောင်တွေကို ကျဉ်းမြောင်းစေဖို့ အသေးစိတ် ပုံဖော်ဖန်တီးထားပါတယ်။ ပြီးပြည့်စုံတဲ့ ဘေးဘောင်အနားတွေကို အတိုင်းအစမရှိ မြင်တွေ့ရမှာ ဖြစ်တဲ့အတွက် flagship-standard ရှိတဲ့ ဖုန်းတစ်လုံးကို ကိုင်ဆောင်ရသလို ခံစားရစေမှာ ဖြစ်ပါတယ်။
ညို့ယူဖမ်းစားနိုင်တဲ့ မျက်လှည့်ဆန်ဆန် အရောင်ပြေး
ကျောက်မျက် အရိုင်းတုံးရဲ့ ရောင်ပြန်ထင်ဟပ်မှုကို ခံစား ပုံဖော်ထားပြီး အဆင့်မြင့် အရောင်ထုတ်လုပ်မှု နည်းပညာနဲ့ အသေးစိတ် ဖန်တီးထားတဲ့အတွက် ဖုန်းနောက်ကျောဘက်ခြမ်းရဲ့ ရှုထောင့်တစ်ခုချင်းစီတိုင်းမှာ ခေတ်မီလှပတဲ့ အရောင်ပြေးကို ခံစားရရှိစေမှာ ဖြစ်ပြီး မှော်ဆန်ဆန် လှပတဲ့ အရောင်ကိုလည်း တွေ့မြင်နိုင်မှာပါ။
AI Dual Camera
Y11 မှာ အရှေ့ကင်မရာ နှစ်လုံး ပါဝင်လာပြီး 13MP Main Camera နဲ့ 2MP Depth Camera တို့ ပါဝင်ပါတယ်။ လှပလွန်းတဲ့ ရှုခင်းပုံတွေကစလို့ လှပတဲ့ portrait ဓာတ်ပုံတွေအထိ အံ့သြမင်သက်ဖွယ် ပုံတွေကို အတိုင်းအဆမရှိ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
AI Face Beauty
သဘာဝဆန်ဆန် selfie
vivo ရဲ့ အရှေ့ကင်မရာ 8MP မှာ ပါဝင်တဲ့ AI Face Beauty အသစ်က တိကျပြတ်သားပြီး သင့်ရဲ့ မျက်နှာအလှတရားတွက် သီးသန့်ပါဝင်တဲ့ နည်းပညာတွေနဲ့ ပိုမို လှပနေစေမှာပါ။ Selfie ပုံတွေဟာ ဘယ်တုန်းကမှ ကြည်လင်ပြတ်သားမှုမှာ အသေးစိတ်ကျကျ မရှိခဲ့ပါဘူး။ မူးမေ့လဲသွားစေတဲ့အထိ ကြည်လင်နေတာမျိုးပေါ့။
Before
After
5000mAh Battery
အဆုံးစွန်အထိ ခံတဲ့ ဘက်ထရီစွမ်းအား
စွမ်းအားမြင့် 5000mAh ဘက်ထရီက vivo ရဲ့ အဆင့်မြင့် စွမ်းအား ထိန်းသိမ်းမှုစနစ်နဲ့ တပ်ဆင်ထားတဲ့အတွက် ဘက်ထရီ ကုန်သွားမှာတော့ စိတ်မပူပါနဲ့။ စိတ်ရှိသလောက် ဖုန်းကို အကြာကြီး အသုံးပြုလိုက်ပါ။
0
Face Access နှင့် လက်ဗွေရာစနစ် Unlocking
Y11 မှာ ဖုန်းကို အလွယ်တကူ ဖွင့်နိုင်ဖို့အတွက် လက်ဗွေရာစနစ် ဆင်ဆာကို တပ်ဆင်ပေးထားပါတယ်။ သင့်ရဲ့ ဖုန်းကို လုံခြုံမှုရှိရှိနဲ့ အချောမွေ့ဆုံး Unlock လုပ်လိုက်ပါ။ ဖုန်းမျက်နှာပြင် ပွင့်လာတဲ့အချိန် Y11 က လူ မျက်နှာပြင်ပုံစံရဲ့ 1024 ရှုထောင့်ကို လျင်လျင်မြန်မြန် ရှာဖွေနိုင်ပြီး တိကျသေချာစွာ တွဲစပ်ပေးနိုင်ပါသည်။ မျက်တောင်လေး တစ်ချက်ခတ်ရုံနဲ့ Unlock လုပ်နိုင်တဲ့အတွက် သင့်မျက်နှာကို အလွယ်တကူ ဖတ်နိုင်တဲ့ အတွေ့အကြုံသစ်ကို ရရှိပိုင်ဆိုင်နိုင်မှာပါ။
အချောမွေ့ဆုံး အတွေ့အကြုံ
Y11 က 12nm octa-core processor နဲ့ 1.95GHz အမြန်နှုန်းရှိပြီး 3GB RAM နဲ့ 32GB သိုလှောင်နိုင်စွမ်း ပါဝင်ပါတယ်။ အထူးပြုလုပ်ထားတဲ့ Android 9 ကို အခြေခံထားတဲ့ vivo ရဲ့ Funtouch OS 9.1 ကလည်း အမြန်နှုန်း မြှင်တင်ပေးပါသေးတယ်။ Y11 နဲ့ ဆိုရင်တော့ အရာရာတိုင်းကို အလွယ်တကူ ဖြေရှင်းနိုင်မှာပါ။
မှတ်ချက်:
- 1. ပိုမို ကောင်းမွန်သည့် ဓာတ်ပုံအရည်အသွေးများနှင့် အသုံးပြုမှု အတွေ့အကြုံအတွက် ပုံများ၏ မတူညီသော pixel နံပါတ်များကို မတူညီသော modes များတွင် ထည့်သွင်းထားရှိမည် ဖြစ်ပါသည်။
- 2. ယခု ပါဝင်သော ပုံသည် ကိုးကားရန်အတွက်သာ ဖြစ်ပြီး display screen ပေါ်တွင် ပြထားသည့် ဓာတ်ပုံသည် ပုံဖော်ပြသရန် ရည်ရွယ်၍ ကိုယ်တိုင် တီထွင်ထားသည့် ဓာတ်ပုံ ဖြစ်ပါသည်။ စံထားရှိထားသည့် ပြင်ပထုတ်ကုန်များကို ရယူနိုင်ပါသည်။ ယခု စာမျက်နှာတွင် ပြသထားသည့် နှိုင်းယှဉ်ထားသော အချက်အလက်များသည် vivo ထုတ်ကုန်များကိုသာ ရည်ညွှန်းပါသည်။
- 3. ယခု ဖော်ပြထားသည့် အချက်အလက်အားလုံးသည် ဒီဇိုင်းပညာရှင် တိုင်းတာသူများ၊ သုသေသန စမ်းသပ်စစ်ဆေးချက် ရလဒ်များနှင့် supplier များ စမ်းသပ်စစ်ဆေးထားသည့် အချက်အလက်များကို အခြေခံပြီး ဖော်ပြထားခြင်းဖြစ်ပါသည်။ လက်တွေ့ စွမ်းဆောင်ရည်သည် software version ၊ specific test environment နှင့် phone model များအပေါ် မူတည်ပြီး ကွဲလွဲသွားနိုင်ပါသည်။
- 4. specifications များနှင့် ဖော်ပြချက်များသည် vivo မှ ပိုမိုကောင်းမွန်စေရန် အချိန်မရွေး ပြန်လည် ပြင်ဆင်နိုင်မည်ဖြစ်ပြီး အဆိုပါ ပြန်လည်ပြင်ဆင်ချက်များကို ကြိုတင်အသိပေး အကြောင်းကြားခြင်း မပြုလုပ်ပါ။
- 5. Screen size မှာ ထောင့်ဖြတ် တိုင်းတာထားခြင်း ဖြစ်သည့်အတွက် ထောင့်မှန်အပြည့်မှာ 6.35 လက်မဖြစ်ပြီး ထောင့်ချိုးအကွေးများ ထည့်သွင်းတိုင်းတာပါက 6.2 လက်မရှိသည်။